Latest Movie :
Recent Movies

အာဖရိကတွင် အမျိုးသား ၁ ဦးကို အမျိုးသမီး ၃ ဦး မုဒိန်းကျင့်

ခေတ်ကြီးက ပြောင်းပြန်ဖြစ်နေပြီနော်.. :D

DVB

တောင်အာဖရိကနိုင်ငံမှာ အသက် ၃၃ နှစ် အမျိုးသားတဦးရဲ့ သုတ်ပိုးကို လိုချင်တဲ့ အတွက် ဖမ်းဆီးပြီး အမျိုးသမီး ၃ ဦးက မုဒိန်းကျင့်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပေါ့အဲလိဇဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကားမောင်းလာတဲ့ အမျိုးသမီးက အမျိုးသားကို လမ်းမေးခဲ့တယ်လို့ အိုင်ဗွီအမ် လိုက်ဖ် သတင်းမှာ ရေးပါတယ်။

လမ်းကြောင်းပြောပြပြီးတဲ့ နောက်မှာ အမျိုးသားကို သေနတ်ပြပြီး တခြား အမျိုးသမီး ၂ ဦးနဲ့ အတူ ကားနောက်ခန်းမှာ ထိုင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အမျိုးသမီးတွေက ဆေးရည်တမျိုးတိုက်ကြွေးပြီး စိတ်ကြွအောင် လုပ်ဆောင်ပြီး အမျိုးသမီး ၃ ဦး မုဒိန်းကျင့် တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဒီနောက် သုတ်ပိုးကို ရယူခဲ့တယ်လို့ အမျိုးသားက ပြောတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒါဟာ အူကြောင်ကြောင် ဖြစ်ရပ်တခု ဖြစ်ပေမယ့် အမျိုးသားတွေ အမျိုးသမီးတွေရဲ့ မုဒိန်းကျင့် တာကိုခံရတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
{[['']]}

uD>&h.bsH;'0J>cd.e. xH.vdm'D; ursX>vX wzd.cH[D.u0DRb.xGJ (MSPP)cDyeH. w> *h>

uD>&h.bsH;'0J>cd.e. xH.vdm'D; ursX>vX wzd.cH[D.u0DRb.xGJ (MSPP)cDyeH. w> *h>
uGJRuvk>
vgrR%S;A3AoD<A 2015
zJA28I2I2015AAeHR<A [gcDA1;00Ae.&H. uD>&h.bsH;'0J>cd.e>xH.vdmo;'D; 'lo0D zdursX> zJ wzd.cHo0DvX w> uwJoud; 'D;CkusJCh.vDR ursX> wz. tw> ymzsg b.xGJ rvh%SgcDyeH.(MSPP) tw>ol.odxl.vX tb. 'db. xH; t0Joh.wz. t'l o0D t*h>M.vDRIA
image

ursX>[JxD.td.0J'.tgM>A115A*R<A[J vXwzd.cH<AbDwedm<A u0J<A zO ysD<AysX.x.<A uD rD jyD.<A'D; wzd. x. vX ttd.zJ vX>rk>vguD>q. tylRM.vDRIA
w> td.zSd. wbsD tHR ch.tJ.,l. uD>&h.cd.e> wz. uwdR'k;e>yX> u'guhR ursX>b.xGJ ch.tJ.,l. tw> td. qX xX. vX w> 'D o'X uhR yySRuvkm tvD>td.vD>qd; wz. 'D; wJe>yX>u'guhR0J'. b.xGJ w> xH.ur. <A w>ym 'h.ym ur.vX yuD>&h.qg vDR uGHm [D.cd.wz.M.vDRIAuD>&h.cd.e>ocloq.xD.vX ursX>wz. u b.Cl vdmzd;vdm'D;ym *H>ymbg ych.tJ.,l. vX w> usJR b. vdm w>*h>uD vX ttd.xD.vDRIA
uD>&h.cd.e> ymzsgvX cDyeH.tHR M> b. w>ysJ vX uD>y'd. 'D;rhrh> y0JuD>&h.ch.tJ.,l. wcD w>[h.w>ysJ td. '. xJ w> ymo;vX urR0J'. A2000AthuX>M.vDRIA
ursX>wz. ymzsg xD. tw> b.,d. vX cDyeH.zJ;vJ>xD.[D. 'D; ub.'db.xH;t[D.cd.uyHm<Au[JwkR ql'l o0D tylR'D; t0Joh.t[D.cd.uyHmvXurRtD. 0Jwtd.vXRb.M.vDRIAw>*h>wcgvXcDyeH. zJ;vJ>xD.[D. cd. M. rh>0J'. u0Jo0D zd w z.[h.vDRvX uzJ;0J cDzsd vX u0J o0D ChxD.0JvXcDyeH.ubSD M>usJ ql to0D ylR'D;t0J oh. [h. vDR[D.cd.M.vDRIA [h. vDR  0J qH; tg wym yeD.0Jb.IAursX>ymzsgvX cDyeH. zJ;wvXuGHmt0Joh. ym y eD. 0J t vD>M. vDRIA
ursX>ymzsg0JvX cDyeH.qJ;rR '.w>rRysD vDR w>vD> <AzJch.tJ.,l. qduwD> tDR0HRtvD>cH'.vJmM.vDRIA
ursX>ChxD.vXch.tJ.,l. uqduwD>cDyeH. tw>rR vDRtgxD.[D.cd.'D; u'Do'X qd M>pXR cDyeH.vX tok wrR vJ>w>vD>w*hRM.vDRIA
uD>&h.cd.e>'D; ursX> vXt[JxD.w>td.zSd.wz.b.o;oud;0JvX=
1IAuD>&h.wcD[h.ul.vX w> u 'Do'X 'lo0Dt*D> yu rReD.rRCg'guhR 'lo0D tqX 'D; 'lo0D zdwz. uym zSd. rR o ud; w> vX w>rR tHRtylR M.vDRI
2IAArhrh> ursX>vX t[D.cd.b. wh>vH vX cDyeH. zJ;vDRtDRwz. Arhwrh> Aol.vDRwh>w>wz. w>uym zSd.CdxHuhR w>*h> w>usdR 'D;usJR b. vdmuhRtDRM.vDRIA
3IA  ursX>vXu0Jo0D tw>[h.vDRcDyeH.[D.cd.vXtzJ;ysD vDRto;M. w> uwJoud; u'guh R'D; u0J o0D zd 'D; CkusJ usJR b.vdmzd;rHuhRtDRM.vDRIA
(MSPP)w>rR tzDcd. ch.tJ.,l. uD>&h.bsH;'0J>wcDxk;xD.vHmqduwD> 0J'. rvh %SgcDyeH.tHR  zJ(17I2I2015) teHRM.vDRIA uD>&h.cd.e>xH.vdm cDyeH. trJ;M. uFX.(CJ)zJA28I2I2015A teHR [g cD 'D; 'k;oh.ng tDR vDRwH> vDR qJ;vX ub.qd uwD> tw> rR ysD vDR w>vD>toD rh>vX w> *h>uD td.xD.tCdM.vDRIA cDyeH.tX.vDR 0J vX uqd u wD> 'D; utd.cd;ue. u'guhR0J w>wJoud; w>qlng tpX vXt[;xD.tzDcd.M.vDRIA
(MSPP)cDyeH.tHR M> b. w>yJs vXuD>y'd.vX uol. odxl.A42200AthuX>M.vDRIA ymzsg0JvX trRysD vDR w> 'D; ol. vDR wh>0J'. odxl.td.0J'.A2174AthuX>M.vDRIA

u 0Ju&X cd. ymzsg0J'.vX t0Joh.CkrRM>uhRw>*h>w>usdRvX bDweDmo0Dzd 36A*R'D; wzd.cHo0DzdA1A*R t[D. cd. b.vX (MSPP)w>ol.w>zs;tvD>vXtzJ;vDR0J<A'D;tol.vDRwh>w>tylRM.vDRIA
{[['']]}
{[['']]}

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေရ သည့် ကလေးငယ် တစ်ဦး

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တွင် ချက်ပြုတ်ရန်
ပြင်ဆင်ခြင်း ခံနေရ သည့် ကလေးငယ် တစ်ဦးကို
အချိန်မီ ကယ်ဆယ်နိုင်ခဲ့
တရုတ်နိုင်ငံ လျောင်းနင် ပြည်နယ် အတွင်းရှိ တန်တုန်း ပြည်နယ် တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေ ရသည့် ကလေး တစ်ဦးကို အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အသက် ၃၅ နှစ် အရွယ် ဆွန် အမည်ရှိ အမျိုးသား တစ်ဦးသည် ယခု သီတင်းပတ် အကုန်တွင် ၄င်း၏ ခယ်မ ဖြစ်သူအား သတ်ဖြတ်၍ သူမ၏ နှစ်လသား အရွယ် ကလေးငယ် ကုန်းကြိုင်ရှန်း ကို ဖခင် ဖြစ် သူ၏ နေအိမ်သို့ ခေါ်ဆောင် သွားပြီး အိုးတစ်လုံး အတွင်းထည့်၍ ချက်ပြုတ်ရန် ပြင်ဆင်နေစဉ်
ကလေးငယ် ၏ ငိုယိုသံကို ဖခင် ဖြစ်သူ ကြားခဲ့ပြီးနောက် ၄င်းကလေးငယ် ကို ကယ်တင် နိုင်ခဲ့ခြင်း ဖြစ် သည်။ ဆွန် သည် ကလေးငယ် ကို အိုးအတွင်း ထည့်သွင်း၍ အိုးအဖုံး အပေါ်သို့ ကျောက်တုံး တစ်တုံး တင်၍ ချက်ပြုတ်ရန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ၊
ယင်း ကလေးငယ် ၏ မိခင်ဖြစ်သူ ရှုရှောင်လီ ကိုလည်း သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံ ပြောကြား ထားပြီး သူမကို မည်သည့် အကြောင်း အရင်းကြောင့် သတ်ဖြတ် ခဲ့ရသည်ကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။
ထို့ပြင် တာဝန်ရှိ သူများက အဆိုပါ ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရှိရသည်။
{[['']]}

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂


ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး
---------------------------------------------------------
တပ်မ တော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ ၉.၅.၁၉၈၉ ရက်နေ့ မှာ၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ။အပစ် အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာဝ ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ် လို့ ဆိုရမည် ဖြစ်ပါသည်။

စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက‘၀’ အထူးဒေသ ကိုယ်စား လှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ‘၀’ ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း တိုင်းရင်း သားလူမျိုး ၁၈ မျိုး နေထိုင် လျက်ရှိပြီး ဧရိယာ စတုရန်း ကီလိုမီတာ တစ်သောင်းခုနှစ် ထောင် ခန့် ကျယ်ဝန်းတဲ့ ဝ တောင်ပိုင်း နဲ့  မြောက် ပိုင်းဒေသ နှစ်ခုကို ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းအဖွဲ့ ဝင် ၂၁ဦး ပါဝင်တဲ့ဗဟို ကော်မတီ တစ်ခုက စီမံခန့် ခွဲ အုပ်ချုပ်နေ ပါတယ်။

အပစ်အခတ် ရပ်စဲစဉ်က ထောင်ဂဏန်း အနည်း ငယ်မျှသာ ရှိခဲ့တဲ့  ၀တပ်ဖွဲ့ ဟာ ယခုအချိန်မှာ မြောက်ပိုင်း ဒေသမှာ တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ရင်း တောင် ပိုင်း ဒေသမှာ တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန့်  နဲ့ ခေတ်မီ လက်နက်များ တပ်ဆင် တည်ဆောက် ထား နိင်ပြီ ဖြစ်ပါတယ်။

တပ်မတော် နဲ့ ဝ တပ်ဖွဲ့ များ အကြား အပစ်အခတ် ရပ်စဲပြီး ကတည်းက ဆက်ဆံ ဆောင်ရွက်ခဲ့တဲ့  ဆက်ဆံရေး သ မိုင်း ကို ပြန်လည် သုံးသပ်ရ မယ်ဆိုရင် -

တပ်မတော် နဲ့ ပူးပေါင်း ဆောင်ရွက် ခဲ့တဲ့ ဖြစ်စဉ် နှစ်ခုနှစ်ဖက် တပ်များ ထိပ်တိုက် ရင်ဆိုင် အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု စုစုပေါင်း ဖြစ်စဉ် ၆ခု ကြုံတွေ့ ခဲ့ရတာကို ပြန်လည် လေ့လာ သုံးသပ် နိုင်ပါတယ် ….

ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

အပစ် အခတ် ရပ်စဲပြီး ကာစ ၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ တောင်ပိုင်း ၀ဒေသက တပ်အချို့  နဲ့ ခွန်ဆာ ရဲ့  MTA တပ် တွေဟာ မူးယစ်ဆေးဝါး နဲ့ နယ်မြေ လု တဲ့ ပြသ နာများ ကြောင့် ဆက်ဆံရေး အတော်တင်းမာ လာပါတယ်ဒီတင်း မာမှုဟာ ၁၉၉၃ ခုနှစ်ဝန်းကျင် MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် SAM Series ဝေဟင် ပစ် ပုခုံးထမ်းဒုံး လက် နက်လို လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက် အများအပြား ပိုင်ဆိုင်လာချိန် ခွန်ဆာ အနေနဲ့  သူ့ ကိုယ်သူ ရှမ်းပြည် ရဲ့ သမ္မ တ အဖြစ် ထကြေငြာပြီး ချိန်မှာ စတင် ပေါက်ကွဲ ပါတယ်။

တိုက်ပွဲစ ဖြစ်ပွားတဲ့ အခါ လူအင်အား လက်နက်အင်အား အဖက်ဖက်က သာလွန်တဲ့  MTA တွေကြောင့် ၀တပ်ဖွဲ့ တွေ အတော် အထိနာ ကုန်ပြီး နောက်ဆုံးမှာ တပ်မတော် အစိုးရကို ဆက်သွယ် အကူအညီ တောင်းခံရ တဲ့ အနေအ ထား ထိ ဆိုက်ရောက်လာ ရပါတယ်။

တပ်မတော် နေရာက ကြည့်ရင် လက်ရှိ အင်အား ၂၀၀၀၀ ကျော် အထိ ရှိနေပြီးဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ နိုင် ငံခြား သံတမန်တွေ တောင် လာတွေ့ နေရ တဲ့ အထိ ကြီးထွားလာနေတဲ့  ခွန်ဆာ ရဲ့ တပ်ဖွဲ့ တွေကို ထိန်းချုပ် နိုင်ဖို့ လိုကို လိုအပ်နေပါတယ်….

ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ရှိနေ ပါသေးတယ် အဲဒါကတော့ ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ့  ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…

ပြည် တွင်းစစ် သက်တမ်း တစ်လျောက် ဒီပေါ်လစီရဲ့  ဒဏ်ကို တပ်မတော် က ခံစားခဲ့ရ ပေါင်း များ လှပါပြီတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ စခန်းတွေ ကို ဒုက္ခသည် စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး ၊ လက်နက်ခဲ ယမ်းရိက္ခာ ထောက် ပံ့ မှု ဆေးကုသ ပေးနေမှု နယ်စပ် တစ်လျောက် သယံဇာ တများ ခိုးထုတ်မှု အပေါ် အိမ်နီးချင်း နိုင်ငံရဲ့အမြတ်ထုတ် နေမှုတို့ ဟာဒီ ပြည်တွင်းစစ် မီး ကို ဘယ်တော့မှ ငြိမ်းသတ်လို့ မရခဲ့ပါဘူး….

ဒီတစ်ခါတော့ တပ်မတော် အစိုးရ ရဲ့  အလှည့် ရောက်လာပါပြီတန်ပြန် ကြားခံ နယ်မြေ မူဝါဒ( Counter Buffer Zone Policy ) ဟာ စတင် အသက်ဝင် လာ ပါတော့မယ် ….၁၉၉၃ ခုနှစ် နှစ်လယ် ပိုင်းမှာမြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ့ အများ အပြားဟာ တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် ရုတ်တရက် ဘွားကနဲ ရောက်ချ လာပါတယ် ၀ တပ်တွေဟာ လက်နက်ခဲ ယမ်းကိုလဲ ဖောဖော သီသီ သုံးနိင်လာပြီး တိုက်ပွဲမှာ ဒဏ်ရာရ တဲ့ သူတွေ ဟာလဲ ရိက္ခာ နဲ့  ဆေးဝါး ကုသမှု တွေ ရုတ်တရက် ကောင်းမွန် လာတာကြောင့် …လျှင်လျှင် မြန်မြန် ပြန်ပြီး တာဝန်ထမ်းဆောင် နိုင်လာပါတယ်…

ဒီ တိုက်ပွဲ စဉ်တွေဟာ ၁၉၉၅ နှစ်ဦး အထိ ဆက်တိုက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေခဲ့ ပါတယ်နှစ်ဖက်စလုံးမှာ အင် အား ထောင်နဲ့ ချီ ကျဆုံးခဲ့ချိန်၊ ခွန်ဆာ အဖွဲ့ မှ ကမ်းရွက် ဦးဆောင်တဲ့ ရှမ်း အဖွဲ့ မှ အင်အား ၄၀၀၀ ထောင် နီးပါး နဲ့ ခွဲ ထွက်ကာ တပ်မတော် နှင့် အပစ် အခတ် ရပ်စဲလိုက်ချိန် စတဲ့  အချိန်မှာတော့ …

ခွန်ဆာ ရဲ့ အမ်တီအေ တပ်ဖွဲ့ ဟာတပ်မတော်ထံ လူအင်အား ၁၄၀၀၀လက်နက်မျိုးစုံ ၈၀၀၀ ကျော် မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် ကျည်ဆန် ၂သန်းကျော် တို့ နဲ့ အတူ အကြွင်းမဲ့  လက်နက်ချ လိုက်ပါတော့တယ်….

ဒီနောက် မှာတော့ယိုးဒယား မြန်မာ နယ်စပ်မှာ အရင် ယိုးဒယားနဲ့ ပလဲနံပသင့်တဲ့  MTA ခွန်ဆာ့ တပ်ဖွဲ့ တွေ ရဲ့နေ ရာမှာအစားထိုး ၀င်ရောက်လာတဲ့  ၀ တပ် ဖွဲ့ တွေဟာ ယိုးဒယားနိုင်ငံ အတွက် အကျပ် ရိုက်စရာ Buffer Zone ကြီး တစ်ခု အဖြစ် ပေါ်ထွက်လို့ လာခဲ့ပါပြီ ….

ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

ဒုတိယ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ် ကတော့ ၂၀.၅.၂၀၀၂ ခုနှစ် နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ့  ယိုးဒယား နဲ့  နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အတွင်း မှာ ဖြစ်ပါတယ်…

နှစ်ဖက် စလုံးက နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီး ဒီ တိုက်ခိုက်မှုတွေ အတွက် ယိုး ဒ ယား ဖက်က SURA ရှမ်းလက်နက် ကိုင် တပ်တွေ ကို အသုံးပြုခဲ့ကာတပ်မတော် ဖက်ကတော့ ၀ တောင်ပိုင်းဒေသ အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ ၀ တပ်ရင်း များ အားလုံးလိုလို ပါဝင်တိုက် ခိုက်ခဲ့ပါတယ်…

၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ့  ညတိုက်ပွဲ တစ်ခုမှာ ၀တပ်ဖွဲ့ ဝင် အများ အပြားဟာ ယိုးဒယား နယ်မြေ ထဲကို နှစ်ကီလို မီတာ လောက် အထိ စိမ့်ဝင် သွားပြီး ယိုးဒယား အမြောက် စခန်းတွေရဲ့  ရှေ့ ကာတပ် စခန်းတွေ အား လုံးနီး ပါးကို ညတွင်းချင်း တိုက်ခိုက် ဖျက်ဆီး မီးရှို့  ပြစ်လိုက် တဲ့ အတွက် ယိုးဒယား အမြောက် စခန်းတွေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ခဲ့ရဘူးပါတယ်…

ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တပ်မတော် နဲ့  ၀ တပ်ဖွဲ့ တွေ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မိ တဲ့ ဖြစ်စဉ် ကတော့ ကိုးကန့် ဒေသ ဖုန် - လျှံ အရေး အခင်း မှာဖြစ်ပါတယ်။ တပ်မတော် အစိုးရ နဲ့ ပထမဆုံး အပစ်ခတ် ရပ်စဲရေး ယူထား တဲ့ ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ 'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင် တဲ့ အုပ်စု နဲ့ ' ရန်' မျိုးနွယ်စုက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ ခေါင်းဆောင်တဲ့  အုပ်စု အဖွဲ့ တွင်း အာဏာ လုရင်းတိုက် ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်။ ရန်အုပ်စု ဘက်က ၀ တပ်ဖွဲ့ တွေ ၀င်ကူတဲ့ အတွက် ဖုန်အုပ်စု အကြီးအကျယ် အထိနာ ပါတယ်…

ချင်းရွှေဟော် မြို့ ပါ မီးတင်ရှို့ ခံရပြီး ဖုန်အုပ်စု ဘက်က တပ်အချို့ ဟာ မိန်းမ ကလေးတွေပါ အပါအ၀င်ဝ တပ်ဖွဲ့ တွေ ရဲ့ အ၀ိုင်းခံရပြီးလောက်ကိုင် မြို့ ထဲမှာ ပိတ်မိနေခဲ့ ပါတယ် .... အဲအချိန်မှာ အချိန်မီ ရောက် လာတာက မိတ္ထီလာ က မနားတမ်း တောက် လျောက် ချီတက် လာတဲ့  အမှတ် ၉၉ ခြေမြန် တပ်မပါ ….

ရောက် ရောက်ချင်း ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ၀င်ရောက် နေရာယူ ရင်ဆိုင်ထား လိုက်ပါ တယ် …တစ်ဆက် ထဲမှာပဲ မုံးကိုး မုံးဟောင် ဒေသဘက် ကို ထိုးဖောက်ဝင်ရောက် လာတဲ့ ၀တပ်ဖွဲ့  တွေကို ကျောက် မဲ အခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက ကြားဖြတ် ၀င်ရောက် ဟန့် တား ရပ်တန့် စေ လိုက် ပါတယ်….

အခြေအနေ တင်းတင်း မာမာနဲ့နှစ်ဖက် တပ်တွေ ရက် အနည်းငယ်ကြာ ရင်ဆိုင် ထားပြီးတဲ့ နောက် ၀တပ်ဖွဲ့ တွေ ပြန်လည် ဆုတ်ခွာ သွား ခဲ့ပါတယ်။ ဒါ ပထ မ ဖြစ်စဉ် ဖြစ်ပါတယ်….

ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

ဒုတိယ ဖြစ်စဉ် ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့  လောက်ကိုင် အရေး အခင်း ဖြစ်ပါတယ်သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး ယာဉ်မောင်း များက ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ ဖြစ်စဉ်တစ်ခု မှာကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ့  ဒေသန္နရ စက် ရုံထုတ် လက်နက် အများအပြား ကိုတွေ့ ရှိခဲ့ ရပါတယ် …

ဒီဖြစ်စဉ် ကြောင့် သြဂုတ်လ အတွင်းမှာ လောက် ကိုင်မြို့ ပေါ်က လူသုံးကုန် စက်ရုံ အဖြစ် ဟန်ပြထား တဲ့ မသင်္ကာ ဖွယ်ရာ နေရာ အများ အပြားကို မြန်မာနိင်ငံ ရဲတပ်ဖွဲ့ က ၀င်ရောက် စီးနင်းရှာ ဖွေခဲ့ ပြီး သြဂုတ်လ ၈ ရက်နေ့ မှာတော့ လောက် ကိုင် မြို့ အထွက် ရန်လုံကြိုင်း ဂိတ်နားက မသင်္ကာ ဖွယ် စက်ရုံ ကို ၀င်ရောက် ရှာဖွေတဲ့ ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့်  ဟာအင်အား ၃၀၀ လောက်ရှိတဲ့  ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..

ဒီအဖြစ် အပျက်ကြောင့် တပ်မတော် အစိုးရဟာ လောက်ကိုင်မှာ တည်ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက် ကိုင်) လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ အမှတ် ၅၀၆ အမြောက် တပ်ရင်း ကို တပ်လှန့် ခဲ့ ပြီး ….

သိန္နီ အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်း တလျှောက် အလျှင်အမြန် ချီတက် လာစေ ကာ လောက် ကိုင်မြို့ ရဲ့ အချက် အခြာနေရာ တွေမှာ ၀င်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။

သူ့ နောက်က တစ်ဆက် တည်း ကပ်ပါလာတဲ့  စစ်ကိုင်း အမှတ် ၃၃ ခြေမြန် တပ်မကတော့ ကိုးကန့်  ဒေသရဲ့ ဆက် သွယ်ရေး လမ်းကြောင်း များ အားလုံးကို ညတွင်းချင်း ထိန်းချုပ်ခဲ့ ပြီး မိတ္ထီလာဘက်က တက်လာတဲ့ အမှတ် ၉၉ ခြေ မြန် တပ်မ ကတော့ညီနောင်တံတားက တဆင့် ၀ ဒေသထဲကို ၀င်ရောက်သွားကာ ဟိုပန်…ပန်လုံ ဒေသမှာ ၀ တပ်ဖွဲ့  များနဲ့ မျက်နှာချင်းဆိုင်တပ်မ တစ်ခုလုံး နေရာယူ လိုက်ပါတယ်……

နောက် တစ်နေ့ မနက်မှာပဲ အမှတ် ၉၉ ခြေမြန် တပ်မ ဟာကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ ဆက်သွယ်ရေး လမ်း ကြောင်းများ အားလုံးကိုဖြတ်တောက် ပိတ်ဆို့ ပြစ် လိုက်ပြီး ကိုးကန့် အရေး အခင်းကြီး တစ်ခုလုံး ပြီးစီး သွား ချိန်အထိ ၀ တပ်ဖွဲ့ တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….ဒါ ဒုတိယ ဖြစ်စဉ်ပါ ….

တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တတိယ ဖြစ်စဉ် ကတော့အဲဒီ ဖြစ်စဉ် နဲ့  တစ်ဆက် တည်း ဆက်ဖြစ် ပါတယ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို BGF နယ်ခြား စောင့်တပ်ဖွဲ့ များ အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရတပ်မ တော် အစိုးရဟာ အဲဒီ နှစ် စက်တင်ဘာ လဆန်းမှာဝ တပ်ဖွဲ့ များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ပေးရေး အစီအစဉ် ကို ဖိအားပေး တိုက်တွန်း လာပါတယ်…

ဝ တပ်ဖွဲ့ တွေဟာ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူညီခဲ့ ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ တွေမှာ တပ်မတော်က ဒုတိယ တပ်ရင်းမှူး ရာထူး တစ်ခုသာ ပါဝင်ရေး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ယိုးဒ ယား နယ်စပ်ရှိဝမ်ဟုန် ဒေသအား ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်း ထည့် သွင်း ပေးရေး စတဲ့ အချက် ကိုး ချက် ပါဝင်တဲ့ တောင်းဆိုချက် တစ်ခု ကို ပြန်လည် တောင်းဆိုခဲ့ပါတယ် …

တပ်မတော် အစိုးရ ကတော့ ဒီတောင်းဆို ချက်တွေကို လုံးဝ လက်မခံခဲ့ ဘဲ မိုင်းလား အထူး ဒေသ ၄ နဲ့ နယ်နိ မိတ် ချင်း ထိစပ်နေတဲ့ မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ၀ တပ်ဖွဲ့ များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် ဆိုတဲ့ အချက်တွေနဲ့  ပြန်လည် တုန့် ပြန်ခဲ့ ပါတယ်…

ဒီပြသနာ ဟာ လ အတော်ကြာ ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တပ်မတော် က ခြေမြန် တပ်မ ၃ခု က အသင့် အနေ အထား နဲ့ လာရောက် တပ်စွဲ ထားတဲ့ အထိ အခြေအနေ တင်းမာခဲ့ပါတယ်…

နောက်ဆုံးမှာ ၀ တပ်ဖွဲ့ တွေ နောက်ပြန် ဆုတ် သွားခဲ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး ကိစ္စကတော့ ဒီနေ့ အ ထိ သဘောတူ ညီမှု မရခဲ့ပါဘူး ….

ဒီတင်း မာမှု ရဲ့ အကျိုး ဆက် အဖြစ် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပပြု လုပ်ချိန်မှာ ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း ပါမြို့ နယ် ခြောက် မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ ပြီး ကျန်တဲ့ ဝ တပ်ဖွဲ့  ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ့ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ ရွေးကောက်ပွဲ မပြုလုပ် နိုင်ခဲ့ ပါဘူးဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..

စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

စတုတ္ထဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် တဖြည်းဖြည်း နဲ့  နယ်မြေချဲ့ ထွင် တပ်စွဲလာတဲ့ ဝ တောင် ပိုင်း ဒေသ တပ်ဖွဲ့ စခန်းတွေကို တပ်မတော် က နောက်ပြန် ဆုတ်ခိုင်းတာ က နေ အစပြု တာဖြစ်ပါတယ်။ တာချီ လိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ့ ဒေသတွေမှာ တပ်စွဲထားတဲ့ ‘၀’ တပ်စ ခန်း တွေ ကို နောက်ပြန် ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….

ဝတောင်ပိုင်း ဒေသတွင်း တပ်စခန်း တွေက တပ်ဖွဲ့ ဝင် အင်အား စာရင်း တင်ပြဖို့ တပ်မတော် မှ တောင်း ခံခဲ့ပြီး တပ်စ ခန်းအချို့ကို ဆုတ်ခွာဖို့ သတိပေး ခဲ့ခြင်း မဆုတ်ခွာတဲ့  တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း စ တဲ့ ဖိအား ပေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်….

ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ့  အရှေ့ အလယ်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်တွေပါ ပါဝင်လာပြီး ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်း ဒေသ ရဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေကို တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုပ် နေရာယူထား ခဲ့ပါတယ်…

ဒီ အခြေ အနေ တင်းမာမှု ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  ကျိုင်းတုံမြို့ မှာပြည်ထောင်စု ငြိမ်း ချမ်းရေး ကော် မတီ ကဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ တပ်ဖွဲ့  ပြင်ပ ဆက်ဆံရေး ဋ္ဌာန ဋ္ဌာနကြီးမှူး ဦးကျောက် ကော်ကန် တို့ တွေ့  ဆုံဆွေးနွေးပြီး ၀ တပ်ဖွဲ့ စခန်း အချို့ ကို နောက်ပြန် ဆုတ်ပေး လိုက်တဲ့ နောက်မှာ အထိုက်အလျောက် ပြေလည်မှု ရ သွား ခဲ့ပါတော့တယ်….

( ရေးသားသူ - ရဲမိုး )

( အပိုင်း ၃ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1116-2014-03-27-09-58-18.html

{[['']]}

ကိုးကွယ်ယုံကြည်မှု ဆိုတာ

ကိုးကွယ်ယုံကြည်မှု ဆိုတာ

ငြိမ်းချမ်းအေး - ကိုးကွယ်ယုံကြည်မှု ဆိုတာ
မတ်လ ၂၄၊ ၂၀၁၄

Photo @Aung Htet
မင်းဘူး နဂါးပွက်တောင် မှာ နဂါး အစာကျွေး၊ နွားနို့ တိုက်တဲ့ ဓာတ်ပုံ တခုကို အခု လူတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ကြပြီး တောင်ပြော၊ မြောက်ပြော ဆိုနေကြတာ တွေ့ရတယ်။ ကိုယ့် ဘာသာတော့ ခေတ်မီသူကြီး၊ သိပ္ပံနည်းကျ ဘာသာရေး လိုက်စား ယုံကြည်သူကြီး၊ ဗုဒ္ဓဘာသာ အစစ်ကြီး၊ ဘာသာရေး မရှိသူကလည်း ခပ်ပေါပေါ အလုပ်တွေဆိုပြီး ရင်မောက် ခေါင်းမော့ ဆိုချင်ဟန် ရှိကြတယ်။ ဗမာပြည် မှာ မကျက်တကျက် half-baked လူများ က အများစု ဘွဲ့ရ ပညာတတ်ဆိုသူများ ဖြစ်ကြောင်းကို အွန်လိုင်းခေတ် ရောက်မှ တဖြည်းဖြည်း ထင်ရှားလာတယ်။

ဘယ် ဘာသာရေး မှ၊ ဘယ် ကိုးကွယ်ယုံကြည်မှု မှ အလုံးစုံ သိပ္ပံနည်းကျတယ်ဆိုတာ မရှိဘူး။ ဘာသာကြီး ဆိုကြတဲ့ အယူဝါဒတွေမှာလည်း သိပ္ပံတွေ၊ ယုတ္တိတွေ နဲ့ လွတ်တဲ့ သဘောတရားတွေ၊ ဓလေ့ထုံးတွေ အနည်းအများ ရှိတာပဲ။ နတ်ယုံသူ နဲ့ မယုံသူ ဘယ်သူမှ ပို ပြီး သိပ္ပံနည်းကျ တယ် မဆိုနိုင်ဘူး။

လူ တယောက် အယူ မှားတယ်၊ မမှားဘူး ကို အခြား ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ပြယ်ရယ်ပြုခွင့် မရှိဘူး။ နှိမ်ချ ခွင့် မရှိဘူး။ စော်ကား ခွင့် မရှိဘူး။

ကိုယ့် နဲ့ အယူ မတူတိုင်း မိစ္ဆာဒိဌိ ဆိုပြီး ရှေးက ထင်ခဲ့ကြတာ နောက်ဆုံး အဲ့ဒီ မိစ္ဆာဒိဌိ ကိုပဲ သခင်ကြီး ခေါ် ကျွန် ခံရတော့တာပဲ။ ဒေါက်တာလှဘေ က သူ့ အတ္ထုပ္ပတ္တိ မှာ လန်ဒန်ရောက်တော့ မင်္ဂလာ့သုတ် မသိတဲ့ အနောက်တိုင်းသား လူဖြူ မိစ္ဆာဒိဌိ တွေ အင်မတန် ယဉ်ကျေး သိမ်မွေ့ကြောင်း ထည့်ဆိုဖူးတယ်။

ဆိုချင်တာက မိမိ စံ တခု တည်းနဲ့ မိစ္ဆာဒိဌိ သတ်မှတ်လို့ မရ၊ အယူလွဲတယ် ဆိုလို့ မရ၊ အမြင်ကျဉ်းတယ် ဆိုလို့ မရ။

ကျနော့် အတွက် ဘုရား လိုချင် မှ လိုမယ်။ ခင်ဗျား အတွက် တော့ ဘုရား က မရှိမဖြစ် ဖြစ်ချင် ဖြစ်နေမယ်။ အလားတူပဲ လူတချို့အတွက် ဘုရားလည်း လိုတယ်။ နတ်လည်း လိုတယ်၊ ဘိုးတော်လည်း လိုတယ်၊ နဂါးလည်း လိုတယ်၊ မြွေလည်း လိုတယ်။

ကိုးကွယ်ယုံကြည်မှုတိုင်းဟာ လူတဦးချင်း ရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှု၊ ဆန္ဒ။ ဒီ ရွေးချယ်မှု အပေါ် မူတည်ပြီး ကိုးကွယ်မှု ဆက်စပ် အလုပ်တွေကို တခြား သူတပါး မထိခိုက်သရွေ့ လုပ်ခွင့် ရှိရမယ်၊ ဓလေ့တွေကို စောင့်ထိန်း ကျင့်သုံး ခွင့်ရှိရမယ်။ ဒီ အများကို မထိခိုက်တဲ့ အလုပ်၊ ဓလေ့ အတွက် မစော်ကားအပ်ဘူး၊ မထိပါး အပ်ဘူး။

ဒါပေမယ့် ခု ဗမာပြည် ဖြစ်နေတာက ဒီပြင့် ဘာသာ၊ အယူဝါဒ ကိစ္စတွေ မပြောနဲ့ဦး၊ ဗုဒ္ဓဘာသာ အတွင်းမှာကို သမားရိုးကျ အများလက်ခံပြီးနဲ့ ခွဲထွက် ပြောကြည့်၊ ဟောကြည့်ပါ့လား၊ မိုးပြာ ဘာဖြစ်နေလဲ မျက်မြင်ပဲ။

စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုတဲ့ အစွဲကြီး မပျောက်သရွေ့ ဗမာပြည် မှာ ဘာသာရေး လွတ်လပ်ခွင့် လည်း အခြေခံကျကျ ရှိမှာမဟုတ်ဘူး၊ ဘာသာရေး ဆက်စပ် ပဋိပက္ခ တွေလည်း ကင်းမှာ မဟုတ်ဘူး၊ မိုးပြာ ဆရာတော်လည်း ထောင်ထဲက ထွက် ရမှာ မဟုတ်ဘူး။

ဘာသာရေး လွတ်လပ်ခွင့်ရဲ့ အနှစ် သဘော မှာ ဂိုဏ်း၊ ဓလေ့၊ အယူ ကွဲမှုတွေကို လက်ခံနိုင်ရမယ်၊ သည်းခံတတ်ရမယ်၊ လေးစားတတ်ရမယ်။

လူတယောက် ဟာ ဆန္ဒ ရှိရင် ဘာသာ အယူဝါဒ တခု ကို အခုမှ ထ တည်ထောက်ခွင့် ရှိတယ်၊ သူယုံကြည်ရာ ကို သူတပါး ကို မထိခိုက် ရင် ဟောပြောခွင့် ရှိရမယ်။ သူ့ ကိုယ်သူ ငါ သာ ဘုရား ဧကန် (သို့မဟုတ်)၊ နောက်ဆုံး တမန်တော် ဖြစ်တယ် ဆိုခွင့် ရှိတယ်။ သူ့ ကို ယုံကြည်သူ က ကိုးကွယ်လိမ့်မယ်။ မယုံကြည်သူ၊ မကိုးကွယ်ချင်သူ ရဲ့ အလုပ်မဟုတ်၊ တားလို့ မရ။

ဒါပေမယ့် ဒီလို ယုံကြည်မှု အလွဲသုံးစားပြုပြီး နောက်လိုက်တွေကို၊ တခြား သူ တပါးကို အသက် အန္တရာယ် မပြုရဘူး၊ ယုံကြည်သူ နောက်လိုက်တွေကို အသုံးချပြီးတော့ ခေါင်းဆောင် က မတော် မတရား အခွင့်အရေးယူတာမျိုး (ဥပမာ ကာမ လိမ်လည် ယူခြင်းမျိုး) မလုပ်ရဘူး။ ဒီလိုလုပ်ရင် အရေးယူ၊ တားရမယ်။

ဒါမျိုး လူတယောက် ရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဓလေ့ က ပတ်ဝန်းကျင် ကို ထိခိုက်မှု မရှိသရွေ့ လူ့ အဖွဲ့အစည်းမှာ အယူဝါဒ စုံကို ရှင်သန်ခွင့် ပေးမှ ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ လူ့ အဖွဲ့အစည်း ဖြစ်မယ်။

ကျနော် ငယ်ငယ် က နဂါးပွက်တောင် ရောက်တိုင်း ဆယ်ပြားစေ့ ပစ်ထည့်တာပဲ၊ မြသလွန် ဘုရား တက်တိုင်း ကျောက်တုံးကြီး မ ဆုတောင်း တာပဲ၊ မတိုင်း ဆုတောင်း ပြည့်၊ ကျောင်တုံးကလည်း ပေါ့တယ် ယုံတာပဲ။

ဒါပေမယ့် ကိုယ့် အချင်းချင်း အကြောင်းသိချင်းကျလည်း ဗမာပြည် မှာ အကြီးဆုံး နတ် ကတော့ စစ်ကိုင်းတံတား က နတ်ကြီးတွေကွ၊ တလုံး တလုံး လက်သီးဆုပ် လောက် ရှိတယ် ပြောချင် ပြောနေတာပဲ။

ထပ်.. ဒါပေမယ့်.. တကယ် ယုံကြည်သူတွေ နဲ့ တွေ့တဲ့အချိန်၊ ယုံကြည်သူများ အလေးထားတဲ့ နေရာ ရောက်တဲ့ အချိန်ကျလည်း လိုက်လျောညီထွေ ရှိတဲ့ လေးစားမှု ပြရတယ်။ ကြောက်လို့ မဟုတ်ဘူး၊ ကိုယ့်ကြောင့် ယုံကြည်သူ သူတပါး စိတ်အနှောင့် အယှက် မဖြစ်အောင် လို့ သူတို့ ယုံကြည်တဲ့ ဓလေ့ အတိုင်း လိုက်လုပ်ရတယ်။

ပုံတောင်၊ ပုံညာ ဖြတ်တော့ အမေယဉ် အတွက် စောင့်ထိန်းမှုတွေ လမ်းညွှန်မှုတွေ ဒေသခံတွေက ပြောပြတယ်။ ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့ဖူးတယ်။ ဒါက ကိုယ့် ခရီး အန္တရာယ် ထက် သူတို့ အတွက်က ရိုးရာ ယုံကြည်မှု နေ့စဉ် ဘဝတွေနဲ့ ဆိုင်တယ်၊ အမေယဉ် စိတ်ဆိုးရင် မြွေဆိုးတွေ ပေါမယ်၊ လယ်ယာ လုပ်ငန်းခွင် ထိခိုက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်၊ စပါးအထွက် နည်းမယ် စသည် စသည် သူတို့ ယုံကြည်မှု က သူတို့ ထမင်းအိုး နဲ့ ဆိုင်တယ်၊ သူတို့ အသက် နဲ့ ဆက်စပ်နေတယ်။

ကိုယ့် အတ္တ စိတ်ကြီးဝင်မှု အတွက်နဲ့ သူတပါး ယုံကြည်မှုကို စော်ကားရင်း သူတပါး ဥပါဒါန် ကြောင့် ဥပါဒ် ဖြစ် ဒုက္ခ ရောက်အောင် လုပ်မှုကမှ လူမပီသမှု၊ လူယဉ်ကျေးမဖြစ်မှု၊ နတ်ကိုးကွယ်တာက၊ နတ်ယုံကြည်တာက မယဉ်ကျေးတာ မဟုတ်၊ လူမပီသတာ မဟုတ်။

ခေတ်ပညာတတ် ဆိုတဲ့ ပြုတ်မနူးများ စာလေး ဘာလေး လူအထင်ကြီးအောင် ဖတ်ကြတယ် ဆိုရင်လည်း စာတွေ့ကနေလည်း သင်ခန်းစာ ယူရတယ်။

ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုတိုများ ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ အဲ့ထဲက တပုဒ်က ဒီလို..။

ကောလိပ်ကျောင်းသား လူငယ် ခေတ်ပညာတတ် ကလေး တယောက်က သင်္ဘော အတူစီးလာတဲ့ ခရီးဖော် တောသားဦးကြီး တယောက်ရဲ့ လည်ပင်းက အဆောင်လက်ဖွဲ့ ကို မြင်တော့ “ဒါက.. ဘာလဲ..၊ ဘာအတွက်.. လဲ..” လို့ အထက်စီးကြီးနဲ့ မေးပါလေရော။ တောသားကြီးကလည်း ရိုးရိုးသားသားပဲ “ဒါက ကျူပ်တို့ နယ်ကို ဘီလူးဝင်မယ်လို့ ဘုန်းကြီး အိပ်မက်ရလို့ ကာကွယ်နိုင်အောင် ဘုန်းကြီး ကိုယ်တိုင် စီရင်ပေးတဲ့ အဆောင်ပါ” လို့ ပြန်ဖြေရှာတယ်။

အဲဒီတော့ ကောလိပ်ကျောင်းသား လူငယ်က “ဒီလို မန္တန်၊ ယတြာ၊ ဆေး၊ အင်းအိုင်၊ ဂါထာ၊ အဆောင်၊ လက်ဖွဲ့ တွေဟာ အဓိပ္ပာယ် မရှိ၊ ယုတ္တိ မဲ့၊ အကျိုး/အကြောင်း မညီ၊ သိပ္ပံနည်း မကျ ကြောင်း၊ ဒီအဆောင်လက်ဖွဲ့လေး ဆောင်ထားခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးမှ မရ၊ ဘယ်လို အန္တရာယ်မျိုးကိုမှလည်း မကာကွယ်နိုင်ကြောင်း၊ တကယ်တော့ ဘယ်.. ဘီလူးမှလည်း လာမှာ မဟုတ်ကြောင်း” အစရှိသလို ယုံကြည်မှု သဘောကို မျက်ကွယ်ပြုပြီး လက်တွေ့ ယုတ္တိဗေဒ နဲ့ ခေတ်သိပ္ပံ ကို နင်း ဇောင်းပေးပြောဆို အသိ၊ အမြင်၊ ပညာ နည်းရှာတဲ့ တောသား ရိုးအတဲ့ ဦးကြီးအပေါ် ဆရာကြီးလုပ်ပြီး အာပေါင်အာရင်းသန်သန်နဲ့ အချွတ်တရား ပြန်ဟောတယ်။

၃၊ ၄ တောင် မကွဲရှာတဲ့ တောသားကြီးလည်း ပါးစပ်အဟောင်းသား နဲ့ ဘာမှ ပြန်မပြောနိုင်ရှာ ဖြစ်နေတာပေါ့..။

ဒီလို လူငယ် တကိုယ်တော် တရားဟော နေတုန်းမှာပဲ ဘေးက တခြား လူကြီး တယောက်က ဝင်ပြီး.. “ဒီမှာ သူငယ်ရဲ့.. မောင်ရင် ရှင်းပြတာတွေက အကျိုး၊အကြောင်း ဆီလျော်ပါတယ်။ ဒီအဆောင်လက်ဖွဲ့ ဟာ မောင်ရင့် အတွက် မလိုဘူး..ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီက ဦးကြီး နဲ့ တခြားဒေသခံ ရွာသားတွေ အတွက်တော့ လိုတယ်.. ကွယ့်..။ သူတို့ရဲ့ ယုံကြည်မှုအရ ဒါဟာ သူတို့ကို ဘေးအန္တရာယ် က အကာအကွယ်ပေးတယ် ကွယ့်။ ဘုန်းကြီးကလည်း သူတို့ကို ဒါလေး ဆောင်ခိုင်းပြီး ဘာသာတရား ကိုင်းရှိုင်းအောင်၊ အကုသိုလ် အမှုတွေ မပြုမိအောင်၊ နည်းအောင်၊ ရပ်ရွာမှာ မူရစ်ရမ်းကား ခိုးဆိုး နေသူတွေ နည်းအောင် တနည်း လုပ်တာပဲ.. ကွယ့်..။ သူတို့ အတွက် ဒီ အဆောင်ဟာ လိုကို လိုတယ်..” လို့ ဝင်ပြီး ကိုးကွယ်ယုံကြည်မှုရဲ့ သဘော နဲ့ အနှစ်သာရကို သေချာ ရှင်းပြတယ်..။

ပြန်မပြောနိုင်ရှာ၊ ပြန်မပြောတတ်တဲ့ သူမျိုးကိုသာ ဆရာ လုပ်တတ်တဲ့ ကောလိပ်ကျောင်းသား ခေတ်ပညာတတ် လူငယ်လည်း သူ့ကို အကျိုး၊ အကြောင်း ပြန်ရှင်းပြနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကျ ဘာမှ ပြန် မပြောသာတော့ဘဲ ငြိမ်နေရရှာတယ် ဆိုတဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထု ယူတတ်ရင် စိတ်ကြီးဝင်နေသူ ပညာတတ်ဆိုသူများ အကျွတ်တရား ရသင့်တယ်။

မနှစ်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ လယ်တီသိမ် ကိစ္စ “စေတီ နဲ့ သိမ်တို့သည် ပထမ လယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ” ဆိုထားတာ ဖတ်ရတော့ ပထမ ဆုံး သတိရတာ ဆိုခဲ့တဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုပဲ။

ဟေ့ ဘယ် သမိုင်း ဆရာ၊ ကဝိ ပညာရှိ က မဟုတ်ဘူး ပြောပြော၊ ဒေါက်တာသန်းထွန်း မကလို့ ဒေါက်တော သန်းထွန်း အဖေ က ပဲ “ဗုဒ္ဓဘုရား အရှင် ဗမာပြည်မထဲ လုံးဝ မရောက်ဖူးဘူး၊ အလွန်ဆုံးရောက် ရခိုင်ပေါ့” ဘယ်လို ဆိုဆို ဘုရား ကိုယ်တော်တိုင် ချီးမြှင့်တဲ့ သလွန်တော် နဲ့ မြသလွန် ကို ဘီလူး ညီနောင် တည်ခဲ့တာပဲ လို့ မကွေးသားများ ယုံကြတာပဲ၊ သိကြားမင်း က ဗီတို အာဏာ သုံးလို့ ပိုင်ရှင် ဘီလူးတွေ ခမျာ ရေစက်တောင် တမ်း မချရရှာဘူး။ မင်းဘူးသားများကလည်း ဘုရား က စက္ကိန်းတဲ ဘုရား (နဂါးပွက်တောင်ဘေး) မှာ ပဲ ကျိန်းစက်ပြီး မကွေးဘက် မကူးခဲ့တာ ကို အခွင့်ကောင်းယူပြီး မင်းတို့ အရှေ့ဘက် ကမ်းသားများ မိုက်တယ်၊ မမိုက်ဘူး ဆို ဘုရားတောင် အရှေ့ဘက်ခြမ်း မကူးလာခဲ့ဘူး မဟုတ်လား အသားယူ ဆိုကြတာပဲ။ ဘုရား ခြေတော်ရာ အစစ်ဖြစ်ကြောင်း မန်းစက်တော်ရာ ဒေသသားများ ယုံကြည်ကြတာပဲ။

ထုံးဖြူသုတ် ဘုရားငုတ်တို ဖြစ်ပါစေ၊ ဒေသခံ အတွက်ကတော့ အသောကမင်းကြီး တည်ခဲ့တာပဲ။ အလားတူပဲ လက်ပံတောင်း ဒေသခံ တွေ အတွက်တော့ ဘယ် သမိုင်းပညာရှင် မှ ထောက်ခံစရာမလို သူတို့ဆီက ဘုရားတွေ၊ ကျောင်းတွေ က လယ်တီ ဆရာတော်ဘုရားကြီး တည်ခဲ့တာပဲ။

ကိုးကွယ်ယုံကြည်မှုမှာ သိပ္ပံတွေ၊ သမိုင်းတွေ၊ ယုတ္တိ တွေ၊ သက်သေ အထောက်အထားတွေ မလိုဘူး။

ခင်ဗျားတို့ ကိုယ်တိုင်လည်း ကိုယ် အရိုးစွဲ ယုံကြည်တဲ့ ကိုယ့် ဘာသာ ဆက်စပ် တချို့ ကိစ္စတွေ၊ အချက် တွေ၊ ဘုရားသမိုင်းတွေ ဆို ဒီလိုပဲ ရှည်ရှည်ဝေးဝေး ယုတ္တိတွေ မချတော့ဘဲ မျက်စိ မှိတ် ယုံပစ်လိုက်တာပဲ မဟုတ်လား။

ဒီ သဘောပဲ နတ်ယုံတာ၊ နဂါး ယုံတာ လည်း ဘာပို ထူးလို့လဲ။

ဗမာပြည် ရဲ့ မျက်မှောက် ဘာသာရေး ပြဿနာတွေ ကို တွေးမိတိုင်း ငါတို့ ပုဂံခေတ်လောက်သာ လူတွေ၊ အုပ်ချုပ်သူတွေ ရင့်ကျက်၊ အမြင်ကျယ် ရင် ဒါမျိုးတွေ မြင်ရ၊ ကြားရ မဟုတ်ဘူး လို့ ဆိုမိတယ်။

ပုဂံခေတ်ဟာ မြန်မာတွေ ရေရှည်တည်မယ့် ကိုးကွယ်ယုံကြည်မှု စရခါစ ဖြစ်တာကြောင့် ဖြစ်မယ်၊ အင်မတန် သဘောထား ကြီးကြတယ်။ အရိုးစွဲမှုတွေ အခြေမတည်သေးဘူး။ ဘာ ဘာသာရေး အစွဲ ကြီးမှု မျိုးမှ အုပ်ချုပ်သူ ကော၊ ပြည်သူမှာ ပါ မရှိဘူး။

ပုဂံခေတ် ဘာသာ သာသနာ ကြည့်ရင် ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ မှ ဆိုတဲ့ သဘော မရှိဘူး၊ မဟာယန လည်း ရှိတာပဲ။ ဗြဟ္မဝါဒလည်း ထွန်းကားတာပဲ။ ဟိန္ဒူ ဓလေ့၊ အယူဝါဒ လည်း ကျယ်ပြန့်တာပဲ။ အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာ ကို ထိန်းသိမ်းချင် လို့ အရည်းကြီးတွေ နှိမ်နင်းတယ် ဆိုတာ အလကား ပြောတာ။ လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။ မင်းက လည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှု မပြုခဲဘူး။ မွန်နိုင်ငံ သာသနာ အစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာ။ တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်း က အဓိက မဟုတ်ဘူး။ ဘာသာရေး ဆက်စပ် ကျားမ ခွဲခြား မှုမျိုးလည်း မရှိဘူး။ အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပဲ။

ပုဂံခေတ် လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘက် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံး ခေတ် ဗမာ့ သမိုင်း မှာ မရှိတော့ဘူး။ ဟတ်/မဟုတ် သိချင်ရင် ပုဂံခေတ် ဗိသုကာ လက်ရာတွေ ကြည့် ကြည့်ပေါ့။ အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရမယ်။

နတ်ကိုးကွယ်မှု ကို သွား ပေါ့သေးသေး မထင်နဲ့။ နိုင်ငံရေး သဘော ဆိုရရင် အိုးဝေ ဦးညိုမြ စကား ငှားဆိုလိုက်ချင်တယ်။ ဗမာ့ သမိုင်းမှာ ပဒေသရာဇ် မင်းဆိုး၊ သက်ဦးဆံပိုင် အာဏာရှင် စနစ်ကို စ တော်လှန်ခဲ့တာ ဒီမိုကရေစီ အင်အားစု မဟုတ်၊ ကွန်မြူနစ် မဟုတ်၊ လစ်ဘရယ်ဝါဒ မဟုတ် ပန်းပဲ မောင်တင့်တယ် အမှူးပြုတဲ့ ပုပ္ပား ၃၇ မင်း နတ် အဖွဲ့သာ ဖြစ်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ရဲ့ မှားယွင်းမှုကို တော်လှန်ဆန့်ကျင် မျက်မှောက်ခေတ် အထိ လူထုကြား အရိုးစွဲ အောင် လုပ်ခဲ့တာ သူတို့သာ ဖြစ်တယ်။

နိဂုံးချုပ်ရရင် နတ်ကိုးကွယ်တာ ကို ဘွဲ့ရ ပညာတတ်ဆိုကာ မကျက်တကျက် နဲ့ ရယ်သွမ်းသွေးလိုမှု စိတ်အခံ မပျောက်မချင်း ဗမာပြည် မှာ ကိုးကွယ်ယုံကြည်မှု ဆက်စပ် လွတ်လပ်ခွင့် ပြဿနာတွေ ဆုံးမှာ မဟုတ်ဘူး၊ အယူဝါဒ မတူသူကြား ယဉ်ကျေးမှု၊ ဓလေ့ ကွဲပြားမှုကို သည်းခံနိုင်မှု ခန္တီစ တရားတွေ မဲ့နေဦးမှာပဲ။ အလားတူပဲ (၂၁) ရာစု ခေတ် ဗမာပြည် က လူတွေ (၁၀) ရာစု၊ (၁၁) ရာစု ဝန်းကျင် ပုဂံခေတ် က ရှေးမြန်မာကြီးတွေ လောက် အမြင်မကျယ်၊ နှလုံးသား မကြီး သရွေ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ ရှည်နေဦးမှာပဲ ဖြစ်ကြောင်း အားနာနာနဲ့၊ ဝမ်းနည်းစွာနဲ့ ဆိုလိုက်ပါရစေ။

ငြိမ်းချမ်းအေး
၂၄၊ မတ်လ၊ ၂၀၁၄
{[['']]}

KNU ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးမှ NCCT သို့ အကြံပြု တင်ပြ


KNU ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးမှ NCCT သို့ အကြံပြု တင်ပြ

Written by ရွှေဟင်္သာ သတင်းဌာန

(၄) ရက်ကြာ ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အ ဝေးမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် အကြံပြု တင်ပြချက် များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သို့ တင်ပြခဲ့ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ဒီလိုပါ။ ဒီအရေးပေါ် အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူနဲ့ ကျနော်တို့ရဲ့ လောခီးလာ စာချုပ် မူကြမ်း နှစ်ခု ထဲက ပြန်လည်သုံးသပ်ပြီးတော့ တခုထဲဖြစ်ဖို့ (Single Test ) စာချုပ် ဖြစ်အောင် ဘယ်အချက် တွေ ပေါင်း စည်းပြီး ဘယ်အခန်း ကဏ္ဍ မှာ ထည့်ထားတယ် ဆိုတဲ့ အကြံပြု ချက် မူကြမ်းပါ။ ဒါကို NCCT ထံတင်ပြတာ ဖြစ်ပါတယ်။” ဟုဆို ပါသည်။

KNU ၏ တင်ပြချက် အပေါ် NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက လက်ခံမည်ဆို ပါက လာမည့် ဧပြီလ ဆန်းပိုင်း၌ ကျင်းပရန် ရှိသည့် NCCT နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) တို့၏ စာချုပ် မူကြမ်း ညှိနှိုင်းပွဲ တွင် တင်ပြမည် ဖြစ်သည်ဟု ဆိုပါသည်။

အထူးသဖြင့် KNU အရေးပေါ် အစည်း အဝေးသည်၊ လောခီးလာ သဘောထား စာချုပ်မူကြမ်း အပါဝင် အစိုးရဖက်မှ တင်ပြထားသော စာချုပ် မူကြမ်း နှင့် ပြီး ခဲ့ သည့် မတ်လ (၁၀) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ နှင့် သဘောတူ ထားသည့် စာချုပ် တွင် ပါဝင်ရမည့် အခန်းကဏ္ဍ များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ပြန်လည် သုံးသပ်ပြီး နောက် စာချုပ် အနှစ်သာရ နှစ်ခုကို စာချုပ်တခု ဖြစ်လာရန် မည်သည့် အချက်သည် မည်သည့် အခန်းတွင် ထည့်သွင်းရမည် ဆိုသည့် အမြင်သဘော ထား ကို KNU အရေးပေါ်က မွမ်းမံ ပြင်ဆင်ခြင်း သာ ဖြစ်ပါ သည်။ ထိုသို့ ပြင်ဆင် ရရှိလာသည့် ပြင်ဆင် ထားချက် များကို အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့များ သုံးသပ်နိုင်ရန် NCCT သို့ ထပ်မံ တင်ပြခြင်း ဖြစ်ပါသည်။

KNU ၏ အရေးပေါ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေးသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာစာ ချုပ် အပေါ် အထူးသုံး သပ်ခဲ့ပြီး သန်းခေါင် စရင်း ကောက်ယူရေး ကိစ္စနှင့် အဖွဲ့ဝင်များ ၏ ခရီးသွား လာရေး ပွင့်လင်းမှု ရှိ လာစေရန် လိုအပ်ချက် များကို ဆွေးနွေး ကြရင်း အ၀ည်းအဝေး ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ ပါသည်။

၁။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံး၏ ဗဟို အမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးကို ဗဟိုကော် မတီဝင် (၄၅)ဦး တက် ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ဘားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ လော်ခီးလာ စခန်းတွင် ကျင်းပ ခဲ့ပါသည်။

၂။ ဤ အရေးပေါ် အစည်း အဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်း ကွန် ဖရင့်မှ ရေးဆွဲ ချမှတ်ခဲ့ သော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ လော်ခီးလာ စာချုပ်နှင့် အစိုးရမှ ပြင်ဆင် ထား သောတ နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို လေ့လာ သုံးသပ်ပြီး မူကြမ်းတခု တည်းဖြစ်အောင် ပြင်ဆင် ဖြည့် စွက် ရေးသားခဲ့သည်။ ထို့အပြင် ကေအဲန်ယူ ကရင်အမျိုးသား အစည်း အရုံး၏ နိုင်ငံရေး ဦးတည်ချက် နှင့်လက်ရှိ မြန် မာ့ နိုင် ငံရေး ဖြစ်ပေါ် တိုးတက်မှု အပေါ်ကိုလည်း သုံးသပ် ခဲ့ပါသည်။

၃။ ကေအဲန်ယူ ကရင် အမျိုး သားအစည်း အရုံးသည် နိုင်ငံရေး ပြဿနာ ကြောင့် ဖြစ်ပေါ် လာသော ပြည်တွင်း ပဋိ ပက္ခ ကို စစ်ရေး နည်းဖြင့် မဖြေရှင်း ဘဲ တွေ့ ဆုံ ဆွေးနွေးရေး နည်းလမ်းကို စွဲကိုင်၍ အစဉ်တစိုက် ကြိုးပမ်း ဆောင် ရွက်နေပါသည်။

၎။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံးမှ အစိုးရ နှင့် ရရှိထား ခဲ့သော ပဏာမ အပစ်အခတ် ရပ်စဲရေး ကိုခိုင် မာ စေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ် စဲ နိုင်ရေး နှင့် နိုင်ငံရေး ဆွေးနွေးမှု စတင်နိုင် ရေးကို အခြားတိုင်း ရင်းသား အ ဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည်။

၅။ ပြည် ထောင်စု သဘောတူ စာချုပ်ချုပ် ဆိုနိုင်ရန် ပင်လုံ စိတ်ဓါတ်ကို အခြေခံ သော ပြည်ထောင်စု ညီလာခံ တရပ် ကျင်းပနိုင် ရေးကို တိုင်းရင်း သား လက် နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်း၊ ဒီမိုကရေစီ နိုင်ငံရေး ပါတီ/ အင်အား စုများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများတို့ နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်။ ထို့အပြင် အ ရပ်ဘက် အဖွဲ့အစည်းနှင့် အမျိုး သမီးတို့၏ အခန်း ကဏ္ဍ ပါဝင်ရေး ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်သည်။

၆။ ကေ အဲန်ယူ ကရင် အမျိုးသား အစည်းအရုံး သည် တိုင်းရင်း သားတန်း တူရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်ရှိ သည့် ဒီမိုက ရေစီဖက် ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး ကို တစိုက်မတ် မတ်ဦးတည် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာအပ် ပါသည်။

ဤကဲ့သို့ ထုတ်ပြန်ခဲ့သလို ယခုကျင်းပ ခဲ့သော KNU ၏ အရေးပေါ် အစည်း အဝေးသည် လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပြီးဆုံး သွားခဲ့ သော (၁၅)ကြိမ် မြောက် ညီလာခံ ကျင်းပပြီး နောက်ပိုင်း ပ ထမအကြိမ် ကျင်းပ ခဲ့သော အရေးပေါ် အ စည်း အဝေး ပင်ဖြစ်ပါသည်။

KNU သည် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်းမှု ရရန် နှင့် ကြေညာချက် ပါ ရည်မှန်းချက် များ ရရှိရန် (၁၉၄၈) ခုနှစ် သြဂုတ်လ ကတည်းက လက် နက် ကိုင် တော်လှန်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။
{[['']]}

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger