Latest Movie :
Recent Movies

လိုင်ဇာအပြန်-မြစ်ကြီးနား အကြို ညှိနှိုင်းပွဲ

လိုင်ဇာအပြန်-မြစ်ကြီးနား အကြို ညှိနှိုင်းပွဲ

Written by Mizzima News

၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံကအပြန် ဦးနိုင်ဟံသာ၊ ဦးကွယ်ထူး ဝင်းဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရဲစဲဆေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ် ၁၂ ဦးနှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ဒု-ဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်း၊ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကချင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC အလုပ်အဖွဲ့ဝင်များကတွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဘက်မှ အပြုသဘော ဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေးအတွက်လည်း ပါဝင်ပါတယ်။

မွန်လွဲ ၁း၃ဝ မှ ညနေ ၅းဝဝ အထိ ဆွေးနွေးခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက် မှ ၁၇ ရက်အထိ ရန်ကုန်မြို့ Myanmar Peace Center မှာကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ရေးကို NCCT-UPWC တို့ ဆက်လက်ဆွေးနွေး ကြရန် သဘောတူခဲ့ကြပါတယ်။ (May 2nd Draft အပြီးမှာတော့ ဆက်လက် ညှိနှိုင်းရန် ၃၁ ချက်ကျန်ရှိ နေပါတယ်။)

အလွတ်သဘောဆွေးနွေးပွဲမှ လိုအပ်ပါက လာမည့်ဆွေးနွေးပွဲအတွက် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံ ညှိနှိုင်းနိုင်ရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ဆွေးနွေးနေသည်နှင့် တစ် ပြိုင်တည်း မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ (Framework for Political Dialogue) အတွက် ပြင်ဆင်သည့် ပြင်ဆင်ရေးဆွေးနွေးပွဲများကိုဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။ (ဆုံးဖြတ်ချက်ချရန် မဟုတ်ဘဲ စတင် ပြင်ဆင်ရန်သာ ဖြစ်ပါတယ်။)

UPWC ဒု-ဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်းအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို ဖိတ်ကြားရှင်း ပြရန်နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် သြဂုတ်လ ဒုတိယအပတ်အတွင်း Myanmar Peace Center မှာ ဆောင်ရွက်နိုင်ဖို့ ဖိတ်ကြားရေးအတွက် ပြင်ဆင်လျက်ရှိပါတယ်။
NCCT-UPWC ဆွေးနွေးပွဲအပြီးတွင်လည်း NCCT-UPWC နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်တချို့ အလွတ် သဘောတွေ့ဆုံပြီး Framework for Political Dialogue ကို စတင်ဆွေးနွေးနိုင်ဖို့ကိုလည်း မျှော်လင့်ရပါ တယ်။ (ဒီဆွေးနွေးပွဲသည်လည်း ပြင်ဆင်ရေးအတွက်သာ ဖြစ်ဖွယ်ရှိပြီး၊ ဆုံးဖြတ်ချက်များချရန်အတွက် မဟုတ်ဘူးကို နားလည်မိပါတယ်။)

အခုအထိ UPWC-NCCT နှစ်ဖက်အရေးအကြီးဆုံး သဘောတူညီချက်ကတော့ (က) NCA လက်မှတ်ရေးထိုးပြီး ရက် ပေါင်း (၆ဝ) အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် (ခ) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉ဝ အတွင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့လူများပါဝင်တဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲပြီး (Political Dialogue) ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ပူပန်မှုကို ပြည်ထောင်စုဘက်မှ နားလည်သဘောတူပေး တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက်ပေးတာလည်း ဖြစ်ပါတယ်။ အခု ဆွေးနွေးရင်းနဲ့ နှစ်ဖက်အတွေ့အကြုံ ပိုရှိလာပါပြီ၊ Framework Meeting အချိန်မီ ပြီးစီးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို သဘောတူညီချက်အတိုင်း စနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ရေး၊ ညှိနှိုင်းရေးဆွေးနွေးပွဲတွေလုပ်ရ မယ်ဆိုတာ နှစ်ဖက်လုံးက သဘောတူညီဖြစ်ပါတယ်။ ဒီလို စတင်လာနိုင်မှာကိုလည်း နိုင်ငံသားတစ်ဦး အနေဖြင့် ကျွန်တော်ကြိုဆိုပါတယ်။ ခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ အများစု ဆွေးနွေးဆုံးဖြတ်နိုင်ကြမယ့် နိုင်ငံရေး သဘောတူညီမှုများ ထွက်လာမှာ ပါ။ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်ခန့်ဖို့အပြင် အားလုံးလိုချင်တဲ့ တန်းတူညီမျှမှု၊ အတူယှဉ်တွဲနေ ထိုင်နိုင်ကြမယ့် ဒီမိုကရေစီ နိုင်ငံအတွက် နိုင်ငံရေးပဋိဉဉ် (Political Pact) တွေဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ဒီပဋိဉဉ်ကို အောင်မြင်အောင်ဆက်လက် အကောင်အထည်ဖော်နိုင်မှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်မှာပါ။

ခရီးကတော့ ခရီးရှည်ပါ။ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။ မြစ်ကြီးနားကအပြန်မှာ ဆန္ဒပြုလိုတာက အားလုံးအပြုသဘောနဲ့ ပါဝင်နိုင် ကြဖို့ပါ။

(ဦးလှမောင်ရွှေသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန Myanmar Peace Center ၏ အထူးအကြံပေးပုဂ်္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဤဆောင်းပါးပါ အချက်အလက်နှင့် ယူဆချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/25310-2014-08-07-04-59-22

ပြန်ခေါက်ပါ...
{[['']]}

သြဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

သြဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

N Peace Network အဖွဲ့မှ ၂၀၁၄ခုနှစ်အတွက် အာရှနိုင်ငံရှိ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာ ဆုများထဲမှ N peace award Thinking outside the box ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆုကို နော်အုန်းလှ ဦးဆောင်သော ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး အမျိုးသမီးကွန်ရက်က ရရှိခဲ့သည်။

ဆုရွေးချယ်သည့် N Peace Network အဖွဲ့သည် အာရှနိုင်ငံအတွင်း အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သူ အမျိုးသမီးများကို ဆု အမျိုးအစားများခွဲ၍ ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် မြန်မာနိုင်ငံမှ အဆိုတင်သွင်းခံရသူ (၁၀)ဦးအနက် သုံးဦး ဆုပေးရွေး ချယ်ခံရသည့်အထဲတွင် နော်အုန်းလှတို့အဖွဲ့လည်း ရရှိခဲ့ခြင်းဖြစ်သည်။

ဆုရရှိမှုအပေါ် နော်အုန်းလှက “ဒီဆုက အန်တီတို့ ဒီမိုကရေစီအရေး အမျိုးသမီးကွန်ရက်ရှိတယ်။ ဒီဆုက ငြိမ်းချမ်းရေးတွေ လုပ်ဆောင်တာကို ပေးတယ်။ အခု အန်တီတို့နိုင်ငံမှာ လယ်ယာမြေ ငြိမ်းချမ်းရေးပြဿနာ မငြိမ်းချမ်းဘူး။ အဲဒါကို အန်တီတို့ အမျိုးသမီးကွန်ရက်တွေက လုပ်ပေးတယ်။ လုပ်ပေးတာက ၈နှစ်လောက်တော့ရှိပြီ။ အဲဒါကို အမျိုးသမီးကွန်ယက်ထဲက တစ် ယောက်ကို ရွေးချယ်တာလို့ ထင်တာ”ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

သူမသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတိုင်း ခံစားနေရသည့် လယ်ယာမြေ ပြဿနာအရေးတွင် လုပ်ဆောင်ပေးလျှက်ရှိပြီး ယခု အရေးကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းမှု ရနိုင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း နော်အုန်းလှက ဆက်လက် ပြောဆိုသည်။

ယခုနှစ် ဧပြီလမှစ၍ အွန်လိုင်းမဲပေးစနစ်ဖြင့် ၎င်းဆုကို ရွေးချယ်ခဲ့ကြရာ နော်အုန်းလှတို့အဖွဲ့အပြင် ဆုရွေးချယ်ခံရသည့် မြန်မာ နိုင်ငံမှ အခြားအမျိုးသမီးနှစ်ဦးမှာ မွန်အမျိုးသမီးအရေးဆောင်ရွက်နေသူ မိခင်ခင်ကြူနှင့် နိုင်ငံရေးလှုပ်ရှားသူ မဝေေ၀နုတို့ ဖြစ် ကြသည်။ ၎င်းတို့ကို ဇူလိုင်လ ၃၁ရက်နေ့က ဆုရွေးချယ်လိုက်ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့၌ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပမည်ဟု သိရသည်။

အဆိုပါဆုအတွက် အဆိုတင်သွင်းပေးသည့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာ နော်စူစဲန်နာလှလှစိုးက “ကျမက အရမ်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ သူ့ကိုလည်း လေးစားတယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ်က သူ့လိုလည်း မလုပ်နိုင်ဘူးလေ။ သူက လယ်သမားတွေအတွက် ထောင်ကျခံရတယ်။ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ဒီဆုက သူတို့အဖွဲ့ နဲ့ အရမ်းပဲ ထိုက်တန်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
N-peace Network သည် UNDP ၏ စီမံမှု၊ Australian Aid အဖွဲ့၏ ထောက်ပံ့မှုဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ သီရိ လင်္ကာ၊ အာဖဂ္ဂနစ္စတန်နှင့် နီပေါနိုင်ငံများရှိ ပဋိပက္ခဖြစ်ပွားမှုကို တားဆီးနိုင်ရန်နှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများတွင် ခေါင်းဆောင်နိုင်ရန် အရည်အချင်း တိုးမြှင့်လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုနှစ်အတွက် ဆု ၁၁ခုကို လူပုဂ္ဂိုလ် ဆယ်ဦးရရှိခဲ့ပြီး နော်အုန်းလှတို့၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်တဖွဲ့ သာ အဖွဲ့အနေဖြင့် ရရှိခြင်းဖြစ်သည်။ ယင်းဆုရွေးချယ်ပေးအပ်ခြင်းကို ၂၀၁၁ခုနှစ်ကတည်းက စတင်ခဲ့ရာ ယခုနှစ်တွင် လေး ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် http://n-peace. net/ တွင် ဖော်ပြထားသည်။
http://www.kicnews.org/2014/08/%E1%80%B1%E1%80%94%E1%80%AC%E1%80%B9%E1%80%A1%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%BD%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95-%E1%80%A1/
{[['']]}

စောဘဦးကြီးမူ (၄) ရပ် နှင့် KNU နိုင်ငံရေး လမ်းစဉ်

စောဘဦးကြီးမူ (၄) ရပ် နှင့် KNU နိုင်ငံရေး လမ်းစဉ်

အချိန်ကား ၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ -

နဘူးမြို့နယ် ထိုကော့ကိုး ကျေးရွာ အနီး လယ်တဲ တတဲတွင် ကရင် အမျိုးသား သစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏ သစ္စာဖေါက် သတင်းပေး မှုကြောင့် ရန်သူ တပ်မှ ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်းကေနှင့် အပေါင်းပါ တို့သည် တော်လှန်ရေး တာဝန် ထမ်းဆောင်ရင်း ရန်သူ၏ ၀ိုင်းရံ ပစ်ခတ်မှု ခံရ၍ ကျဆုံး သွားခဲ့သည်။

ဥက္ကဌ စောဘ ဦးကြီးသည် အင်အား နည်းသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄) ချက် အရ ရန်သူကို အရှုံးမပေး အညံ့မခံ လက်မမြှောက်ဘဲ ရှိသည့် လက်နက်များဖြင့် ရဲရင့်ပြတ်သားစွာ ပြန်လှန် ခုခံ တိုက်ခိုက်ရင်း ဂုဏ်ပြောင် မြောက်စွာ ကျဆုံးသော နေ့ဖြစ်သည်။

၎င်း၏ မူ (၄) ချက်မှာ
၁။ လက်နက်ချ စကား အလျဉ်း မပြောရ။
၂။ ကရင့် လက်နက် ကရင့် လက်ထဲတွင် ရှိရမည်။
၃။ ကရင့် ကံကြမ္မာ ကရင် ဖန်တီးမည်။
၎။ ကရင်ပြည်ကို အသိအမှတ် ပြုခြင်း ပြီးပြည့်စုံ စေရမည် - ဟူ၍ ဖြစ်သည်။

ထို သြဂုတ်လ (၁၂) ရက်နေ့ကို ကရင့် အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက် မဟုတ်ဘဲ ကရင့် လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူ သွားသူများ အားလုံးကို ရည်ညွှန်း ချီးကျူး ဂုဏ်ပြုသော နေ့ဖြစ်သည်။

ထိုမှ စဉ်ဆက်၍ ကရင် အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ခဲ့သည်မှာ (၆၃) နှစ် သို့တိုင် ရောက်ရှိပြီ ဖြစ်သည်။

သို့သော်လည်း လက်ရှိ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ နေဆဲ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင် များက ၄င်းစောဘဦးကြီး ချမှတ် ခဲ့သည့် မူများ အတိုင်း အကောင်အထည် ဖော်နိုင် လေမည်လား ? ကရင့် လက်နက်ကိုင် တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် များက ဘာတွေ ဖြစ်လေ မည်နည်း ? စသည့် ကေအန်ယူ၏ နိုင်ငံရေး ရပ်တည်ချက်၊ သဘောထား မှတ်ချက် များကို ရွှေဟင်္သာ သတင်း ဌာနမှ ကရင် အမျိုးသား အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၂) ဗဒိုမန်းမန်း အား ဆက်သွယ် မေးမြန်း ထားသည် များကို တင်ပြ ပေးလိုက် ပါသည်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကေအန်ယူ လက်နက်ကိုင် တော်လှန်ရေး ရည်ရွယ်ချက်ကို ပြောပြ ပေးနိုင်မလား ?

ဗဒိုမန်းမန်း (ဖြေ) - KNU နဲ့နိုင်ငံရေး လမ်းစဉ် လုပ်ငန်းစဉ် ကတော့ တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ အဓိက အဲဒါပဲ၊ ဖယ်ဒရယ် တည်ဆောက်ဖို့ အဓိက အခြေခံ နှစ်ချက်ပေါ့။

ရွှေဟင်္သာသတင်းဌာန (မေး) – ဘယ်အတိုင်းအတာ ရောက်မှ လက်နက်ကိုင် တောင်လှန်ရေးကို အဆုံးသတ် သွားမှာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အဓိက ကတော့ အမျိုးသား တန်းတူရေး၊ တစ်ဆက် တည်းမှာ ဒီမိုကရေစီ အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက် နိုင်မယ် ဆိုတဲ့ အဲဒီ အခြေခံတဲ့ ကေအန်ယူ လမ်းစဉ် လုပ်ငန်းစဉ် အပေါ်မှာတော့ ကျွှန်တော်တို့ တော်လှန်ရေး ရည်မှန်းချက် အဓိက ပန်းတိုင်ပဲ။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ရဲ့ အခြေခံ နိုင်ငံရေး လမ်းစဉ်ကို ဆရာ့ အနေနဲ့ ပြောကြား ပေးနိုင်မလား?

ဗဒိုမန်းမန်း (ဖြေ) - ကရင်အမျိုးသား ထဲမှာ ကိုယ့်ရဲ့ ပြည်နယ် ဆိုတာ ရှိရမယ်၊ ကရင်ပြည်နယ် ပေါ့နော်၊ နောက်ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဆိုတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ဖြစ်တယ်။ အခြေခံ ကတော့ အဲဒါ ပါပဲ။

ရွှေဟင်္သာသတင်းဌာန (မေး) – ဆရာတို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက် လာခဲ့မယ် ဆိုရင် ကရင် အမျိုးသား တွေအနေနဲ့ ဘယ်အခန်း ကဏ္ဍကနေ ပူးပေါင်း ပါဝင် လုပ်ဆောင် သွားမလဲ ?

ဗဒိုမန်းမန်း (ဖြေ) - ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဆိုတာ ပြည်ထောင်စုရဲ့ အခြေခံ အနှစ်သာရ ပဲပေါ့။ ကျနော်တို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ ရှိတဲ့ အပေါ်မှာ တိုင်းရင်းသား တွေရဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်နဲ့ တိုင်းရင်းသား အားလုံး အတူတကွ ယှဉ်တွဲနေထိုင် နိုင်ဖို့ ဒီမိုကရေစီ ပီပြင်ဖို့ စနစ် ကိုတော့ ကျနော်တို့ နိုင်ငံကို တည်ဆောက် ပြီးတော့ ဒါဟာ ခြေလှမ်း တက်ရမှာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက် လာမယ် လို့ရော ဆရာတို့ ယုံကြည် ထားလား ?

ဗဒိုမန်းမန်း (ဖြေ) - ဒါက မဖြစ် မနေ မလွဲ မသွေ ရရှိ ရမယ့် ကိစ္စ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကနေ့ ကျွှန်တော်တို့ တိုင်းရင်းသား အားလုံးကလည်း အဲဒီ အပေါ်မှာပဲ အခြေခံ ကြပါတယ်။ လွတ်လပ်ရေး မရခင် ကတည်းက၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ထိတော့ ကျနော်တို့က ဖယ်ဒရယ် ပြည်ထောင်စု သွားမယ် ဆိုတာ ကတော့ သွားလည်း သွားရမယ့် အနေအထားမှာ ရှိတယ်။ သို့သော်လည်း ကျနော်တို့ ခေတ် အဆက်ဆက်က အာဏာရှင်ရဲ့ စနစ်ကြောင့် သို့တည်း မဟုတ် လူမျိုးကြီး ဝါဒ စနစ်တွေကြောင့် ကနေ့ ထက်ထိ ကျနော်တို့ရဲ့ မျှော်မှန်းထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ရဖို့အတွက် ကျနော်တို့ တိုက်ပွဲ ဝင်နေရတာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ဆိုတာကရော ဘယ်လို အခြေခံ ပြီးတော့ ဖြစ်ပေါ်လာ တာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - KNU ကတော့ ကျနော်တို့ စတည် ကတည်းက ၁၈၈၁ ခုနှစ် Karen Nation Association က စခဲ့တယ်။ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့် စပြီး ကိုလိုနီ ကာလ၊ ဗြိတိသျှ အုပ်ချုပ်ရေး ကာလ၊ ဗမာပြည်ရဲ့ တော်လှန်ရေး ကာလ ကနေ တဆင့်ပြီး တစ်ဆင့် KNA ရယ် နောက် KRC ရယ် KYO ဆိုတဲ့ ကရင် အမျိုးသားစုတွေ အားလုံးကနေ ပြန်ပေါင်းစု ပြီးတော့ ကရင် အမျိုးသား အစည်းအရုံး ဆိုပြီး ဖြစ်လာတယ်။ ကရင်အမျိုးသား အစည်းအရုံး ဆိုတာ အရင်ကတည်းက ရှိခဲ့ပါတယ်၊ ကနေ့လည်း ရှိနေပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU အနေနဲ့ စောဘဦးကြီးမူ အတိုင်း ဆောင်ရွက် သွားမယ်လို့ ရည်မှန်း ထားပါသလား ?

ဗဒိုမန်းမန်း (ဖြေ) - စောဘဦးကြီး ချမှတ် ထားတဲ့ လမ်းစဉ် အတိုင်း သူကျဆုံး သွားပြီးနောက် စောဘဦးကြီးရဲ့ မူလမ်းစဉ် အတိုင်း ကျနော်တို့ ဒီကနေ့အထိ လုပ်ဆောင် နေပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကရင့် တော်လှန်ရေး အောင်မြင်နိုင်ခြေနဲ့ ရှူံးနိမ့်နိုင်မယ့် အနေအထားကို ဘယ်လို သုံးသပ် ပါလဲ ?

ဗဒိုမန်းမန်း (ဖြေ) - စောဘဦးကြီး မိန့်ကြား ထားတဲ့ ကရင့် တော်လှန်ရေး ဆိုတာက အောင်မြင်နိုင်မဲ့ လမ်းကြောင်းက ၃ ကြောင်း ရှိပါတယ်။ ဆုံးရှုံး နိုင်မဲ့ လမ်းကြောင်းက ၁ ကြောင်းပဲ ရှိပါတယ်။

အောင်မြင်နိုင်မဲ့ လမ်းကြောင်း ၃ ကြောင်း ဆိုတာက ဗမာက နေပြီးတော့မှ စေတနာရှိ သနားမယ် ဆိုပြီး ရနိုင်မယ့် လမ်းကြောင်း တစ်ကြောင်း၊ ကျနော်တို့ တိုက်ပွဲ ဝင်ပြီး တိုက်ယူလို့ ရမယ့် လမ်းကြောင်းက တစ်ကြောင်း၊ နိုင်ငံတစ်ကာရဲ့ ဖိအားကြောင့် ရနိုင်တဲ့ လမ်းကြောင်းက တစ်ကြောင်းပေါ့။ ကျနော်တို့ မြင်တာကတော့ စောဘဦးကြီး မျှော်မှန်း ထားတဲ့ ကရင့်တော်လှန်ရေး အောင်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းဟာ (၃) ခု စလုံးမှာ တစ်ချိန် တည်းမှာပဲ ဖြစ်ပေါ် နေရမှာ ဖြစ်ပါတယ်။ ဗမာတွေ ဘက်ကလည်း ဒီကရင် ပြည်နယ်ကို ပေးဖို့ ကရင်တွေကို အသိအမှတ် ပြုပေးဖို့ ဆိုတာကိုသူတို့ရဲ့ စေတနာ ပါဖို့ လိုတယ်။

သို့သော်လည်းပဲ ရှုံးနိုင်မယ့် လမ်းကြောင်းက စောဘဦးကြီးက ဘာပြော သလဲ ဆိုတော့ ကရင် လူမျိုးတွေက ရန်ကုန်မှာ သွားပြီးတော့မှ လည်စင်း ခံမယ် ဆိုရင်တော့ ကျဆုံးနိုင်မယ့် လမ်းကြောင်းပါပဲ။ ဆိုလိုတာက သူပြောသွားတဲ့ မိန့်ခွန်း ကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးဟာ ရန်ကုန်မှာ လည်စင်း မသွားခံ သ၍တော့ ဘယ်တော့မှ မရှုံးပါဘူး။ အခုအချိန် ကာလမှာ နေပြည်တော်မှာ လည်စင်း သွားမခံဘူး ဆိုရင် မကျရှုံး နိုင်တဲ့ သဘောပေါ့။

ဒါကြောင့် ကျနော်တို့က ဒီကနေ့က တကယ် အရေး ကြီးတဲ့ အခြေအနေ အချိန်အခါ ရောက်ပြီ ဖြစ်တယ်။ နိုင်ငံတကာ ကလည်းပဲ ဖိအားတွေ ရရှိပြီး ဖြစ်တယ်။ ကျနော် တို့ရဲ့ နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲ ဝင်လာ ထားတဲ့ ကရင့် တော်လှန်ရေးက တိုက်ပွဲရဲ့ အောင်ပွဲ အဆင့်ဆင့် မှာလည်း ရှိခဲ့သလို ဗမာ လူမျိုး တွေထဲ မှာလည်းပဲ ကျနော်တို့ကရင် လူမျိုးတွေ အပေါ်မှာ တစ်နည်း အားဖြင့် တိုင်းရင်းသား တွေ အပေါ်မှာ နားလည် စာနာ တတ်တဲ့ ဗမာ လူမျိုးတွေလည်း အများကြီး ရှိပါတယ်။ ဗမာ လူမျိုးရေး ဆိုပြီး လူထု လူတန်းစားတွေ အုပ်ချုပ်တဲ့ လူတန်းစားတွေ ဒါကို သိရှိ နားလည် နိုင်ကြတဲ့ လူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကရင့် တော်လှန်ရေးပဲ ပြောပြော တိုင်းရင်းသား တွေရဲ့ မျှော်မှန်းတဲ့ ရည်မှန်းချက်က မကြာခင်မှာ အောင်ပွဲ ခံမှာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကရင်ပြည်နယ်ကို သီးခြား ပြည်နယ် အဖြစ် တောင်းဆိုမှု မျိုးကိုရော လုပ်ဆောင် သွားမလား ?

ဗဒိုမန်းမန်း (ဖြေ) - ကျနော်တို့က ကရင်ပြည်နယ်ကို သီးခြား ပြည်နယ် ရယ်လို့ မပြောပါဘူး။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ အဝန်း အဝိုင်း အောက်မှာပဲ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

ဒါပေ မယ့်လည်း ကျနော်တို့ ပြည်နယ် ခွဲဝေတဲ့ သတ်မှတ်တဲ့ နေရာ မှာတော့ တိုင်းရင်းသား ပြည်နယ်နဲ့ တိုင်းရင်းသားများ ပြည်နယ်ဆိုပြီး ဖယ်ဒရယ် ပြည်ထောင်စုကို အခြေခံ ပြီးတော့မှ တစ်နိုင်ငံလုံးမှာ ကျနော်တို့ပြည်နယ် အဆင့်ကိုပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။ တိုင်းဆိုတာ မျိုးကို ကျနော်တို့ မထားတော့ဘူး။ ဆိုတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ရှိမယ်။ ထိုနည်းတူစွာ ဗမာပြည်နယ် မဖြစ်မနေ ရှိရမယ့် အခြေအနေ ရှိသလို တိုင်းရင်းသား လူမျိုးများ စုပေါင်း နေထိုင် နေကြတဲ့ ဧရာဝတီတိုင်းလိုမျိုး ဆိုရင် ကရင် လူမျိုးတွေ အများဆုံး ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က တိုင်းရင်းသားများ ပြည်နယ် အဖြစ် တစ်နည်း အားဖြင့် ဧရာဝတီပြည်နယ် အဖြစ်ခေါ်ဆို သတ်မှတ် ပြီးတော့ ပြည်နယ် အားလုံးမှာ တန်းတူ ညီတူ ရှိတဲ့ သူ့ရဲ့ အဆင့်အတန်း တွေကိုပဲ ကျနော်တို့ခွဲဝေ သတ်မှတ် ထားရမှာဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ရဲ့ လက်နက်ကိုင် တော်လှန်ရေး ကရော ဘယ်လို စတင်ပြီးတော့ ဖြစ်ပေါ် လာတာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - KNU တော်လှန်ရေးက ကရင့် အမျိုးသားတွေရဲ့ အခွင့်အရေး ကရင် အမျိုးသား တွေရဲ့ တန်းတူရေး ဆိုတဲ့ အပေါ်မှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျနော်တို့က ပထမဆုံး ကရင် အမျိုးသား များကနေပြီးတော့မှ ကရင်ပြည်ကို သတ်မှတ်ဖို့ ဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒ ပြခဲ့တာ ဖြစ်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြီးတော့မှ နှိမ်နှင်း ခံရတဲ့ အပေါ်မှာမှ ကိုယ့်လူမျိုးကို ပြန်လည် ခုံခံ ကာကွယ်ဘို့ အတွက် ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် တော်လှန်ရေးကို စတင် ခဲ့တာ ဖြစ်တယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – အနာဂါတ်မှာ ကရင် ပြည်သူ တွေအတွက် ကရင်အမျိုးသား အစည်းအရုံးက ဘာများ အကျိုးပြု လုပ်ဆောင် သွားဖို့ ရှိလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အနာဂတ် ပြည်သူတွေ အတွက် ကျနော်တို့ ရည်မှန်း ထားတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို တိုင်းရင်းသား အားလုံးက စုပေါင်း ဆောင်ရွက်ဖို့ လိုအပ်မယ်။ နောက်ပြည်သူလူထု တစ်ရပ်လုံး ကနေ ပြီးတော့မှ ကျနော်တို့ လိုလား တောင်းဆို နေတဲ့ ဒီမိုကရေစီ အခွင့်အရေး နောက်တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် တွေကို အားလုံးက ပါဝင်ဆောင်ရွက် မယ်လို့ပဲ ပြောချင်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – လက်ရှိ ရရှိ ထားတဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေ ကိုရော ဘယ်လိုများ သုံးသပ် ပြောကြား ချင်ပါသလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အပစ်အခတ် ရပ်စဲရေး ကတော့ ပဏမ ဆိုတဲ့ အဆင့်ပဲ ရှိသေးပါတယ်။ ပဏာမ အပစ်အခတ် ရပ်စဲရေး ဆိုတာ လည်းပဲ ကျနော်တို့က ဘာတစ်ခုမှ တိတိကျကျ တပ်ပိုင်း ဆိုင်ရာ အရ သဘော တူညီချက် သဘောထား ရရှိမှုတွေ ဘာမှ မရှိပါဘူး။ အပစ်အခတ် ရပ်စဲရေး အတွက် ဒါလက်မှတ် ရေးထိုးတဲ့ ပဏာမ အဆင့်သာ ရှိတဲ့ အခါကျတော့ ကျနော်တို့ ဒီအပစ်အခတ် ရပ်စဲရေးကို တိုးတက် လာတယ်လို့ ကျနော်တို့မ တွေ့ ရသေးဘူး။
{[['']]}

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

ကေအဲန်ယူနှင့်ဗမာအစိုးရ ငြိမ်းခြမ်းရေးစတင်ဆွေးနွေးကတည်းက မန်းငြိမ်းမောင်ရဲ့အင်တာဗျူးတွေ အများကြီးထွက်လာပါတယ်။ ဒီတကြိမ်အင်တာဗျားက ဖတ်ရတာ လျှာခလုတ်မတိုက်ဘူး.. နဲနဲ အဆင်ပြေတယ် လုပ်ပြောရပါမယ်။

" ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို
ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"
================================

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

ဟုတ်ကဲ့ မန်းငြိမ်းမောင်ခင်ဗျာ။ မန်းက တစ်ကျွန်းပြန်လည်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပါ။ အခုတစ်ကျွန်း ကနေ ထွက်ပြေးလွတ်မြောက်မှုကို စာအုပ်လည်း ရေး သားထုတ်ဝေထား တာဆိုတော့ ကိုကိုးကျွန်းမှာ မန်းတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးကို အကျဉ်းပြောပြပါလား။

ဖြေ - ကျွန်းပို့တယ်ဆိုမှတော့ လမ်းဆုံး သွားပြီလေ။ အမှန်က နိုင်ငံရေးအကျဉ်း သားဆိုတာ စောင့်ရှောက်ပေးရမယ်။ ကျွန်တော်တို့ကို ရိက္ခာထုတ်ပေးတယ်။ ကိုယ့်ဟာကိုယ် ချက်စားရတယ်။ သူတို့ ကတော့ ကိုယ်ထူကိုယ်ထ စနစ်လို့ ပြော တာပဲ။ ပြီးတော့ ကျွန်တော်တို့ ဆေးဝါး အပြည့်အစုံမရဘူးဗျ။ အာဟာရချို့တဲ့ တာကတော့ လူတိုင်းလိုလိုပါပဲ။ ဒီလို တွေကြောင့်ပဲ အစာငတ်ခံတိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ နှစ်ကြိမ်မီခဲ့တယ်။ နောက်ဆုံး တစ် ခေါက်ဆို ပြင်းထန်တယ်။ ၅၃ ရက်ကြာ တယ်ဆိုတော့ အပြင်းထန်ဆုံးပဲပေါ့။ ဖိ နှိပ်မှုက အလွန်ပြင်းတယ်လေ။ အဲ့ဒီ ခေတ်ကတော့ ဘာသတင်းလွတ်လပ် ခွင့်မှ မရှိတော့ ကျွန်းပို့တာတောင်မှ ဘတ်စ်ကားကြီး ထုံးသုတ်ပြီး ညသန်း ခေါင်ကြီးပို့တာလေ။ တိုင်းပြည်ကလည်း ကျွန်းပို့တယ်ဆိုတာ နောက် အနှစ် ၃ဝ လောက်မှ သိရတာလေ။ ကျွန်တော်တို့ ကို ကျွန်းမပို့မီမှာ အင်းစိန်ထောင်မှာ ရိုက်တာနှက်တာတင် တချို့ဆိုနံရိုးကျိုး၊ တချို့ဆို သရက်ရွက်၊ ကျောက်ကပ်ပျက် စီးနဲ့ ကျွန်းမပို့မီမှာ အပြင်းထန်ဆုံး နှိပ်စက်ပြီးမှ ပို့တာလေ။

ဟုတ်ကဲ့ပါ။ မန်းထောင်ကလွတ် လာပြီး မကြာခင်မှာပဲ မန်းဟာ နိုင်ငံရေး ဓားစာခံအနေနဲ့ အသုံးချခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုမန်းတို့ KNU က အစိုးရနဲ့ ဆက်ဆံရေးအကောင်းဆုံး အနေအထားလို့ ပြောလို့ရတယ်။ ဒါဆို မန်းကဘယ်လိုအကြောင်းအချက် တွေကြောင့် မန်းတို့ကလက်ရှိ အစိုးရ အပေါ် ယုံကြည်မှု တိုးပွားလာစေတာလဲ။

ဖြေ - တွေ့ဆုံဆွေးနွေးမှုပေါ့ဗျာ။ ကျွန် တော်တို့ သမ္မတကြီးနဲ့ နှစ်ခါတွေ့တယ်။ ပြီးတော့ သူ့ရဲ့ နိုင်ငံတော်အခြေပြု မိန့် ခွန်းတွေနဲ့ အခြားမိန့်ခွန်းတွေကို လေ့ လာတယ်။ သမ္မတကြီးဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ့် သူဆိုတာကို ကျွန်တော်ယုံတယ်။ ဒါ့ ကြောင့် သမ္မတကြီး အပြောင်းအလဲကို သတ္တိရှိရှိ ဖော်ဆောင်ပါ။ ကျွန်တော်တို့ ထောက်ခံပေးပါ့မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကာချုပ်နဲ့လည်း တွေ့ဖြစ် တယ်။ အဲ့ဒီမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကျွန်တော်တို့ဆီက အကြံဥာဏ်တွေတောင်းတယ်။ပြီးတော့ အဲ့ဒီအတိုင်းလည်းတချို့နေရာ ကျင့်သုံး တာတွေ့ရတယ်။ ဒီအချက်တွေကပဲ ကျွန်တော်တို့ကြားက ယုံကြည်မှုကို တိုး ပွားလာေ စတာပေါ့ဗျာ။

► တလောက ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ တွေ့ဆုံပြီး တစ်ခု တည်းသော နိုင်ငံရေး ရပ်တည်ချက်၊ တစ်ခုတည်းသော လက်နက်ကိုင် တပ် မတော် အဖြစ် ပေါင်းစည်းရေး ဆွေးနွေး ခဲ့ကြပါတယ်။ မူအားဖြင့်လည်း သဘော တူခဲ့ကြတယ်လို့သိရပါတယ်။ အကောင် အထည်ပေါ်လာဖို့ ဘယ်လိုအနေအထား ရှိမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အဲဒါကတော့ ယေဘုယျ သဘောထားပါပဲ။ ဒါတွေက အခက်အခဲ အများ ကြီးရှိတယ်။ ကရင်ဆိုတဲ့ ကရင်လူမျိုး အနေနဲ့ တူတာဆိုတာကလွဲလို့ ကျန်တဲ့ အကျိုးစီးပွားတွေ အတွက် ကျန်တဲ့ အ ခက်အခဲတွေက အများကြီးပါ။ ဒါပေမဲ့ ဒီလိုပေါင်းစည်းလိုတဲ့ ဆန္ဒရှိတာကိုက အပြုသဘော ဆောင်တယ်လို့ ကျွန် တော် ယူဆပါတယ်။ ဒါပေမဲ့ တစ်ခုတည်း စု စည်းဖို့ဆိုတာ အလွန်ခက်ခဲ ပါလိမ့်မယ်။ အထူးသဖြင့် နယ်ခြား စောင့်တပ် BGF ပေါ့။ BGF က တပ် မတော်ရဲ့ ချုပ်ထိန်းမှုအောက်မှာ ရှိနေတာက ပိုပြီးခက်ခဲစေ ပါတယ်။ ဒါပေမဲ့ ဒါကအစိုးရနဲ့ နိုင်ငံရေးအရ ပြေလည်မှုအပေါ်မှာ မူတည်ပါတယ်။

► ဟုတ်ကဲ့ပါ မန်း။ နောက်တစ်ချက် စိတ်ဝင်စားတာက အခု KNU ထိန်း ချုပ်ဒေသတွေမှာ သယံဇာတ တူးဖော် ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဘယ်လို သဘောတူညီမှုမျိုး ရှိပါသလဲ။

ဖြေ - ဘာမှမရှိဘူး။ ဘာတိုးတက်မှုမှ မရှိသေးဘူး။ ကျွန်တော်တို့ကလည်း ဒီ အပေါ်မှာ ဘာဖြစ်သလဲဆိုရင် သယံ ဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး ထည့် သွင်းစဉ်းစား ဆင်ခြင်ရမယ့် ကိစ္စတွေ အများကြီးလေ။ ဥပမာ မြစ်ဆုံ၊ လက် ပံတောင်းတောင် ကိစ္စတွေ၊ ဒါတွေဟာ သင်ခန်းစာယူရမယ့် ဖြစ်ရပ်တွေပဲ။ ဒါ့ ကြောင့် ကျွန်တော်တို့က သယံဇာတ တူးဖော်ရေးနဲ့ ပတ်သက်ရင်အဓိက စဉ်း စားတာကဒေသခံပြည်သူတွေ မထိခိုက် ဖို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့၊ အဲဒါတွေကို သတိထားရမယ်။ သယံ ဇာတဟာ ပြည်သူကို အဓိက အကျိုးပြု စေရမယ်ဆိုတဲ့ အချက်ကို အဓိက စဉ်း စားမယ်။ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုး စီး ပွားအတွက် မလုပ်မိဖို့ အခြေခံ စည်း ကမ်းချထား တယ်။

► အခုလက်ရှိမှာ ဟတ်ကြီးဆည်တည်ဆောက်ရေး အနေအထားကရော။

ဖြေ - ဟတ်ကြီးဆည် စီမံကိန်းက ဘာ တိုးတက်မှုမှ မရှိသေးဘူး လုပ်မယ်ဆို တဲ့ ကုမ္ပဏီတွေက ဆာဗေး (လေ့လာတိုင်းတာရေး) အဆင့်ပဲ ရှိသေးတယ်။ ဆည်တစ်ခု လုပ်ပြီဆိုရင် ငလျင်ကြော လွတ်သလား၊ မလွတ်ဘူးလား ဆိုတာ အဓိကကျတယ်။ အဲ့ဒါကို ထည့်မစဉ်း စားရင် နောက်ပိုင်း အရမ်းအန္တရာယ် ရှိတယ်။ အခုတော့ လေ့ လာတဲ့အဆင့် မှာပဲ ရှိသေးတယ်။ ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ပြီးတော့ နယ်မြေ ပြ ဿနာပေါ့။ ဆည်တည်ဆောက်ရေး လုပ်ငန်းခွင်ဟာ ဘယ်သူ့ထိန်း ချုပ်မှု အောက် မှာ ရှိမလဲဆိုတာနဲ့ ပတ်သက် ပြီး အမြင်တွေ ညှိနေကြတုန်းပါ။ အပြင် မှာသိထားသလို မဟုတ်ပါဘူး။ ပြီးတော့ KNU ရဲ့ တရားဝင် စီး ပွားရေးလုပ်ငန်းကတော့ ဘာမှ မရှိသေး ဘူး။ အခုမှ လေ့လာတုန်း။ ကျွန်တော် တို့ ကရင်တွေက စီးပွားရေးမှ မလုပ် တတ်တာ။ တစ်သက်လုံးစစ်တိုက်လာ တာ ဆိုတော့ ခရီးသွားလုပ်ငန်းဆိုတာက လည်း အခုမှကုမ္ပဏီဆိုင်းဘုတ် ထောင် တာပဲ ရှိသေးတယ်။ ခရီးသည် တစ် ယောက်မှတောင် မလာသေးဘူး။

► ပြီးတော့မန်းလက်ရှိပြည်နယ်အစိုး ရတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ရော KNU က ဘယ်လို ရှုမြင်လဲ။ ဘာလို့လဲဆိုတော့ ကဏ္ဍတော်တော်များများ မှာ ပြည်ထော င်စုအစိုးရက ချုပ်ကိုင်ထားတဲ့ အခြေအနေမျိုးဆိုတော့ ဥပမာသစ်တောကဏ္ဍတို့ သဘာဝသယံဇာတ ကဏ္ဍတို့မှာပေါ့။

ဖြေ - သေချာတာပေါ့။ ပြည်နယ်အစိုး ရတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မယ်မယ်ရရ မရှိသေးဘူး။ အခု ပြည်နယ် အစိုးရ တို့ ပြည်ထောင်စုအစိုးရတို့ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေအရ တည် ဆောက်ထားတဲ့ ယန္တရားဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ် တော်တော်များများ ဟာ စစ်ဗိုလ်ချုပ်လူထွက်တွေပဲဗျာ။ ဘာ ပြည်နယ်ရဲ့ အကျိုးစီးပွားမှ မရှိဘူး။ သူ တို့ရဲ့ အကျိုးစီးပွားပဲ ရှိတယ်။ နားလည် မှု အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာကို ပြင်ဆင်ညှိနှိုင်းသွားရမယ့် အခြေအနေပဲ။ ဒီတိုင်းပြည်မှာ တိုင်း ရင်းသားေ တွ ဟာ သူ့နယ်၊ သူ့ဒေသကို သူတို့ ပိုင်တယ်ဆိုပြီး ခံယူထားတယ်။ ကျွန်တော်တို့ တိုက်နေတာကလည်း အဲဒါကြောင့်ပဲ။ အစိုးရကလည်း ခေတ် အဆက် ဆက်မှာ ကို မြေပေါ်မြေအောက် သယံဇာတကို နိုင်ငံတော်က ပိုင်ဆိုင် တယ်ဆိုပြီး ဥပဒေနဲ့ကို ပြဋ္ဌာန်းထား တယ်။ အဲဒီမှာပဲ အမြင်နှစ်ခု ချဉ်းကပ် ပုံနှစ်ခုက အခြေခံကစပြီး ကွဲနေတော့ တာပဲ။

► ပြီးတော့ ခေတ်အဆက်ဆက် အစိုးရတွေဟာ တိုင်းရင်းသားလူနည်းစု တွေအပေါ် ဘာသာရေးအရရော၊ လူမျိုးရေးအရရော ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့တယ်လို့ အများက ယူဆထားကြ ပါတယ်။ ဒီအပေါ် မန်းတို့အမြင်ကရော။

ဖြေ - အမှန်ပေါ့ဗျာ။ အစဉ်အဆက်ဆို တာ အခုမှမဟုတ်ဘူး။ ဟိုးပဒေသရာဇ် ခေတ်တွေကတည်းကပဲ။ ဗမာသမိုင်း ရေးဆရာတွေက အနော်ရထာတို့၊ ဘု ရင့်နောင်တို့ဆိုတာ တကယ့်တိုင်းပြု ပြည်ပြု မင်းကောင်းမင်းမြတ်တွေ၊ တ ကယ့် ခေါင်းဆောင်တွေအနေနဲ့ သတ် မှတ်ထားတယ်။ ဗမာသမိုင်းဆရာတွေ က။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်း သားတွေက ဒီမင်းတွေဟာ တိုင်းရင်း သားတွေကို မျိုးဖြုတ်ခဲ့တာလို့ မြင်ထား တာဆိုတော့ သမိုင်းအမြင်ချဉ်းကပ်ပုံ ကိုက မတူဘူး။ ကျွန်တော်တို့ ဒါကို အများကြီး ညှိရဦးမယ်။ ကျွန်တော်တို့ နေပြည်တော်ကအရုပ်ကြီးတွေက လူမျိုး ကြီးစိတ်ဓာတ်အရ အခြေခံပြီး ထုထား တာ။ အဲ့ဒီအရုပ်တွေက အခုဆို နေရာ တကာမှာ လည်း တွေ့ရတယ်။ အဲ့ဒီအ မြင်နဲ့ပတ်သက်ပြီး အများကြီး ညှိရဦး မယ်။

► အခု လက်ရှိအနေအထားကရော။

ခင်ဗျားမေးတာ ကျွန်တော် သဘောပေါက်တယ်။ နှစ်ပေါင်းထောင် နဲ့ချီရှိခဲ့တဲ့ ဒီစိတ်ဓာတ်မျိုးက လျော့ မယ်ဆိုလည်း နည်းနည်းပါးပါးပဲ လျော့နိုင်မှာပေါ့ဗျာ ဟုတ်တယ်မို့ လား။

► မြန်မာနိုင်ငံရဲ့အနာဂတ် ဘာဖြစ် မလဲဆိုတာ ဘာသာရေးနဲ့ တိုင်းရင်းသား ရေးရာတွေက အဖြေထုတ်ပေးလိမ့်မယ် လို့ အမေရိကန်ကော်မရှင်က ထုတ်ပြန် တဲ့ ရီပို့ထဲ မှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အဆိုအပေါ် KNU က ဘယ်လို အကဲ ဖြတ်လိုပါသလဲ။

ဖြေ - ဘာသာရေးတော့ ကျွန်တော် မသိဘူး။ ဒီတိုင်းပြည်မှာ မတော်လှန်တဲ့ တိုင်းရင်းသားလူမျိုး တစ်ခုမှ မရှိဘူး။ ဟုတ်တယ်နော် ကျွန်တော်တို့ တိုင်းပြည် ရဲ့ အဓိက ပြဿ နာက တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်တာပဲ။ အဲ့ဒါ ရဲ့ အကျိုးဆက်က ပြည်တွင်းစစ် မငြိမ်း တော့ဘူး။ တိုင်းရင်းသားအရေးကို မဖြေရှင်းပေးနိုင် ဘူးဆိုရင် ဒီတိုင်းပြည် မှာ ပြုပြင်ပြောင်းလဲရေးတို့၊ ဒီမိုကရေစီ ရေးတို့ လာမပြောနဲ့။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အိပ်မက်တောင် မက်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင် ခြင်း ရှိ၊ မရှိအပေါ် လုံးဝမူတည်တယ်။

တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင် ကြလို့လည်းကျွန်တော်တို့တွေ နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် တိုက်ခဲ့ကြရ တယ်လေ။ အခု ခင်ဗျားတို့ မြင်တယ်မ ဟုတ်လား။ ကျွန်တော်တို့ တိုင်းပြည်သူ များထက်နောက်ကျကျန်ခဲ့ပြီလေ။ ပြည် တွင်းစစ်ရပ်စဲပြီး ပြည် တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘဲနဲ့ ဒီမိုကရေစီစနစ်ကို ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာမှ မဖော်ဆောင်နိုင်ဘူး။ ဒီမိုကရေစီသမား အများစုကတော့ ဒီမိုကရေစီအရေး မိုး မွှန်အောင်ပြောမှာပေါ့။ တကယ်က တိုင်းရင်းသား ပြဿနာက ပိုပြီး အဓိက ကျပါတယ်။ ဒီမိုကရေစီက ပါးစပ်နဲ့ အော်ပြီး ပါးစပ်နဲ့တိုက်တာ။ ကျွန်တော် တို့က သေနတ်နဲ့တိုက်တာ။ ဒီသေနတ် သံတွေ မတိတ်ဘဲ ဘယ်လိုလုပ် ဒီတိုင်း ပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာလဲဗျာ။ စဉ်းစားပါဦး။
{[['']]}

ကအဲန်ယူ၊ ဖာပွန်ခရိုင်/တပ်မဟာ (၅) စစ်ရေးချုပ်

ကအဲန်ယူ၊ ဖာပွန်ခရိုင်/တပ်မဟာ (၅) စစ်ရေးချုပ် ဗိုလ်မှူးစောကလယ်ဒို့နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း

မှတ်ချက်။ ။ ဘနဖူးကို သိုက်တူးချင်တဲ့ လူတွေ ဆက်ဆံရေးရုံးတွေကို ဖင်ယားနေအောင်ဖွင့်ချင်ပြီး လုပ်စားချင်တဲ့လူတွေ လေ့လာသင့်တဲ့အင်တာဗျူးတစ်ခုလို့ ဆိုရပါမယ်။

ကေအိုင်စီ - အင်တာဗျူး

မေး – ကေအဲန်ယူနဲ့ အစိုးရတို့ လက်ရှိလုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း တပ်မဟာ (၅)ရဲ့ ရပ်တည်ချက်သဘောထားက ဘယ်လိုရှိပါသလဲ။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလဖြစ်တဲ့ အခုချိန်မှာ ကျနော်တို့အထက်ကခေါင်းဆောင်တွေ အစိုးရနဲ့ တွေ့ ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်သေးပါဘူး။ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအောင် လုပ်နေ တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် တိကျခိုင်မာတဲ့ အခြေအနေတခု မရောက်သေးတဲ့ အနေအထားမှာ ကျနော်တို့ဒေသမှာ ပဋိပက္ခဖြစ်ပေါ်စေမယ့် ဘယ်လုပ်ရပ်မဆို ကျနော်တို့မလုပ်စေချင်ဘူး။ အဲဒီအတွက် ကျနော်တို့တပ်မဟာ(၅)၊ ဖာပွန်(မူတြော်) ခရိုင်တခုလုံးမှာရှိတဲ့ အုပ်ချုပ်ရေး၊ စစ်ရေးနှစ်ခုစလုံး သဘောထားချမှတ်ထားတာရှိတယ်။

မေး – တပ်မဟာ(၅)အနေနဲ့ ဘယ်လိုသဘောထားတွေ ချမှတ်ထားပါသလဲ။
ကျနော်တို့ဒေသမှာ အစိုးရနဲ့ဆက်ဆံဖို့ ဆက်ဆံရုံးထားရှိမှုကို မလုပ်သေးဘူး။ အကြောင်းက ကျနော်တို့ခရိုင်ရဲ့ လုပ်ဖော်ကိုင် ဖက်တွေထဲမှာ ဗမာစကားကျွမ်းကျင်သူ၊ အခြေအနေအကုန်လုံးကို ရှု့မြင်သုံးသပ်နိုင်သူတွေကို တာဝန်ပေးဖို့ လူမရှိတာရယ်၊ နောက်တခုက တခြားခရိုင်တွေ၊ တပ်မဟာတွေကိုကြည့်တော့ ဆက်ဆံရုံးတွေထားရှိကြပေမယ့် တကယ်အကောင်အထည်ဖော် ရမယ့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိလာအောင်၊ ပဋိပက္ခတွေအပေါ် တစ်ဖက်နဲ့တစ်ဖက် ဖြေလျှော့ဖို့ လုပ်ဆောင်ရမယ့်အရာ တွေ ချမှတ်ထားတာ တခုမှမရှိသေးဘူး။ သူတို့တွေကိုမေးကြည့်တော့ အများအားဖြင့် ဒေသတွင်းဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ချင်သူ တွေက လုပ်ခွင့်တွေရရှိဖို့ လာရောက်တောင်းခံတဲ့ကိစ္စတွေပဲရှိတယ်။ အဲဒီကိစ္စတွေဟာ သူတို့အတွက် အခက်အခဲဖြစ်စေတာ တွေရှိတယ်။ အဲဒါကြောင့် ကျနော်တို့ ဆက်ဆံရေးရုံးထားရင်လည်း ခုနကပြောတဲ့ ဒေသဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် လုပ်ချင်တဲ့သူတွေက လုပ်ခွင့်လာတောင်းခံမှာပဲ။ အဲဒါကြောင့် ကျနော်တို့ကို အခက်အခဲဖြစ်စေမှာမို့ ဆက်ဆံရေးရုံးမထားတာ ပါ။ ဒါပေမယ့် လိုအပ်ရင် ကျနော်တို့ ဖုန်းနဲ့ဆက်သွယ်ဖို့ လုပ်ထားသလို တစ်ဖက်နဲ့တစ်ဖက် စာနဲ့ဆက်သွယ်အကြောင်းကြားတာ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဒီအဆင့်ပဲထားတယ်။

မေး – ဘယ်လိုအခြေအနေမျိုးမှာ ဆက်ဆံရေးရုံးထားသင့်သလဲ။ တကယ်လို့ထားရင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။
ကျနော့်အမြင်မှာ ဆက်ဆံရေးရုံးကတော့ ဗဟိုခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ထားတာကောင်းတယ်။ အရေးကြီးကိစ္စတွေ ပေါ် လာရင် အဲဒီဆက်ဆံရေးရုံးကနေ အစိုးရနဲ့ ဆက်သွယ်လုပ်ဆောင်မယ်။ ပြီးရင် ကျနော်တို့ဆီကို ပြန်ညွှန်ကြားမယ်။ ဗဟိုက ညွှန် ကြားတဲ့အတိုင်း ကျနော်တို့လိုက်နာလုပ်ဆောင်လို့ရတယ်။ ဗဟိုရဲ့ ဦးဆောင်လမ်းညွန်မှုအောက်မှာသွားရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ ဆက်ဆံရေးရုံးတွေ အများကြီးထားရင် ဗမာအစိုးရအနေနဲ့ ကျနော်တို့ဆီမှာလာပြီးတမျိုးပြောမယ်။ ဗဟိုကို သွားရင်တမျိုးပြောမယ်။ နောက် ဗဟိုကိုမသွားတော့ဘဲ ရှေ့တန်းတပ်မဟာ၊ ခရိုင်တွေကိုပဲ ဆက်သွယ်လုပ်ဆောင်မယ်ဆိုရင် ဗဟိုအတွက် အစိုးရနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အခက်အခဲဖြစ်စေနိုင်တယ်။

မေး – အခြားဘာသဘောထားတွေများ ချမှတ်ထားတာ ရှိပါသေးလဲ။
အခုချိန်ဟာ ကျနော်တို့ခေါင်းဆောင်တွေ အစိုးရနဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတာ ပဏာမအဆင့်ပဲ ရှိပါသေး တယ်။ အဲဒါကြောင့် ကျနော်တို့ဒေသမှာ စီးပွားရေး လုပ်ခွင့်မပေးဘူး။ အစိုးရက ကျနော်တို့နဲ့အတူ လုပ်ဆောင်ဖို့ လာကမ်းလှမ်း ရင်တောင် ကျနော်တို့မလုပ်သေးဘူး။ ထိုနည်းတူ ဖွံ့ဖြိုးရေးဆိုရင်လည်း ကျနော်တို့ လုပ်ခွင့်မပေးသေးဘူး။ အခြားကျနော်တို့ ဒေသမှာ အစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့လုပ်ဆောင်တာ၊ နယ်မြေစိုးမိုးတာတွေကို လက်မခံဘူးဆိုတဲ့ သဘောထားတွေ ကျနော်တို့ ချမှတ်ထားတယ်။
ဘာကြောင့် ဒီလိုသဘောထားလဲဆိုရင် လက်ရှိအချိန်မှာ ယာယီအခြေအနေပဲရှိသေးတဲ့အတွက် အဲဒီစီးပွားရေးလုပ်ခွင့်ဖြစ်စေ၊ ဖွံ့ဖြိုးရေးလုပ်ခွင့်ဖြစ်စေ၊ အုပ်ချုပ်ရေးနယ်မြေစိုးမိုးရေး လုပ်ခွင့်ဖြစ်စေပေးလိုက်ရင် ကျနော်တို့တော်လှန်ရေးကာလ နှစ်ရှည်လာ တာနဲ့အမျှ အစိုးရနဲ့ ယုံကြည်မှု အပြည့်အ၀မရှိသေးတဲ့အပေါ်မှာ ကျနော်တို့အကြား ပဋိပက္ခတွေ ဖြစ်လာနိုင်သလို အဲဒီပြဿနာ က ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ထိခိုက်စေနိုင်တယ်။ အရင်ဆွေးနွေးပွဲမှာ ကျနော်တို့ပြောဆိုနေ ကြတဲ့ Code of Conduct တွေ၊ စစ်တပ်တွေ ဘယ်လိုနေထိုင်ရမယ်၊ လှုပ်ရှားရမယ်ဆိုတာကို ကျနော်တို့ရှေ့မှာရော၊ လူအများ ရှေ့မှာရော လက်ရှိအချိန်ထိ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ပြောဆိုဆွေးနွေး၊ ချပြတာမရှိသေးတဲ့အပေါ် ကျနော်တို့ဖြစ်စေ၊ အစိုးရကဖြစ်စေ ကျနော်တို့ဒေသမှာ ရောရောနှောနှောဝင်လာရင် ပဋိပက္ခတွေ အရင်လို ခိုက်ရန်ဖြစ်ပွားမှု၊ ပစ်ခတ်မှုတွေပြန်ဖြစ် နိုင်သလို အဲလိုပဋိပက္ခတွေဖြစ်လာရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအပေါ် ထိခိုက်လာနိုင်တယ်လို့ ကြိုမြင်တဲ့အတွက် ကျနော် တို့ဘာကိုမှ လုပ်ပိုင်ခွင့်တွေ မပေးသေးတာဖြစ်တယ်။

မေး – ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့အပေါ်မှာ စီးပွားရေးသမားတချို့က စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း ဒေသတိုးတက် အောင် လာလုပ်ပေးချင်တယ်။ ကူညီပံ့ပိုးမယ်လို့ ပြောဆိုသံတွေကြားနေရတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင်ပါသလဲ။
စီးပွားရေးလုပ်ချင်တဲ့သူတွေကတော့ ဒေသထဲမှာ သယံဇာတတွေလုပ်ရင်းနဲ့ လူထုအတွက် ကျန်းမာရေး၊ ပညာရေး ကူညီပံ့ပိုး ပေးမယ်ဆိုတာက လူထုတွေကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာပါပဲ။ အဲဒါကို ကျနော်တို့လက်မခံဘူး။ ကျနော်တို့ဒေသ မတိုး တက် မဖွံဖြိုးသေးတာ ကျနော်တို့ကျွမ်းကျင်မှုအပေါ်မှာ မမူတည်ပါဘူး။ ကျနော်တို့ကရင်လူမျိုးတွေ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့် ပြည့်ပြည့်၀၀ မရရှိတဲ့အပေါ်မှာ မူတည်တာပါ။ ကျနော်ငယ်ငယ်တုန်းက ဒီကနေ့အထိ ဖြတ်ကျော်လာတဲ့ အတွေ့ အကြုံအရ ကျနော်တို့ဒေသမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်ခဲ့တယ်။ အစိုးရစစ်တပ်တွေ ကျနော်တို့ကျေးလက်ဒေသတွေမှာ ၀င်ပြီးဆိုရင် ရွာသူရွာသားတွေရဲ့ အဆောက်အဦးကောင်းကောင်းတွေကို အကုန်မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ့အပြင် ရွာသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေ၊ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးပစ်တယ်။ မွေးထားတဲ့တိရိစ္ဆာန်တွေကို ပစ်သတ်တယ်။ အဲဒါ ကြောင့် ကျနော်တို့တိုးတက်ဖွံ့ဖြိုးမှုမရှိတာဟာ ကျနော်တို့ရဲ့ အရည်အသွေး၊ တတ်မြောက်မှု၊ ကျွမ်းကျင်မှုမရှိတာနဲ့ မဆိုင်ပါဘူး။ ကျနော်တို့ကရင်တွေ လွတ်လပ်မှု မရှိတာရယ်၊ ဘ၀လုံခြုံမှု အာမခံချက်မရှိတာရယ်ကြောင့်ပါ။
လက်ရှိမှာ ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်တွေ ပေးလိုက်မယ်ဆိုရင် ကျနော်တို့လိုလားတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးဟာ အစိုးရအနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်မှုမလုပ်ဘူးဆိုရင် အခြေအနေတွေက အရင်လိုပုံစံအတိုင်း ပစ်ခတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်။ တိုက်ပွဲတွေ တဖန်ပြန်ဖြစ်လာရင် အခုလုပ်မယ့် ဒီဖွံ့ဖြိုးမှုလုပ်ငန်းတွေဟာ ပြန်ပျက်စီးသွားမှာပဲ။ ဘာမှအကျိုးဖြစ်ထွန်းလာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အရေးကြီးဆုံးက ဗမာအစိုးရအနေနဲ့ ဒီနိုင်ငံရေးပြဿနာကို ပြေလည်အောင် အရင်လုပ်ဆောင်ပြီးမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရမယ်။ အဲဒါမှ လူထုတွေအတွက် တာရှည်ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေမယ်။

မေး – လက်ရှိတပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်းမှာ အစိုးရဘက်က အုပ်ချုပ်ရေးနယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအ နေ ရှိပါသလဲ။
ကျနော်တို့ခေါင်းဆောင်တွေ အစိုးရနဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်အချိန်မှာ ကျနော်တို့ဒေသမှာ အစိုးရစစ် တပ်က နယ်မြေအုပ်ချုပ်ရေး၊ အာဏာစိုးမိုးရေးတွေက အကြမ်းဖက်တဲ့နည်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ခေါင်း ဆောင်တွေ သူတို့အစိုးရနဲ့ စတင် စကားပြောတဲ့နောက်ပိုင်း သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ အားလုံးနီးပါး လျှော့ချလိုက်တယ်။ ဒါပေမယ့် အခြားနည်းလမ်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးအစီအစဉ်တွေနဲ့ ကျနော်တို့ဒေသထဲမှာ ကျနော်တို့လူထုထဲမှာ သွင်းလာတယ်။ အခြားလက်မှုပညာ အစီအစဉ်တွေနဲ့လည်း ၀င်လာတယ်။ ဒီလိုဝင်လာတဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်ထားတယ်။ အဲဒီကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို သင်တန်းတွေပေးတက်တယ်။ လစာတွေပေးတယ်။ ပညာရေးနဲ့ပတ်သက် ပြီး ကျောင်းမှာ ယခင် သင်ကြားပို့ချတဲ့ ကရင်စာပေတွေ၊ KED ကထုတ်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ဖယ်ထုတ်လိုက်တယ်။ ပြီး တော့ ကျောင်းမှာထောင်ထားတဲ့ ကရင်အလံတွေကိုဖြုတ်ပြီး လက်ရှိမြန်မာနိုင်ငံအလံကို ပြန်တင်တယ်။ ကျနော်တို့ဘက်မှာ တည်ထောင်ထားတဲ့ကျောင်းတချို့မှာ ယခင်သီဆိုနေကျ ကရင်အမျိုးသားသီချင်း “ယကော့ကညော”ကို ဆိုခွင့်မပေးတော့ဘဲ မြန်မာနိုင်ငံတော်သီချင်းကို ပြန်ဆိုခိုင်းတယ်။ ထို့နည်းတူ ကျန်းမာရေးပိုင်းမှာလည်း အဲဒီလိုပဲ သူတို့ကျန်းမာရေးနေရာတွေ ချထားတယ်။ သူတို့လူတွေဝင်လာတယ်။ ဒါတွေအားလုံးဟာ အစိုးရရဲ့ စီစဉ်ညွှန်ကြားမှုအောက်က လာတာပါပဲ။ ကျနော်တို့ ဒေသမှာ သူတို့ရဲ့အာဏာစိုးမိုးမှု ပိုမိုကျယ်ပြန့်လာအောင် လုပ်တာပါပဲလို့ ကျနော်တို့မြင်တယ်။ အဲလိုဖြစ်လာတော့ ကျနော်တို့ တာဝန်ရှိသူတွေအနေနဲ့ရော၊ ကျနော်တို့လူထုတွေကရော မနှစ်သက်တဲ့အတွက်ကြောင့် ဒီလုပ်ရပ်တွေကိုတားမြစ်တာဖြစ်တယ်။

မေး – အပစ်အခတ်ရပ်စဲရေးကာလ အစိုးရအနေနဲ့ လူထုတွေအတွက် နိုင်ငံသားမှတ်ပုံကဒ်တွေ လိုက်လုပ်ပေးနေတယ်။ ဒီနိုင်ငံ သားကဒ်က လူထုတွေအတွက် ဘယ်လောက်အရေးကြီးတယ်လို့မြင်လဲ။
ကျနော့်တစ်ယောက်အမြင်ကတော့ နိုင်ငံသားကဒ်လုပ်တယ်ဆိုတာဟာ နိုင်ငံသားစစ်စစ်ဖြစ်ရမယ်။ ကျနော်တို့က တိုင်းရင်းသား တွေဖြစ်တဲ့အတွက် ဘာတိုင်းရင်းသားတွေဆိုတာ သေသေချာချာဖြစ်ရမယ်။ အသိအမှတ်ပြုရမယ်။ ပြည်တွင်းမှာ အခြားနိုင်ငံ သားတွေလိုပဲ အခွင့်အရေးတွေ တန်းတူရှိရမယ်။ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း နိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့ လူတစ်ယောက်ဟာ သူ့အတွက် အာမခံချက်ရှိရမယ်။ လက်ရှိ အစိုးရလုပ်ပေးတဲ့ နိုင်ငံသားကဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ခဏတာအတွက်ပဲ ဖြစ်တယ်လို့မြင်တယ်။ အခြေအနေတခုပြောင်းလာရင် ဒီနိုင်ငံသားကဒ် ကိုင်ဆောင်ထားပေမယ့် ဖမ်းချင် တဲ့သူက ဖမ်းမှာပဲ။ အဖမ်းမခံရအောင် တနေရာရာသွားဖို့အတွက် သွားလာခွင့်လက်မှတ် သေသေချာချာကို ရေးရတယ်။ ရေးလို့ မသေချာရင်တောင် အဖမ်းခံရတာရှိတယ်။
နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးအရ နိုင်ငံသားကဒ်ရှိသူတိုင်း လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံ့ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့် ရှိ တယ်ဆိုပေမယ့် လာမယ့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲဟာ ၂၀၀၈ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေရရှိဖို့ အာမခံချက် သေသေချာချာမရှိဘဲ အစိုးရရဲ့ အာဏာကြီးစိုးဖို့အတွက် အားပေးတဲ့ဖွဲ့စည်းပုံဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့နိုင်ငံသားကဒ်ရှိလို့ မဲသွားပေးရင်တောင် အစိုးရ အာဏာပိုမိုကြီးထွားလာအောင် သွားအားပေးတာပဲဖြစ်တယ်။ ဒါကြောင့် လက်ရှိအစိုးရလုပ်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်က သူတို့လူဦးရေတိုးလာဖို့အတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို ကျနော်တို့ အားမပေးဘူး။
{[['']]}

တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်”

“တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်”



KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် မကြာခဏဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောသည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေး ကော်မတီ (NDAA) အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။ ယင်းနောက် မေလတွင် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိ လာပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၊ လူမှုရေးအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် တချို့၊ ကရင် ပြည်သူ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြား နိုင်သည်ဟု တိုင်းရင်းသား များက ပြောဆိုနေချိန် KNU ခေါင်းဆောင်များ၏ ခရီးစဉ်များကြောင့် အနာဂတ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင် KNU မည်သို့ မည်ပုံ ဆက်လက်ပါဝင်လာမည်ကို တိုင်းရင်းသားများနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်း က စိတ်ဝင်တစား စောင့်ကြည့် နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ရန်ကုန် ရောက်ရှိ နေချိန် သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ KNU ခရီးစဉ်တွေမှာ ကရင်ပြည်သူတွေနဲ့တွေ့ဆုံတော့ ဘာတွေပြောဖြစ်လဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီလို ပြည်သူတွေကို တွေ့ရတာလဲ။

ဖြေ။ ။ ဒီ ခရီးစဉ်နဲ့ ကျမတို့ ရည်ရွယ်ချက် ကတော့ ကျမတို့သွားနေတဲ့ လမ်းစဉ် တွေကို ပြည်သူလူထုတွေရဲ့ အမြင်၊ သူတို့ရဲ့ အသံ ကို သိချင်တယ်။ ပြီးတော့ သူတို့ ပါဝင်ပတ်သက်မှု ရှိလာအောင် စုဆောင်းနေပါတယ်။ ပြီးတော့ ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ဘယ်အထိ ရောက်နေပြီလဲ။ ဘာတွေ အခက်အခဲဖြစ်နေလဲ ဆိုတာ ပြည်သူတွေကို ရှင်းပြပြီးတော့ သူတို့လည်း ပိုနားလည် လာပြီး ပါဝင် လာနိုင်အောင် ရှင်းပြတာပါ။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုထောက်ခံတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သူတို့မျှော်လင့်ကြတယ်။ ပြီးတော့ KNU ကို အမြဲထောက်ခံကြတယ်။ ငြိမ်းချမ်းရေးမှာ သူတို့ တတ်သမျှ ပါဝင်ပူးပေါင်းဖို့ ပြောပြ တယ်။ လူငယ်တွေလည်းပဲ ပါဝင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်ရမှာလဲ ဆိုတဲ့ အသံတွေကိုသူတို့ဆီက ရတယ်။ တချို့ကတော့ စိုးရိမ်မှု ရှိတယ်။ သူတို့ရဲ့ စိုးရိမ်မှု ကတော့ တဖက်က ငြိမ်းချမ်းရေး စကားပြောနေပြီး၊ တဖက်က တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အခက်အခဲတွေဖြစ် လာနိုင်လား ဆိုတာတွေကို သူတို့က မေးလာပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်း တို့နဲ့ရော တွေ့တယ်ဆိုတော့ ဘာတွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ပါတီအဖွဲ့ အစည်းနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါမှာ အရေးကြီးတဲ့ အချက်က ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက်ပေါ့။ အဲဒါကတော့ အားလုံး ပါဝင်ပြီး ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ကျမတို့ ဝိုင်းဝန်း ပူးပေါင်းပြီးတော့ ဘယ်လို ပါဝင်နိုင်အောင် အတူတကွ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို ဆွေးနွေးကြတယ်။ ကျမတို့ သွားနေတဲ့ အပစ်အခတ် ရပ်စဲရေး က ဘယ်အထိရောက်နေပြီလဲ။ အခက်အခဲတွေ၊ အမြင်တွေကို သူတို့နဲ့ ဖလှယ်ပြီးတော့ တဖွဲ့ ချင်းစီ ဘယ်လို ပါဝင် ပူးပေါင်းနိုင်မလဲ ဆိုတာ ပြောကြတယ်။ အမြင်တွေ ဖလှယ်ကြတယ်။ နောက်ပြီး ကျမ အနေနဲ့ ပြည်သူတွေနဲ့တွေ့တဲ့ ခရီးစဉ် ၁၂ ရက်လောက်သွားမယ်။ အစတော့ ပုသိမ်၊ ပန်းတနော် ၊ ပုသိမ်အနောက်ပိုင်းက အုန်းချောင်းရွာ၊ မြောင်းမြ နဲ့ ရန်ကုန်ပါ။ နောက်ပြီး ရန်ကုန်ကနေပြီးတော့ ပဲခူး ကျောက်ကြီးမှာ ရှိတဲ့ ကရင်ပြည်သူတွေ နဲ့လည်း တွေ့မယ်။ ပြီးတော့ ဘားအံ ဘက်ကို ထပ်ပြီး သွားမှာပါ။

မေး။ ။ မြန်မာပြည်ရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေကို ပြည်သူလူထုတွေက စိုးရိမ်မှုတွေ ရှိသလို ကျမတို့လည်း စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။ အခုဖြစ် ပျက်နေတဲ့ ကျမတို့ တိုင်းရင်းသားတွေနဲ့ အစိုးရ တို့အကြား တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေရဲ့ အခက်အခဲတွေကို ကျမတို့ ဘယ်အ ထိ ရောက်နေပြီဆိုတာကို ရှင်းလင်း တာဖြစ်တယ်ပေါ့။ အခု ကြည့်မယ်ဆိုရင် အားလုံး လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ်။

ကျမတို့ အခုလောလောဆယ် သွားနေတဲ့ လမ်းကြောင်းမှာ တဖက်ကလည်း ကချင်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကို ကျမတို့ အများကြီး စိုးရိမ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သွားနေတဲ့ လမ်းကြောင်းကို ပြည်သူတွေဘက်က ယုံကြည်မှု အားနည်းလာ နိုင်တဲ့ အပိုင်းရှိတယ်။ စိုးရိမ်မှုတွေ အများကြီးရှိကြတယ်။ အဲဒါကို ဝန်ကြီး ဦးအောင်မင်းနဲ့တွေ့ တဲ့အခါမှာ ကျမတို့ရဲ့ စိုးရိမ်မှုတွေ၊ ပြည်သူ တွေရဲ့ စိုးရိမ်မှုတွေ ကို တင်ပြဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ အကြောင်းကိုလည်း ကျမတို့ တင်ပြတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆောင်ရွက်နေချိန်၊ အပစ်ခတ်ရပ်စဲရေး စကားပြောနေတဲ့ အချိန်ကာလတွေမှာ စစ်မဖြစ်ဖို့ အရေးကြီးတယ်၊ စစ်အင်အား သုံးပြီးတော့ လုပ်ဆောင်တဲ့ အတွက်ကြောင့် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေကို အနှောင့်အယှက်တွေ ဖြစ်လာနိုင် ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာပဲ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်( KIA ) တို့ အကြား တိုက်ပွဲ တွေ ပြန်ဖြစ်နေတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ကိုတော့ ကျမတို့ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရ ဘက်ကရော စစ် တပ်ရဲ့ အခန်း ကဏ္ဍပါ အရေးကြီးပါတယ်။ ကျမတို့ကတော့ မျှော်လင့်နေတုန်းပါပဲ။ ကျမတို့တွေ အဲဒါကို ဦးတည်ပြီး စကားပြောကြမယ်။ စကားပြောနေတဲ့ အချိန်မှာ စစ်ပွဲတွေဖြစ်တော့ ကျမတို့ အတွက် အခက်အခဲကြုံရတာပေါ့။

မေး။ ။ အစိုးရ ရဲ့ ထုတ်ပြန်ချက်မှာ တိုင်းရင်းသားတွေကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ပြောထားတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို မှတ်ချက်မျိုး ပေးလိုပါသလဲ။

ဖြေ။ ။ ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ စစ်ကို လိုလားတာ၊ စစ်တိုက်ချင်တာ လုံးဝ မရှိပါဘူး။ မြန်မာ တပြည်လုံး ငြိမ်းချမ်းရေး ဖြစ်ဖို့ အတွက်ပဲ ကျမတို့ မျှော်မှန်းတယ်။ ကြိုးစားနေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်။ မျှော်လင့်တယ်။

မေး။ ။ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး တဖွဲ့ တည်းဖြစ်လာဖို့ ဘယ်လောက်ထိ မျှော်လင့်ထားတယ် ဆိုတာလည်း သိပါ ရစေ။

ဖြေ။ ။ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး တဖွဲ့တည်းဖြစ်လာဖို့ အတွက် အကောင်အထည်ဖော်လို့ ရမယ် ထင်ပါတယ်။ ပထမ အဆင့်ကတော့ ကျမတို့ အမျိုးသားရေး ကိစ္စ ကိုပဲ ပြန်လည် စုစည်းတာဖြစ်တယ်။ အခုဆိုရင် တပြည်လုံး ပစ်ခတ်ရပ်စဲရေးကို ကျမ တို့ပြန်ပြီးတော့ သဘောတူတာတွေရှိပါတယ်။ နောက်နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာလဲ KNU က ဦးဆောင်ပြီး ဆွေးနွေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ဦးတည်ချက်ကတော့ အတူတူပါပဲ။ မူအရ လည်းကွဲလွဲမှု မရှိပါဘူး။ အခုလောလောဆယ်မှာတော့ နည်းနည်း ကွဲလွဲမှုတွေတော့ရှိတာပေါ့။ စုစည်းမှုကတော့ အမျိုးသားရေး စုစည်းမှုနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စကို ဘယ်လိုပုံစံ နဲ့သွားမှာလဲ။ သဘော တူညီမှုတွေအရ နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ရည်မှန်းချက်တွေကိုတော့ စုစည်းလို့ရပါပြီ။

မေး။ ။ Traders ဟိုတယ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီးတော့ KNU အဖွဲ့ရဲ့ အောက်ခြေ က ပါဝင်ပတ်သက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့…။

ဖြေ။ ။ ကျမတို့ အောက်ခြေကို ပြန်လည်မေးကြည့် တဲ့အခါ၊ စစ်ဆေးမှု လုပ်တဲ့အခါမှာတော့ မဖြစ်ဘူး။ မဟုတ်ဘူး။ ဒီအချိန် ကာလ မှာ ဟိုအဖွဲ့ ဒီအဖွဲ့လို့ ပြောလို့ မရပါဘူး။ ဒီလို အချိန် ကာလမျိုးမှာ ဘယ်သူက ပတ်သက်တယ် ဆိုတာကို တိတိကျကျ မလုပ်ဘဲ ဒီိလိုပြောလို့မရပါဘူး။ KNU အနေနဲ့ကတော့ ထုံးစံမရှိဘူး။ ကျမတို့ ပြန်ပြီးစစ်တဲ့အခါမှာလည်း မရှိဘူးပေါ့။ အောက်ခြေမှာလည်း ဘာမှ မပတ်သက်ဘူး။ ကျမတို့ KNU နဲ့ ပတ်သက်မှု မရှိဘူးဆိုတာကိုတော့ သက်ဆိုင်သူတွေကို ကျမတို့ပြန်ပြောတာရှိပါတယ်။ သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ကို လည်း ပြောပြ ထားပါတယ်။

မေး။ ။ KNU နဲ့ မြန်မာ အစိုးရတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်တာ မရှိတော့ဘူးဆိုတော့ လက်ရှိမှာ အပစ်အခတ်ရပ်စဲရေး အခြေအနေ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ပြီလဲ။

ဖြေ။ ။ ကျမတို့က အပစ်ရ်ရေး ပဏာမ အဆင့်ပဲ လက်မှတ်ထိုးထားပါသေးတယ်။ ခိုင်မာတဲ့ အပစ် အခတ် ရပ်စဲရေး ရရှိဖို့အတွက် KNU အနေနဲ့ကတော့ အပစ်ခတ် ရပ်စဲရေးရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေရဲ့ သဘောတူညီချက်ကို လိုအပ်တယ်။ အပစ် အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်း ဥပဒေကို လိုက်နာစောင့်ရှောက် ဖို့အတွက် နှစ်ဖက် စစ်တပ်လိုက်နာဖို့အတွက် သဘောတူညီတဲ့ အဆင့် မရောက်သေးဘူး။ အဲဒါကို ကျမ တို့ ဆွေးနွေးတာပဲရှိသေးတယ်။

ကျမတို့ KNU ရဲ့ ယုံကြည်ချက်ကတော့ စစ်မှန် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ သဘောတူညီချက် စည်းမျဉ်း စည်းကမ်းရှိရမယ်။ နှစ်ဖက်က လိုက်နာပြီးတော့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ရှိရမယ်။ အဲဒါမှ လည်းပဲ ဘယ်သူမှား ဘယ်သူမှန်တယ် ဆိုတာသိရမယ်။ အခု ကျမတို့ အပစ်အခတ်ရပ်စဲရေး ပဏာမ လက်မှတ်ထိုးတာ ၂ နှစ်ကျော်ပြီ။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်းကို ပြီးအောင်မလုပ်နိုင်သေးဘူး။ မဆွေးနွေးရသေးဘူး။ ကရင်ပြည်နယ် မှာရှိနေတဲ့ ရှေ့တန်း လှုပ်ရှားမှု တပ်စခန်းကလည်း ရှိနေသေး တယ်။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်းနဲ့ဆိုင်တယ်။ ဥပမာ- ဘယ်နေရာမှာ ကျမတို့ ဆွေးနွေးရမယ်။ ဘယ်နေရာမှာ လက်နက်မပါဘဲ သွားရမယ်ဆိုတာ ဆွေးနွေးရမယ်။

မေး။ ။ ပြည်ပရောက် ဒုက္ခသည်တွေ မြန်မာပြည်ပြန်လာနိုင်ဖို့ အတွက် ဘယ်လို စီစဉ်ပေးနေပါသလဲ။

ဖြေ။ ။ အခု ကျမတို့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ အချိန်ပဲ ရှိသေးတယ်လေ။ ဒါပေမယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တရား မျှတတဲ့ ငြိမ်းချမ်းရေး ကလည်း ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လောက်ပဲ ဆွေးနွေးနေ တုန်းပါ။ နိုင်ငံရေး ဆွေးနွေးမှုတောင် မရောက်သေးဘူး။ တပြည်လုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မှာ ပါတဲ့ အချက်တွေ အာမခံချက်တွေ ရှိပြီးတော့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှ နိုင်ငံရေး က စတင်ဆွေးနွေးလို့ရမယ်။ ဒါကလည်း သဘော တူညီချက်ထဲမှာ ပါပါတယ်။

နိုင်ငံရေး ဆွေးနွေးတဲ့အခါမှပဲ ကျမတို့ က ဘယ်လို ငြိမ်းချမ်းရေးမျိုးကိုလိုချင်တယ်ဆိုတာကို ဆွေးနွေးမယ်။ တရား မျှတတဲ့ ပုံစံနဲ့ နေချင်တယ်။ ရချင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကိုလုပ်ဆောင်မယ်။ လောလောဆယ်မှာတော့ ကျမတို့ အနေနဲ့ ဒုက္ခသည် ပြန် လည်နေရာချထားရေး ကိစ္စ က တခု။ ပြီးတော့ IDP ထိုင်းနယ် စပ်မှာက တခု ၊ နောက် တောထဲမှာနေနေတဲ့ သူတွေအားလုံးက နေရပ် ကိုပြန်နေဖို့ မရဲကြသေးဘူး။

အကြောင်းရင်းကတော့ တပ်ရှေ့လှုပ်ရှားမှု စခန်းတွေက ဆက်လက်တည်ရှိနေသေးတယ်။ ပြီးတော့ သူတို့ စခန်းတွေကို မွမ်းမံတာတွေ လုပ်ဆောင်နေတာတွေရှိနေတယ်။ ရွာသားတွေ အနေနဲ့ကတော့ သူတို့ရွာတွေကို ပြန်ချင်တယ်။ လယ်ယာတွေလုပ်ချင်တယ်။ ဒါပေမယ့် လုံခြုံမှု မရှိသေးဘူးလို့ ခံစား နေရသေးတယ်။ သူတို့ကို သွားရောက်မေးကြည့်တဲ့အခါမှာ သူတို့ မပြန်ရဲဘူး။ သူတို့ အတွက်ကတော့ စစ်တပ်ရဲ့ လှုပ်ရှားမှု စခန်းတွေရှိတဲ့ ရွာအနီး၊ လယ်ယာတွေ အနီး၊ အများ နေတဲ့နေရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ ရှိနေ ဆဲဆိုရင် ပြည်သူတွေအတွက် လုံခြုံမှု မရှိဘူး။ တကယ်ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ဆိုရင် ဒုက္ခသည်အားလုံး က ပြန် ချင်ကြပါတယ်။ စိတ်လုံခြုံမှု လိုတယ်၊ ဒုက္ခသည်တွေ အတွက် အာမခံမှု မရှိသေးဘူးလို့ ထင်နေကြလို့ သူတို့တွေပြန်မလာကြသေးတာ။

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်လို့ KNU ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ။ ။ ဒီ ဖွဲ့စည်းပုံ ဟာ ကျမတို့ တိုင်းရင်းသားတွေအတွက် အခွင့်အရေး အာမခံချက် မရှိဘူး။ ဖွဲ့စည်းပုံ ပြင်သင့်တယ်။ အသစ်ရေး ဆွဲရင်လည်း ရေးဆွဲပေါ့။ ဒါကို မပြင်ဘူးဆိုရင် အခက်အခဲတွေ၊ ဒီမိုကရေစီလမ်းကြောင်းလည်းမရှိဘူး။ ပြည်သူလူထုတွေရဲ့ သဘော တူညီချက် မပါရှိဘူး။ တိုင်းရင်းသားတွေအတွက်လည်း တန်းတူ ညီတူ အာမခံချက်မရှိဘူး။ ပြင်ဖို့လိုတယ်။ ဒီဖွဲ့စည်းပုံနဲ့ ကျမတို့ ဆက် သွားဖို့ အဆင်မပြေဘူးပေါ့။ ကျမတို့ကလည်း နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဒါကို ထည့်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ကျမတို့ တညီတညွတ်လက်တွဲပြီး တစုတည်း လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ကောင်းတဲ့ ပြောင်းလဲမှုကိုလည်း မြင်ရမယ်၊ အားလုံးမျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပဲဖြစ်ဖြစ်၊ စစ်မှန်တဲ့ ယူနီယံပဲဖြစ်ဖြစ် ကျမတို့ ရရှိနိုင်တယ်။

မေး။ ။ KNU အနေနဲ့ အစိုးရ၊ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ မကြာခဏ တွေ့ခွင့်ရနေတော့ အနာဂတ်မှာ ဘယ်လို နိုင်ငံရေး အခန်းကဏ္ဍက ပါဝင်ဖို့ရှိလဲ။

ဖြေ။ ။ ကျမတို့ KNU အနေနဲ့တော့ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်တာတွေ ဘာမှမစဉ်းစားပါဘူး။ အစိုးရနဲ့ တွေ့ပြီးတော့ အရေး ကြီးတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး ရရှိဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပါပဲ။ KNU တခုတည်း အတွက် မဟုတ်ဘူး၊ ပြည်သူ အားလုံး အတွက် ပထမ အချက်ပါပဲ။ KNU နဲ့ အစိုးရ အဖွဲ့ နှစ်ဖွဲ့တည်း ညှိပြီးတော့ အဆင်ပြေပေမယ့်လည်း တခြား တိုင်းရင်း သား နယ်မြေတွေမှာ စစ်ဖြစ်နေရင် ဘယ်လိုမှ တပြည်လုံး ငြိမ်းချမ်းရေး ရတော့မှာမဟုတ်ဘူး။ ပြီးတော့ ပြည်သူပြည်သားတွေ အတွက် လည်း ဘာမှ အကျိုးခံစားမှု ရှိမှာမဟုတ်ဘူး။ ကျမတို့ စကားပြောနေတာ ကျမတို့ မျှော်မှန်းနေတဲ့ တပြည်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တိုင်း ရင်းသားတွေ အတွက်သာ မကပဲ ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးရဲ့ အကျိုးကို အားလုံးက ခံစားပိုင်ခွင့် ရှိဖို့အရေးကြီးပါတယ်။

မေး။ ။ လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အလားအလာအပေါ် သုံးသပ်ချက် သိချင်ပါတယ်။

ဖြေ။ ။ တပြည်လုံး အပစ် အခတ်ရပ်စဲရေး ပဲဖြစ်စေ၊ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဖြစ်စေ၊ ဒီပြဿနာ ကတော့ တိုင်းရင်း သားတွေနဲ့ အစိုးရ နှစ်ဖွဲ့ တည်း လုပ်ဆောင်လို့ ပြီးတဲ့ အရာမဟုတ်ဘူး။ ပြည်သူတွေ အားလုံးပါဝင်ရမယ်။ ပြည်သူတွေ အားလုံး ပါဝင် သင့်တယ်။ ဒီတလျှောက်လုံး ပြည်သူလူထုတွေ ငြိမ်းချမ်းရေးကို အကျိုး ခံစားဖို့ လိုအပ်နေတယ်။ ငြိမ်းချမ်းရေးဟာ ကျမတို့ မျှော်မှန်းနေ တဲ့ အပြောင်းအလဲ ဖြစ်တော့ အားလုံး အတွက်ပဲမြင်ချင်တယ်။

ပြည်သူ လူထုအားလုံး အကျိုး ခံစားရမှာကို မြင်ချင်ပါတယ်။ နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေ အားလုံး သူ့ အခန်း ကဏ္ဍနဲ့သူ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့ လုပ်ဆောင်ဖို့လိုအပ်တယ်။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ သူတို့ အခန်းကဏ္ဍ၊ လွှတ်တော် ထဲမှာပဲဖြစ်ဖြစ်၊ လုပ်ဆောင်တဲ့ အပိုင်းမှာလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကို ပူပေါင်းပြီး အားလုံး ညီညီ ညွတ်ညွတ် သွားဖို့ လိုအပ်တယ်။ ဒါမှ အားလုံး လိုအပ်နေတဲ့ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်။ အဲဒါမှ တရား မျှတတဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။
{[['']]}

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ ( အပိုင်း ၁)
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(ဂ) တရုတ် နိုင်ငံ နှင့်ဝအထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(ဃ) သုံးသပ်ချက် ( အပိုင်း ၄ )

(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ

ဝလူမျိုး တွေဟာ မွန်- ခမာ အုပ်စု မှဝ ပလောင်ကွဲ အုပ်စုမှာ ပါဝင်ပါတယ် ရှေးယခင်က တည်းက ယေဘုယျ အားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား မှာနေ ထိုင်ကြပြီး အရှေ့ပိုင်း ဖက်မှာ တရုတ်နိုင်ငံ နယ်စပ်နှင့် အနောက်ဖက်မှာ သံလွင်မြစ် တို့ကြားမှာ နေထိုင်ကြပါတယ် ....

“၀”လူမျိုး ကို .ပေစာ၊ ကျောက် စာတွေအရ“၀”၊ လ၀၊ လ၊ လွ ဟု ခေါ်ဝေါ် အက္ခရာ တင်ထားတာ တွေ့ ရှိရပြီး ကိုလိုနီခေတ် မှာတော့ “၀” ဒေသ ကို “WA”(WA STATE) လို့ ပဲ ..သတ်မှတ် ခေါ်ဝေါ်တာကို တွေ့ ရပါတယ် ၀ တွေဟာ .တောင်တက် တောင်ဆင်း ကျင်လည်ပါတယ် .ရှေးယခင်က ခေါင်းဖြတ်ပြီး ယာဇ် ပူဇော် သည့် ဓလေ့ ထွန်းကားပါတယ်။

ယာဇ်ပူဇော်လျှင် ကောက်ပဲသီးနှံ ထွန်းကားပြီး ရောဂါဘယ နည်းပါးတယ် လို့ အယူရှိ ပါတယ် လူစိမ်း ကို သိပ် မနှစ်မျို့ တဲ့  အ တွက် ၀ နယ်အတွင်းရှိ ကျန်လူ မျိုးစုများ ဟာ တစ်နယ်နှင့် တစ်နယ် လည်း ရှေး ယခင် ကတည်းက သိပ် တည့်လေ့မရှိပါဘူး မဟာမိတ်ပြုလျှင်တော့ ရှေး ဓလေ့ ထုံး တမ်းအရ ….တစ်နယ်နှင့် တစ် နယ် ကိုယ်စားလှယ်များ တွေ့ ဆုံပြီး …ကျွဲ ကို သတ် ....ခွဲဝေယူလေ့ရှိကြပါတယ် ….

ငွေဒင်္ဂါး နှင့် ကျည်ဆန်ယမ်းတောင့်များကို အရက်ထဲ ထည့်ပြီး ထိုသစ္စာ အရက်ကို သောက်ကာ ငွေဒင်္ဂါး ကျည်ဆံများကို အညီအမျှ ခွဲယူပြီး အရေးကြုံရင် တစ် နယ်နှင့် တစ်နယ် ကူညီကြတယ် လို့  …သိရပါတယ်….

ကိုးကွယ် ယုံကြည်မှု အားဖြင့် ခရစ်ယာန် ၂၀ % ဗုဒ္ဒဘာသာ ၃၀ %နှင့် ရိုးရာနတ်ကိုးကွယ်မှု ၅၀ % ဖြစ်ပါ တယ် အထင်ကရ ကျင်းပလေ့ရှိတဲ့  ပွဲတော် တွေ ကတော့ .ကောက် သစ်စားပွဲ ခရစ် စမတ်ပွဲနဲ့  ရိုးရာနတ် ပူဇော် ပသပွဲတွေ ဖြစ်ကြ ပါတယ် …

၁၉၅၈ ခုနှစ် မတိုင်မီ လောက်ထိလူကို ခေါင်းဖြတ် ယစ်ပူဇော် ပြီး ဆန်စပါးဖြစ်ထွန်းဖို့ ရည်ရွယ်တဲ့ .လုပ် ဆောင် မှု ဓလေ့ ရှိခဲ့သေးတယ် လို့ သိရပါတယ် ၀ ဒေ သ မြို့ ရွာများ ဟာ အမြင့်ပေ ၅၀၀၀ အထက်မှာ အားလုံး နီးပါး တည်ရှိပါတယ် ကိုလိုနီခေတ်မှာတော့ ရှမ်းပြည်နယ် ဒေသခံ စော်ဘွားတွေကပဲ ၀ တွေ ကို အုပ်ချုပ် လာ ခဲ့ပါတယ်...

၁၉၃၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှာ….ဝနယ် နယ်နိမိတ် စုံစမ်းရေးအတွက် ….တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင်အဖွဲ့ တစ်ဖွဲ့ကို ...ခန့်အပ် ခဲ့ကြပါတယ် ကော်မရှင် အဖွဲ့၏ ဥက္ကဌမှာ ကာနယ် အက်ဖ် အိုက်စ လင်ဖြစ်ပြီးကော်မရှင် အဖွဲ့ကို အိုက်စလင် ကော်မရှင် ဟူ၍ ခေါ်တွင် ခဲ့ပါတယ် ….

အဲဒီ ကော်မရှင်အဖွဲ့ဟာ သမိုင်း အဆက်ဆက် မပြီးမပြတ် ခဲ့တဲ့ တရုတ်- ဝ နယ် နယ်နိမိတ် ကြောင်းကို ၁၉၃၅-၃၆ နှင့် ၃၇ ခုနှစ်များမှာ စုံစမ်း စစ်ဆေးပြီး အဖွဲ့ ရဲ့ တွေ့ရှိချက် နဲ့ ထောက်ခံ ချက်တွေ အရ .ဗြိတိသျှ နှင့် တရုတ် အစိုးရတို့က ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ၀နယ် နယ်နိ မိတ်ကြောင်းကို သတ်မှတ် ခဲ့ကြ ပါတယ်…

ဒါပေမယ့် တရုတ် အစိုးရ အနေနဲ့  ဒီသတ်မှတ်ချက်ထဲက တစ်ချို့ ကိစ္စတွေကို တော့ သိပ် ကျေလည်လှ တယ် မဟုတ်ပါဘူး.ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၀ ဇန်န၀ါရီ ၂၇ မှာ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် အသစ် ချုပ်ဆိုပြီး နယ်နိ မိတ်ကို ပြန်လည်သတ် မှတ်ရာမှာ ၀ နယ်က ပန်ဟန်နဲ့ ပန်လပ် ဒေသ နှစ်ခုကို တရုတ် ပိုင် အဖြစ် …ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါတယ် …

၁၉၄၇ ခုနှစ် နယ်ခြားဒေသ အစီရင်ခံစာ အရ ၀ ဒေသမှာ လူဦးရေ ၈၃၀၀၀ ရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် စာရင်းအရတော့ လူဦးရေ ၆သိန်း ခန့် ရှိ ပါတယ်….

လွတ် လပ်ရေး ရပြီးချိန် ၁၉၅၄ ခုနှစ်မှစပြီး ၀နယ် ကိုးကန့် နယ်မိုင်းလွန်း နယ်တို့ ကို ရှမ်းပြည် အ ရှေ့ မြောက် အထူး ခရိုင် လို့  ဖွဲ့ စည်း အုပ်ချုပ် ခဲ့ပြီး၁၉၆၂ တော်လှန်ရေး အစိုးရ လက်ထက်မှာ တော့အဲဒီခရိုင် ဟာ ကွမ်းလုံ ခရိုင် ဟူ၍ ဖြစ်လာပါတယ် ....

လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆(စ) အရ ရှမ်းပြည် နယ်ရှိ.ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်ပန် ၀ိုင် မြို့နယ်၊ နားဖန်းမြို့နယ်မက်မန်း မြို့ နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့ နယ် စုစုပေါင်း ခြောက်မြို့နယ် တို့ကို.ခရိုင် (၂) ခရိုင် ခွဲပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပါတယ်….

မြေပြင် မှာတော့ ၀ ဒေသဟာ တရုတ်-မြန်မာ နယ်စပ် .မြောက်ပိုင်း နယ်မြေ ပန် ဆန်းဒေသ နှင့်မြန်မာ- ထိုင်း နယ်စပ် တောင် ပိုင်း နယ်မြေ မိုင်းတုံ၊ မိုင်း ဆတ် ဒေသဆိုပြီး နှစ်ပိုင်း ခွဲထားတဲ့ ဒေသ နှစ်ခု ဖြစ်ပါတယ် ….

မြောက်ပိုင်း ဒေသကို ဦးပေါက် ယူချန်းမှ ခေါင်းဆောင်ပြီး တောင်ပိုင်း ဒေသကို ဦးဝေရွှယ် ခန်းမှ ခေါင်း ဆောင်ပါတယ်မြောက်ပိုင်း ဒေသက ၀ လူမျိုး ၇၀ ရာခိုင်နူန်းဟာ တရုတ်ဘာသာ စကားပြောဆိုပြီးတရုတ် ယွမ်ငွေ ကို သုံးစွဲပါတယ် ....

ရှမ်းပြည် မြောက်ပိုင်း ရဲ့ ခေတ်သစ် ကွန်မြူနစ် သမိုင်းကတော့ ၁၉၆၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှာစတင်ပါ တယ်အင်အား ၃၀၀ လောက်ရှိတဲ့ ဗကပ တပ်ရင်း ကြီး ၃၀၃ ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့  အကူ အ ညီနဲ့ နယ်စပ် ကို ဖြတ်ကျော်ပြီးမြူခိုးတွေ အုံဆိုင်းနေတဲ့  မုံးကိုးရွာငယ်လေး ကမြန် မာ့ တပ်မတော် တပ်ခွဲ တစ်ခွဲကို ၀င် တိုက်ပြီး ဗကပ အရှေ့ မြောက် စစ်ဒေသကိုစတင် ဖွင့်လှစ်လိုက်ပါတယ် …

ဖေဖော် ၀ါရီလ အတွင်းမှာပဲ တစ်ဖက် နိုင်ငံက စစ်ရေးအကူ အညီတွေ အလုံးအရင်းနဲ့ ထပ်မံရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ် တစ်ခုတည်း မှာပဲ ဖောင်း ဆိုင်ပန် ဆု ထန် ဖော်ကျုံး ၊ ကြူကုတ်(ပန်ဆိုင်း)ကောင်းလုံ ၊ လုံထန်နှင့် နမ့်ပေါ် တပ်မ တော် စခန်းတွေကို ဆက်လက် အတိုက်ခံ ရပါတယ်

၁၉၆၈ နှစ် အကုန်ပိုင်း မှာကျေး လက်ကို အခြေခံ မြို့ ကိုဝိုင်း တိုင်းရင်း သား လူမျိုးစုတွေ ကို စုစည်း အမာခံ နယ်မြေတွေ တည်ဆောက် ဆိုတဲ့  ဗကပ စစ် မဟာ ဗျူဟာတွေ အရ အရှေ့ မြောက်ဒေသ က ၀ တိုင်းရင်း သား တွေဟာ ဗကပ တပ် ရင်းကြီး ၄၀၄ ရဲ့  လက်အောက်ခံ တပ်ရင်း ၅၀၁ ၊ ၅၀၂ ၊ ၅၀၃ တပ်ရင်းတွေ အဖြစ်ပြောင်းလဲ ဖွဲ့ စည်းခြင်း ခံရပါတော့တယ်…

ဒီတပ်ရင်းကြီး ၄၀၄ ရဲ့ခေါင်းဆောင် ပိုင်းဟာ မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့  ခေါင်းဆောင် ဖုန်ကြားရှင် နဲ့ ကိုး ကန့် လူမျိုး များ ဖြစ်ကြပြီး အောက်ခြေ တပ် သားတွေ ကတော့ ၀ တိုင်းရင်း သား လူမျိုးတွေ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အရောက် မှာတော့ …ဒီတပ်ဖွဲ့ တွေဟာ အင်အား ၄၀၀၀ ခန့် အထိ ရှိလာပြီး ကွမ်းလုံကို စ တင်ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ် ….

၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်း မှာ ဖုန်ကြားရှင် ကိုယ်တိုင် တပ်မဟာ မှူး အဖြစ်ပါ ၀င်တဲ့ အရှေ့ မြောက် စစ်ဒေသ တပ်ဖွဲ့  တွေ ဟာအင်အား ၄၀၀၀ နီးပါးနဲ့ ချီတက် လာပြီး ကွမ်းလုံမြို့ မြောက် ဘက် ၇မိုင်အကွာ တာမြင်ရှန် တောင် ထိပ်မှာ တပ်စွဲ ထားတဲ့ လော်စစ် ဟန် ရဲ့ အင်အား ၈၀ လောက်ရှိ တဲ့ ကိုးကန့် ကာ ကွယ်ရေး ပြည်သူ့ စစ်စခန်းကို တိုက်ခိုက်ပြီး ကွမ်းလုံ ဒေသ တိုက်ပွဲစဉ် များကို စတင်လိုက်ပါတယ်…

ကွမ်းလုံ တိုက်ပွဲ စဉ်များ ဟာရက်ပေါင်း ၄၀ နီးပါး ကြာမြင့် ခဲ့ပြီး ဗကပ ဘက်က တပ်ရင်းကြီး အမှတ် ၄၀၄ လက် အောက် ခံ တပ်တွေ နဲ့ တပ်မတော် ဘက်က အမှတ် ၇၇ ခြေမြန် တပ်မ လက်အောက်ခံ တပ်တွေ အပြင်း အထန် တိုက် ခိုက်ကြတာ ဖြစ်ပါတယ် ….

နှစ်ဖက် စလုံးမှာ စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက် ခိုက်ခဲ့ ကြပြီး တပ်မတော် ဘက်ကတော့ လော်စစ်ဟန် ခေါင်း ဆောင်တဲ့ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့  အင် အား ၈၀၀ ခန့် ကပါဝင် တိုက်ခိုက်ပေးခဲ့ ပါတယ်….

ကွမ်းလုံ တိုက်ပွဲ စဉ်များမှာ အထိ နာ သွား တဲ့ ဗကပ ဟာ ၁၉၇၇ ခုနှစ်မှာ ခြူးရွှေ ၊ ပန်ကောက် တိုက်ပွဲ ၁၉၇၈ ခုနှစ် မှာ နောင်လိုင် ၊ ပါဖန် တိုက်ပွဲ နဲ့ ၁၉၈၆ ခုနှစ် မှာ စီစီ ၀န် တာပန် တိုက်ပွဲ တွေ ကို ဆက် လက် ဆင်နွဲ ခဲ့ ပါတယ်…

အဲဒီတိုက်ပွဲ တွေ အပြီး မှာ တပ်မတော် က ဗကပ ခြေကုပ် စခန်းကြီး တွေ ဖြစ်တဲ့  ကြူကုတ် ၊ ပန်ဆိုင်း ၊ ကွန်ဟိုင်း နောင်မ၊ မာန်ဟီးရိုး စခန်းတွေ ကို တန်ပြန် ထိုးစစ်ဆင် သိမ်းပိုက် ခဲ့ လို့ ခေတ္တ တန့် သွားခဲ့ပါတယ်…

ဒါပေမယ့် တစ်ခါ ၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက် မှာဗကပ ပန်ဆန်း ဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမှု နဲ့  ချီတက် လာတဲ့  ဗကပ လက်ရွေးစင် တပ်ရင်း ၁၃ ရင်း ဟာ မိုင်းယန်း ဒေသမှာတပ်စွဲ ထားတဲ့ တစ်ခု တည်းသော တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်း ကိုထပ်မံ တိုက်ခိုက် ကြ ပြန်ပါတယ်။

နယ်မြေ တွင်းက စစ်ကူ စစ်ကြောင်း တွေ မလာနိုင် အောင်အဖက်ဖက် က ပိတ်ဆို့ ဖြတ်တောက် ပြီးမှ အပိုင် တိုက် ခိုက် ခဲ့တာ လည်း ဖြစ်ပါ တယ် ဒီတိုက်ပွဲ ဟာ တိုက်ပွဲ ကြီး ၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် အနီးကပ် လှံစွပ်ထိုး တိုက် ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက် ခဲ့ပေ မယ့် အဲဒီ တပ်မတော် ခြေလျင် တပ်ရင်း ဟာ စစ်ကူ စစ်ကြောင်း တွေ ကို စောင့် ဆိုင်း ရင်း (၈) ရက် လုံးလုံး မဆုတ်ခွာ ပဲ အသေခံ ခုခံ နေတာ ကြောင့် ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက် မယ့် စစ်ရေး စီမံချက် ဟာ သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါ တယ် …..။

ဒီ တပ်မတော် နဲ့ အနှစ် ၂၀ ကျော် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ် တွေမှာ အထိအခိုက် အကျ အဆုံး များပြီး အသုံးချ ခံ နေရတယ်လို့ မကျေမနပ် ဖြစ်လာ ကြတဲ့  ဗကပ တပ်ရင်းကြီး ၄၀၄ လက်အောက် ခံ ၀လူမျိုး တပ်ရင်းတွေ ဟာ ၁၉၈၉ ဧ ပြီ ၁၇ ရက်နေ့ မှာ ဗကပ ပန်ဆိုင်း ဗဟိုကို ၀င်ရောက် သိမ်းပိုက်ပြီး ဗကပ ကို တော်လှန် တပ်မတော် အစိုးရနဲ့အပစ် အ ခတ်ရပ်စဲ လိုက်တဲ့ အတွက် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသမှာ လက်ရှိ ၀ အထူးဒေသ ၂အနေ နဲ့ စတင်ပေါ် ပေါက် လာပါတော့တယ်……။။

( ရေးသားသူ - ရဲမိုး )
( အပိုင်း ၂ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1111-2014-03-24-07-58-51.html
{[['']]}

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် အပိုင်း ၂


ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး
---------------------------------------------------------
တပ်မ တော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ ၉.၅.၁၉၈၉ ရက်နေ့ မှာ၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ။အပစ် အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာဝ ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ် လို့ ဆိုရမည် ဖြစ်ပါသည်။

စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက‘၀’ အထူးဒေသ ကိုယ်စား လှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ‘၀’ ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း တိုင်းရင်း သားလူမျိုး ၁၈ မျိုး နေထိုင် လျက်ရှိပြီး ဧရိယာ စတုရန်း ကီလိုမီတာ တစ်သောင်းခုနှစ် ထောင် ခန့် ကျယ်ဝန်းတဲ့ ဝ တောင်ပိုင်း နဲ့  မြောက် ပိုင်းဒေသ နှစ်ခုကို ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းအဖွဲ့ ဝင် ၂၁ဦး ပါဝင်တဲ့ဗဟို ကော်မတီ တစ်ခုက စီမံခန့် ခွဲ အုပ်ချုပ်နေ ပါတယ်။

အပစ်အခတ် ရပ်စဲစဉ်က ထောင်ဂဏန်း အနည်း ငယ်မျှသာ ရှိခဲ့တဲ့  ၀တပ်ဖွဲ့ ဟာ ယခုအချိန်မှာ မြောက်ပိုင်း ဒေသမှာ တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ရင်း တောင် ပိုင်း ဒေသမှာ တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန့်  နဲ့ ခေတ်မီ လက်နက်များ တပ်ဆင် တည်ဆောက် ထား နိင်ပြီ ဖြစ်ပါတယ်။

တပ်မတော် နဲ့ ဝ တပ်ဖွဲ့ များ အကြား အပစ်အခတ် ရပ်စဲပြီး ကတည်းက ဆက်ဆံ ဆောင်ရွက်ခဲ့တဲ့  ဆက်ဆံရေး သ မိုင်း ကို ပြန်လည် သုံးသပ်ရ မယ်ဆိုရင် -

တပ်မတော် နဲ့ ပူးပေါင်း ဆောင်ရွက် ခဲ့တဲ့ ဖြစ်စဉ် နှစ်ခုနှစ်ဖက် တပ်များ ထိပ်တိုက် ရင်ဆိုင် အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု စုစုပေါင်း ဖြစ်စဉ် ၆ခု ကြုံတွေ့ ခဲ့ရတာကို ပြန်လည် လေ့လာ သုံးသပ် နိုင်ပါတယ် ….

ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

အပစ် အခတ် ရပ်စဲပြီး ကာစ ၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ တောင်ပိုင်း ၀ဒေသက တပ်အချို့  နဲ့ ခွန်ဆာ ရဲ့  MTA တပ် တွေဟာ မူးယစ်ဆေးဝါး နဲ့ နယ်မြေ လု တဲ့ ပြသ နာများ ကြောင့် ဆက်ဆံရေး အတော်တင်းမာ လာပါတယ်ဒီတင်း မာမှုဟာ ၁၉၉၃ ခုနှစ်ဝန်းကျင် MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် SAM Series ဝေဟင် ပစ် ပုခုံးထမ်းဒုံး လက် နက်လို လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက် အများအပြား ပိုင်ဆိုင်လာချိန် ခွန်ဆာ အနေနဲ့  သူ့ ကိုယ်သူ ရှမ်းပြည် ရဲ့ သမ္မ တ အဖြစ် ထကြေငြာပြီး ချိန်မှာ စတင် ပေါက်ကွဲ ပါတယ်။

တိုက်ပွဲစ ဖြစ်ပွားတဲ့ အခါ လူအင်အား လက်နက်အင်အား အဖက်ဖက်က သာလွန်တဲ့  MTA တွေကြောင့် ၀တပ်ဖွဲ့ တွေ အတော် အထိနာ ကုန်ပြီး နောက်ဆုံးမှာ တပ်မတော် အစိုးရကို ဆက်သွယ် အကူအညီ တောင်းခံရ တဲ့ အနေအ ထား ထိ ဆိုက်ရောက်လာ ရပါတယ်။

တပ်မတော် နေရာက ကြည့်ရင် လက်ရှိ အင်အား ၂၀၀၀၀ ကျော် အထိ ရှိနေပြီးဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ နိုင် ငံခြား သံတမန်တွေ တောင် လာတွေ့ နေရ တဲ့ အထိ ကြီးထွားလာနေတဲ့  ခွန်ဆာ ရဲ့ တပ်ဖွဲ့ တွေကို ထိန်းချုပ် နိုင်ဖို့ လိုကို လိုအပ်နေပါတယ်….

ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ရှိနေ ပါသေးတယ် အဲဒါကတော့ ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ့  ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…

ပြည် တွင်းစစ် သက်တမ်း တစ်လျောက် ဒီပေါ်လစီရဲ့  ဒဏ်ကို တပ်မတော် က ခံစားခဲ့ရ ပေါင်း များ လှပါပြီတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ စခန်းတွေ ကို ဒုက္ခသည် စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး ၊ လက်နက်ခဲ ယမ်းရိက္ခာ ထောက် ပံ့ မှု ဆေးကုသ ပေးနေမှု နယ်စပ် တစ်လျောက် သယံဇာ တများ ခိုးထုတ်မှု အပေါ် အိမ်နီးချင်း နိုင်ငံရဲ့အမြတ်ထုတ် နေမှုတို့ ဟာဒီ ပြည်တွင်းစစ် မီး ကို ဘယ်တော့မှ ငြိမ်းသတ်လို့ မရခဲ့ပါဘူး….

ဒီတစ်ခါတော့ တပ်မတော် အစိုးရ ရဲ့  အလှည့် ရောက်လာပါပြီတန်ပြန် ကြားခံ နယ်မြေ မူဝါဒ( Counter Buffer Zone Policy ) ဟာ စတင် အသက်ဝင် လာ ပါတော့မယ် ….၁၉၉၃ ခုနှစ် နှစ်လယ် ပိုင်းမှာမြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ့ အများ အပြားဟာ တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် ရုတ်တရက် ဘွားကနဲ ရောက်ချ လာပါတယ် ၀ တပ်တွေဟာ လက်နက်ခဲ ယမ်းကိုလဲ ဖောဖော သီသီ သုံးနိင်လာပြီး တိုက်ပွဲမှာ ဒဏ်ရာရ တဲ့ သူတွေ ဟာလဲ ရိက္ခာ နဲ့  ဆေးဝါး ကုသမှု တွေ ရုတ်တရက် ကောင်းမွန် လာတာကြောင့် …လျှင်လျှင် မြန်မြန် ပြန်ပြီး တာဝန်ထမ်းဆောင် နိုင်လာပါတယ်…

ဒီ တိုက်ပွဲ စဉ်တွေဟာ ၁၉၉၅ နှစ်ဦး အထိ ဆက်တိုက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေခဲ့ ပါတယ်နှစ်ဖက်စလုံးမှာ အင် အား ထောင်နဲ့ ချီ ကျဆုံးခဲ့ချိန်၊ ခွန်ဆာ အဖွဲ့ မှ ကမ်းရွက် ဦးဆောင်တဲ့ ရှမ်း အဖွဲ့ မှ အင်အား ၄၀၀၀ ထောင် နီးပါး နဲ့ ခွဲ ထွက်ကာ တပ်မတော် နှင့် အပစ် အခတ် ရပ်စဲလိုက်ချိန် စတဲ့  အချိန်မှာတော့ …

ခွန်ဆာ ရဲ့ အမ်တီအေ တပ်ဖွဲ့ ဟာတပ်မတော်ထံ လူအင်အား ၁၄၀၀၀လက်နက်မျိုးစုံ ၈၀၀၀ ကျော် မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် ကျည်ဆန် ၂သန်းကျော် တို့ နဲ့ အတူ အကြွင်းမဲ့  လက်နက်ချ လိုက်ပါတော့တယ်….

ဒီနောက် မှာတော့ယိုးဒယား မြန်မာ နယ်စပ်မှာ အရင် ယိုးဒယားနဲ့ ပလဲနံပသင့်တဲ့  MTA ခွန်ဆာ့ တပ်ဖွဲ့ တွေ ရဲ့နေ ရာမှာအစားထိုး ၀င်ရောက်လာတဲ့  ၀ တပ် ဖွဲ့ တွေဟာ ယိုးဒယားနိုင်ငံ အတွက် အကျပ် ရိုက်စရာ Buffer Zone ကြီး တစ်ခု အဖြစ် ပေါ်ထွက်လို့ လာခဲ့ပါပြီ ….

ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

ဒုတိယ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ် ကတော့ ၂၀.၅.၂၀၀၂ ခုနှစ် နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ့  ယိုးဒယား နဲ့  နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အတွင်း မှာ ဖြစ်ပါတယ်…

နှစ်ဖက် စလုံးက နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီး ဒီ တိုက်ခိုက်မှုတွေ အတွက် ယိုး ဒ ယား ဖက်က SURA ရှမ်းလက်နက် ကိုင် တပ်တွေ ကို အသုံးပြုခဲ့ကာတပ်မတော် ဖက်ကတော့ ၀ တောင်ပိုင်းဒေသ အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ ၀ တပ်ရင်း များ အားလုံးလိုလို ပါဝင်တိုက် ခိုက်ခဲ့ပါတယ်…

၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ့  ညတိုက်ပွဲ တစ်ခုမှာ ၀တပ်ဖွဲ့ ဝင် အများ အပြားဟာ ယိုးဒယား နယ်မြေ ထဲကို နှစ်ကီလို မီတာ လောက် အထိ စိမ့်ဝင် သွားပြီး ယိုးဒယား အမြောက် စခန်းတွေရဲ့  ရှေ့ ကာတပ် စခန်းတွေ အား လုံးနီး ပါးကို ညတွင်းချင်း တိုက်ခိုက် ဖျက်ဆီး မီးရှို့  ပြစ်လိုက် တဲ့ အတွက် ယိုးဒယား အမြောက် စခန်းတွေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ခဲ့ရဘူးပါတယ်…

ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တပ်မတော် နဲ့  ၀ တပ်ဖွဲ့ တွေ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မိ တဲ့ ဖြစ်စဉ် ကတော့ ကိုးကန့် ဒေသ ဖုန် - လျှံ အရေး အခင်း မှာဖြစ်ပါတယ်။ တပ်မတော် အစိုးရ နဲ့ ပထမဆုံး အပစ်ခတ် ရပ်စဲရေး ယူထား တဲ့ ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ 'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင် တဲ့ အုပ်စု နဲ့ ' ရန်' မျိုးနွယ်စုက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ ခေါင်းဆောင်တဲ့  အုပ်စု အဖွဲ့ တွင်း အာဏာ လုရင်းတိုက် ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်။ ရန်အုပ်စု ဘက်က ၀ တပ်ဖွဲ့ တွေ ၀င်ကူတဲ့ အတွက် ဖုန်အုပ်စု အကြီးအကျယ် အထိနာ ပါတယ်…

ချင်းရွှေဟော် မြို့ ပါ မီးတင်ရှို့ ခံရပြီး ဖုန်အုပ်စု ဘက်က တပ်အချို့ ဟာ မိန်းမ ကလေးတွေပါ အပါအ၀င်ဝ တပ်ဖွဲ့ တွေ ရဲ့ အ၀ိုင်းခံရပြီးလောက်ကိုင် မြို့ ထဲမှာ ပိတ်မိနေခဲ့ ပါတယ် .... အဲအချိန်မှာ အချိန်မီ ရောက် လာတာက မိတ္ထီလာ က မနားတမ်း တောက် လျောက် ချီတက် လာတဲ့  အမှတ် ၉၉ ခြေမြန် တပ်မပါ ….

ရောက် ရောက်ချင်း ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ၀င်ရောက် နေရာယူ ရင်ဆိုင်ထား လိုက်ပါ တယ် …တစ်ဆက် ထဲမှာပဲ မုံးကိုး မုံးဟောင် ဒေသဘက် ကို ထိုးဖောက်ဝင်ရောက် လာတဲ့ ၀တပ်ဖွဲ့  တွေကို ကျောက် မဲ အခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက ကြားဖြတ် ၀င်ရောက် ဟန့် တား ရပ်တန့် စေ လိုက် ပါတယ်….

အခြေအနေ တင်းတင်း မာမာနဲ့နှစ်ဖက် တပ်တွေ ရက် အနည်းငယ်ကြာ ရင်ဆိုင် ထားပြီးတဲ့ နောက် ၀တပ်ဖွဲ့ တွေ ပြန်လည် ဆုတ်ခွာ သွား ခဲ့ပါတယ်။ ဒါ ပထ မ ဖြစ်စဉ် ဖြစ်ပါတယ်….

ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

ဒုတိယ ဖြစ်စဉ် ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့  လောက်ကိုင် အရေး အခင်း ဖြစ်ပါတယ်သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး ယာဉ်မောင်း များက ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ ဖြစ်စဉ်တစ်ခု မှာကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ့  ဒေသန္နရ စက် ရုံထုတ် လက်နက် အများအပြား ကိုတွေ့ ရှိခဲ့ ရပါတယ် …

ဒီဖြစ်စဉ် ကြောင့် သြဂုတ်လ အတွင်းမှာ လောက် ကိုင်မြို့ ပေါ်က လူသုံးကုန် စက်ရုံ အဖြစ် ဟန်ပြထား တဲ့ မသင်္ကာ ဖွယ်ရာ နေရာ အများ အပြားကို မြန်မာနိင်ငံ ရဲတပ်ဖွဲ့ က ၀င်ရောက် စီးနင်းရှာ ဖွေခဲ့ ပြီး သြဂုတ်လ ၈ ရက်နေ့ မှာတော့ လောက် ကိုင် မြို့ အထွက် ရန်လုံကြိုင်း ဂိတ်နားက မသင်္ကာ ဖွယ် စက်ရုံ ကို ၀င်ရောက် ရှာဖွေတဲ့ ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့်  ဟာအင်အား ၃၀၀ လောက်ရှိတဲ့  ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..

ဒီအဖြစ် အပျက်ကြောင့် တပ်မတော် အစိုးရဟာ လောက်ကိုင်မှာ တည်ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက် ကိုင်) လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ အမှတ် ၅၀၆ အမြောက် တပ်ရင်း ကို တပ်လှန့် ခဲ့ ပြီး ….

သိန္နီ အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်း တလျှောက် အလျှင်အမြန် ချီတက် လာစေ ကာ လောက် ကိုင်မြို့ ရဲ့ အချက် အခြာနေရာ တွေမှာ ၀င်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။

သူ့ နောက်က တစ်ဆက် တည်း ကပ်ပါလာတဲ့  စစ်ကိုင်း အမှတ် ၃၃ ခြေမြန် တပ်မကတော့ ကိုးကန့်  ဒေသရဲ့ ဆက် သွယ်ရေး လမ်းကြောင်း များ အားလုံးကို ညတွင်းချင်း ထိန်းချုပ်ခဲ့ ပြီး မိတ္ထီလာဘက်က တက်လာတဲ့ အမှတ် ၉၉ ခြေ မြန် တပ်မ ကတော့ညီနောင်တံတားက တဆင့် ၀ ဒေသထဲကို ၀င်ရောက်သွားကာ ဟိုပန်…ပန်လုံ ဒေသမှာ ၀ တပ်ဖွဲ့  များနဲ့ မျက်နှာချင်းဆိုင်တပ်မ တစ်ခုလုံး နေရာယူ လိုက်ပါတယ်……

နောက် တစ်နေ့ မနက်မှာပဲ အမှတ် ၉၉ ခြေမြန် တပ်မ ဟာကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ ဆက်သွယ်ရေး လမ်း ကြောင်းများ အားလုံးကိုဖြတ်တောက် ပိတ်ဆို့ ပြစ် လိုက်ပြီး ကိုးကန့် အရေး အခင်းကြီး တစ်ခုလုံး ပြီးစီး သွား ချိန်အထိ ၀ တပ်ဖွဲ့ တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….ဒါ ဒုတိယ ဖြစ်စဉ်ပါ ….

တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တတိယ ဖြစ်စဉ် ကတော့အဲဒီ ဖြစ်စဉ် နဲ့  တစ်ဆက် တည်း ဆက်ဖြစ် ပါတယ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို BGF နယ်ခြား စောင့်တပ်ဖွဲ့ များ အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရတပ်မ တော် အစိုးရဟာ အဲဒီ နှစ် စက်တင်ဘာ လဆန်းမှာဝ တပ်ဖွဲ့ များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ပေးရေး အစီအစဉ် ကို ဖိအားပေး တိုက်တွန်း လာပါတယ်…

ဝ တပ်ဖွဲ့ တွေဟာ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူညီခဲ့ ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ တွေမှာ တပ်မတော်က ဒုတိယ တပ်ရင်းမှူး ရာထူး တစ်ခုသာ ပါဝင်ရေး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ယိုးဒ ယား နယ်စပ်ရှိဝမ်ဟုန် ဒေသအား ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်း ထည့် သွင်း ပေးရေး စတဲ့ အချက် ကိုး ချက် ပါဝင်တဲ့ တောင်းဆိုချက် တစ်ခု ကို ပြန်လည် တောင်းဆိုခဲ့ပါတယ် …

တပ်မတော် အစိုးရ ကတော့ ဒီတောင်းဆို ချက်တွေကို လုံးဝ လက်မခံခဲ့ ဘဲ မိုင်းလား အထူး ဒေသ ၄ နဲ့ နယ်နိ မိတ် ချင်း ထိစပ်နေတဲ့ မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ၀ တပ်ဖွဲ့ များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် ဆိုတဲ့ အချက်တွေနဲ့  ပြန်လည် တုန့် ပြန်ခဲ့ ပါတယ်…

ဒီပြသနာ ဟာ လ အတော်ကြာ ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တပ်မတော် က ခြေမြန် တပ်မ ၃ခု က အသင့် အနေ အထား နဲ့ လာရောက် တပ်စွဲ ထားတဲ့ အထိ အခြေအနေ တင်းမာခဲ့ပါတယ်…

နောက်ဆုံးမှာ ၀ တပ်ဖွဲ့ တွေ နောက်ပြန် ဆုတ် သွားခဲ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး ကိစ္စကတော့ ဒီနေ့ အ ထိ သဘောတူ ညီမှု မရခဲ့ပါဘူး ….

ဒီတင်း မာမှု ရဲ့ အကျိုး ဆက် အဖြစ် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပပြု လုပ်ချိန်မှာ ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း ပါမြို့ နယ် ခြောက် မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ ပြီး ကျန်တဲ့ ဝ တပ်ဖွဲ့  ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ့ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ ရွေးကောက်ပွဲ မပြုလုပ် နိုင်ခဲ့ ပါဘူးဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..

စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

စတုတ္ထဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် တဖြည်းဖြည်း နဲ့  နယ်မြေချဲ့ ထွင် တပ်စွဲလာတဲ့ ဝ တောင် ပိုင်း ဒေသ တပ်ဖွဲ့ စခန်းတွေကို တပ်မတော် က နောက်ပြန် ဆုတ်ခိုင်းတာ က နေ အစပြု တာဖြစ်ပါတယ်။ တာချီ လိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ့ ဒေသတွေမှာ တပ်စွဲထားတဲ့ ‘၀’ တပ်စ ခန်း တွေ ကို နောက်ပြန် ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….

ဝတောင်ပိုင်း ဒေသတွင်း တပ်စခန်း တွေက တပ်ဖွဲ့ ဝင် အင်အား စာရင်း တင်ပြဖို့ တပ်မတော် မှ တောင်း ခံခဲ့ပြီး တပ်စ ခန်းအချို့ကို ဆုတ်ခွာဖို့ သတိပေး ခဲ့ခြင်း မဆုတ်ခွာတဲ့  တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း စ တဲ့ ဖိအား ပေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်….

ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ့  အရှေ့ အလယ်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်တွေပါ ပါဝင်လာပြီး ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်း ဒေသ ရဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေကို တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုပ် နေရာယူထား ခဲ့ပါတယ်…

ဒီ အခြေ အနေ တင်းမာမှု ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  ကျိုင်းတုံမြို့ မှာပြည်ထောင်စု ငြိမ်း ချမ်းရေး ကော် မတီ ကဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ တပ်ဖွဲ့  ပြင်ပ ဆက်ဆံရေး ဋ္ဌာန ဋ္ဌာနကြီးမှူး ဦးကျောက် ကော်ကန် တို့ တွေ့  ဆုံဆွေးနွေးပြီး ၀ တပ်ဖွဲ့ စခန်း အချို့ ကို နောက်ပြန် ဆုတ်ပေး လိုက်တဲ့ နောက်မှာ အထိုက်အလျောက် ပြေလည်မှု ရ သွား ခဲ့ပါတော့တယ်….
{[['']]}

ဖါးစည်သမိုင်းအပိုင်းအစ

ဖါးစည်သမိုင်းအပိုင်းအစ

ဆောင်းပါး - အဂ္ဂ

တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကဖါးစည်သည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟု
ရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။

၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီး
တရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။

သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။
ဗီယက်နမ်သုတေသီများက ဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်
တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တရုပ်ပြည်ရှို Pu ရှေးဟောင်းလူမျိုးတို့ မှာ မြန်မာက Pyu ပျူ ဟုခေါ်သော ပျောက်ကွယ်သွားသည့်လူမျိုး
လဲဖြစ်နိုင်ဖွယ်ရှိသည်။ Pu လူမျိုးသည် တရုတ်ပြည် ခင်းမင်းဆက် (Qing Dynasty)(၁၆၄၄-၁၉၁၁) က ဒီယန် (De'ang)လူမျိုးဟု သတ်မှတ်ခဲ့သော တောင်အာရှစကားပြောသည့် ယူနန်ပြည်နယ်အတွင်းကလူမျိုးတမျိုးဖြစ်သည်ဟု တရုတ်ပြည်တိုင်းရင်းသားလူမျိုးစု စစ်တန်းတွင်ပါရှိသည်။
ဘီစီ ၂၀၆မှအေဒီ ၂၂၀ အထိတန်ခိုးထွားခဲ့သော ဟန်မင်းဆက် ခေတ်က ယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသကြီးတခုလုံးသည် Pu လူမျိုးတို့ ၏ ယောင်ချန် ပြည်နယ်ဖြစ်ခဲ့သည်ဟုဆိုသည်။ Pu တို့ ၏ဘိုးဘေးဘီဘင်များမှာသံလွင်မြစ်ဖျားရှိ နုဂြီယန်မြစ် (Nujiang River) တွင် Achang နှင့် ဂျင်းဖေါ(Jingpo)
လူမျိုးများမရောက်လာမှီတွင် အခြေချနေထိုင်ခဲ့ကြသည်။ နုဂြီယန်မြစ်သည် ကရင်သမိုင်းကိုသုတေသနပြုသူတို့ ထွက်ဆိုလေ့ရှိသည့် ကရင်တို့ စတင်ဆင်းသက်လာရာ ထီးဆဲ့မဲ့ယွာ သဲစီးမြစ် တစင်းတွင် အပါအ၀င်ဖြစ်နိုင်သည်။ Pu လူမျိုးအဖြစ်မှ နောက်ပိုင်းတွင် De'ang ဖြစ်သွားသောခေတ်တွင် ယူနန်နယ်ကိုစိုမိုးသော တရုတ်နှင့် ဗီယက်နမ် အခေါ် ဒိုင်(Dai) သို့ မဟုတ် တိုင်းလျူ၊ ထိုင်းအခေါ် တိုင်း၊ မြန်မာခေါ်ရှမ်းလူမျိုးတို့ ၏ သြဇာအောက်ကျရောက်ခဲ့သည်ဟုဆိုသည်။

ကိုယ်ပိုင်စာပေမရှိတော့ဘဲ ဆင်းရဲနွမ်းပါးသောလူမျိုးစုငယ်တစုဖြစ်လျှက် တရုတ်ပြည် Zhenkang ဒေသတွင် ယနေ့ တိုင်တွေ့ ရှိနိုင်သေးသည်။ အထက်ပါတရုတ်တို့ ၏ဖူလူမျိုးများစတင်လုပ်ခဲ့သည်ဟုပြောသောကြေးစည်များကို ဘီစီ ၁၀၀၀ ခန့် က သွန်းလုပ်ခဲ့သည်ဟု ဗီယက်နမ် သမိုင်းတွင်လဲဖေါ်ပြထားသည်။သို့ ဖြစ်၍ ငွေတောင်ပြည်ကရင်နီထံမှ ယွန်းလက်သို့ ကျရောက်သွားသည့် ကာလသည် ဘီစီ ၁၀၀၀ ကာလအတွင်းဖြစ်နိုင်သည်။
ထိုခေတ်က ဗီယက်နမ်တွင် Đông Sơn လူမျိုးတို့ ၏ Văn Lang နှင့် Âu Lạc မင်းဆက်များရှိခဲ့ပြီး ထိုရှေးဟောင်းဗီယက်နမ်Đông Sơn အနုပညာယဉ် ကျေးမှုများအရှေ့ တောင်အာရှတခွင်သို့ ပျံ့ နှံ့ လွမ်းမိုးခဲ့ဘူးသည်။

ယင်းသို့ ဖြင့်ဖါးစည်ကို တရုတ်ပြည်က ဖူလူမျိုးများအရင်စလုပ်သည် ဟုတရုတ်ကရပ်တည်သကဲ့သို့  ဗီယက်နမ်၏ ဒေါင်စန် ယဉ်ကျေးမှုခေတ် အကြောင်းပြချက် သည်လည်းအထောက်အထားများစွာရှိသဖြင့် ညင်းဆန်ရန်ခက်နေသည်။ သို့ ဖြစ်၍ နှစ်ပေါင်းရှည်ကြာစွာဖါးစည်ကိစ္စ အညင်းပွားခဲ့သော တရုတ်နှင့်ဗီယက်နမ် ပညာရှင်တို့ သည် ၁၉၈၈ ခုနှစ်အောက်တိုဘာလ၌တောင်တရုတ်-အရှေ့ တောင်အာရှ ဖါးစည်နှင့် ဖါးစည်ယဉ်ကျေးမှုနိုင်ငံတကာစီမီနာ
(the International Symposium on The Bronze Drum and Bronze Culture of South China and Southeast Asia)တရပ်ကိုကျင်းပခဲ့ကြအပြီး တွင်ဖါးစည်သမိုင်းနှင့်ပတ်သက်သောကွဲလွဲချက်များအတွက် ဆက်လက်ညင်းခုံအချင်းများမှုများကိုသဘောတူရပ်တ့န် အဆုံးသပ်နိုင်ခဲ့သည်။

အထက်က တရုပ်နှင့်ဗီယက်နမ်အကျိတ်အနယ်ညင်းခုံခဲ့ကြသော ဖါးစည်ကို ကရင်လူမျိုးတို့ က ယနေ့ တိုင်အမျိုးသားသင်္ကေတတခုအဖြစ်အသိအမှတ်ပြု လျှက်ရှိသည်။ရှေးအခါကကွဲပြားသောကရင်မျိုးနွယ်စု အားလုံးတွင် တူညီသောအချက်မှာ သတ္တုအမျိုးမျိုးဖြင့်စပ်ထားသော ဖါးစည်ကို မိမိတို့ ၏ကိုးကွယ်မှုအခန်း
အနားနှင့် ယခုခေတ်ငွေကြေးများသဖွယ် လဲလှည်ရေးဘုံပစ္စည်းကဲ့သို့  အသုံးချခြင်းဖြစ်သည်။ Harry Ignatius Marshall က ၁၉၂၉ ခုနှစ် Journal of the Burma Research Society တွင် ကရင်လူမျိုးတို့ သည် ဖါးစည်ကိုအေဒီ ၁၀၉၃ မတိုင်မီက စတင်သုံးစွဲလာကြသည်ဟုမှတ်တမ်းတင်ထားသည်။ ထိုခေတ်အခါက ကရင်နှင့်ကရင်နီကိုခွဲခြားထားခြင်းမရှိသေးသဖြင့် ကရင်နီတို့ ကယွန်းများအတွက်ဖါးစည်လုပ်သည့် သတ္တုရွှေငွေ ကြေးနီကြေးဝါ များကိုတူးပေးရ သည်ကို ကရင်များဟုသာမခွဲခြားဘဲရေးမှတ်ပြောဆိုခြင်းဖြစ်နိုင်သည်။ ယွန်းလူမျိုးကိုတိုက်ခိုက်မောင်းထုတ်လိုက်ပြီးနောက် ကရင်နီတို့ ၏ကန္တရ၀တီ ငွေတောင်
ပြည်တွင်ဖါးစည်လုပ်တတ်သူပညာရှင်များမရှိတော့သဖြင့်မြောက်ပိုင်းသို့ ပြောင်းရွှေ့သွားကြသော ယွန်းလူမျိုးထဲမှ ဖါးစည်သွန်းလုပ်သောပညာရှင်များကို ငွေတောင်ပြည်သို့  ပြန်လည်ဖိတ်ခေါ်နေထိုင်လုပ်ကိုင်စေခဲ့သည် ဟုလည်းကရင်နီသမိုင်းတွင်ပါရှိသည်။ ဤအချက်အရ ကရင်နီသို့ မဟုတ်ကရင်တို့ သည်
ဖါးစည်အသုံးချခြင်းကိုယွန်းလူမျိုးတို့ မှတဆင့်ရရှိလာခြင်းဖြစ်သည်ဟုဆိုနိုင်ဖွယ်လဲရှိနေသည်။

ယွန်းလူမျိုးမှာ ရှမ်းနွယ်ဝင်ဖြစ်သောတိုင်းလူမျိုးစုအတွင်းမှ မျိုးကွဲ(၈)မျိုးတွင်ပါဝင်သည်။ ဗီယက်နမ်နိုင်ငံတွင် လဲ ဒိုင်(တိုင်း) လူမျိုးစုတနွယ် အဖြစ်ရှိနေဆဲဖြစ်သည်။ ယွန်းသည် ထိုခေတ်က အင်အားကောင်းခဲ့သော တိုင်းမျိုးနွယ်စုတစုဟုယူဆနိုင်သည်။ ထိုင်းနှင့် လာအို တို့ က တိုင်းယွမ် ဟုခေါ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသော မဲခေါင်မြစ်ကမ်းမှ ချင်းစဲန်းမြို့ သည် တိုင်းယွန်းတို့ ၏မြို့ တော်ဖြစ်ခဲ့ဘူးသည်။

ချင်းစဲန်းမြို့ သည် ငလျှင်ကြောင့်ပြိုကျပျက်စီးသွားပြီး လူသူအားလုံးသေကြေပျက်စီးခဲ့သည်။ နေက်ပိုင်းတွင် ၀လူမျိုးတို့ အခြေနေထိုင်သည်။ ယခုအခါထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအို ၂နိုင်ငံကိုခွ၍နေထိုင်ကြသောစာရင်းရှိနေသေးပြီး ထိုင်းနိုင်ငံ၏ ၂၀၀၅ သန်းခေါင်စာရင်းအရ ထိုင်းနယ်မြေထဲဘက်တွင်ယွန်းလူဦးရေ ၃၀၀၀၀ ခန့် ရှိပြီး လာအို တွင် ၆သန်းခန့် ရှိသည်။ ရှမ်းပြည်နယ်တွင်မူ ယွန်းသည် တရိုင်းလူမျိုးများဖြစ်ဖွယ်ရှိပြီး လူဦးရေတထောင်ခန့် သာကျန်သည်ဟု ရှမ်းရိုးမမဂ္ဂဇင်းတွင်ဖေါ်ပြထားသည်။ ကရင်နီပြည်နယ်နှင့် ကပ်နေသော ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်စောင်
ခရိုင်ကြီးကိုဖြတ်၍(မယ့်စံလဲ့) မြစ်ဆုံမြို့ နားတွင်သံလွင်မြစ်ထဲသို့ စီးဝင်သောမြစ်ကို ယွန်းမြစ်ဟု ယနေ့ တိုင်ခေါ်ဆိုသည်။

ဆက်လက်ရှာဖွေလေ့လာ တည်းဖြတ်ဖေါ်ပြသွားဦးမည်ဖြစ်၍ စိတ်ဝင်စားသူများစောင့်မျှော်ပါရန်...
{[['']]}

ဘိုကလေးကရင်သတ်ပွဲ ဖြစ်ရပ်မှန်

ဘိုကလေးကရင်သတ်ပွဲ ဖြစ်ရပ်မှန်

(ပြည်သူထူထုသိရမည့် သမိုင်းသင်္ခန်းစာအဖြစ် ခုခေတ်တွင်ပင် ပူပူနွေးနွေးဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်လူသတ်ပွဲတခု ကိုဖွင့်ချလိုက်ခြင်းဖြစ်ပါသည်)

၁၉၉၁ ခု အောက်တိုဘာလ (၂)ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ ပျောက်ကျားတပ်ဖွဲ့ တဖွဲ့ မြစ်ဝကျွန်းပေါ်ဘိုကလေးမြို့ နယ်ရှိ တီတန့် ကျေးရွာ သို့ ရောက်လာသည်။
ဝက်စုရဲစခန်းမှအစိုးရရဲတပ်ဖွဲ့ က မင်္သကာသူ ဦးအားမောင်အားသွားရောက်ဖမ်းဆီးရာတွင် ဦးအားမောင်ထွက်ရာ နောက်မှလိုက်လံပစ်ခတ်သော်လည်းလွတ်မြောက်သွားသည်။ သေနပ်(၈)လက်ကျည်ဆံသေတ္တာ ၃လုံးနှင့်ကျည်ဆံတအိတ်ကို ရဲတပ်ဖွဲ့ ကသိမ်းဆည်းရမိခဲ့သည်။
အောက်တိုဘာ(၃)ရက်နေ့ တွင် ဘိုကလေးမြို့ နယ် မ၀ကဥက္ကဌ ဗိုလ်မှူး မြင့်အောင်က စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အား (၅၀)နှင့် ကသမျှင်ရွာသို့ ရောက်လာပြီးစစ်ဆေးမေးမြန်းမှုများပြုသည်။
ရွာလူကြီးများက သူတို့ မသိရကြောင်းပြောကြသည်။ ကသမျှင်ရွာ ခရစ်ယန်သင်းအုပ်ဆရာ ဆရာအေးရွှေနှင့် ဘုရားကျောင်းအသင်းဝင်များက ဗိုလ်မှူး မြင့်အောင်အဖွဲ့ ကို ထမင်းဟင်းဖြင့်ဧည့်ခံကျွေးမွေးကြသည်။
ထိုအချိန်တွင် ၀က်စုရဲများက လက်နက်သိမ်းဆီးရမိကြောင်းကို ဗိုလ်မှူး မြင့်အောင်အား လာရောက်သတင်းပို့ သည်။ သို့ ဖြစ်၍ဗိုလ်မှူးမြင့်အောင်နှင့်တချို့အဖွဲ့ ဝင်များရှေ့ ကြိုပြန်သွားကြသည်။ စက်လှေနှင့်ပြန်လိုက်လာသည့်ရဲတပ်ဖွဲ့ ကို KNLA ပျောက်ကျားများဟုထင်ရသော လက်နက်ကိုင်အဖွဲ့ တဖွဲ့ က ကသမျှင်ရွာချောင်းကမ်းပါးမှ ခြုံခိုတိုက်ခိုက်သဖြင့်ရဲ (၁၇)ယောက်သေဆုံးသည်။ စစ်ကူလိုက်လာသည့်စစ်တပ်
အဖွဲ့ ကိုလဲ ကသဘောင်းရွာမှ အမျိုးအမည်မသိတပ်ဖွဲ့ တဖွဲ့ က ဆီးကြိုတိုက်ခိုက်သဖြင့် စစ်သား(၂)ဦးနှင့် ရဲတစ်ဦးကျဆုံးပြန်သည်။ ထိုပျောက်ကျားအဖွဲ့ စက်လှေဖြင့် ရှောင်ပြေးနေစဉ် ထောင်ပိုင်ချောင်းဝတွင် အသင့်စောင့်နေသော အစိုးရတပ်က ဆီးကြိုတိုက်ခိုက်သဖြင့် တချို့ သေဆုံးကျန်ရစ်ခဲ့ပြီး တချို့ကန်ခမောက်ကြီးအရပ်ဘက်ကိုထွက်ပြေးသွားကြသည်။ အောက်တိုဘာလ(၅)ရက်နေ့ တွင် အစိုးရကလေယဉ်နဲ့ ကန်ခမောက်တရွာလုံးကိုပစ်ခတ်ပြီး မြေပြင်မှလဲ ၀ိုင်းဝန်းသဖြင့် အမည်မသိပျောက်ကျားအားလုံးအဖမ်းခံကြရသည်။ ဖမ်းမိသမျှကို နေရာတွင်ပင် ရိုက်နှက် ညှင်းပမ်းပြီး သတ်ပစ်လိုက်သည်။ အနီးအနာရှိ ကရင်ရွာအားလုံးကိုလဲဝင်ရောက်ပြီး တွေ့ သမျှလူကြီး၊မိန်းမနှင့် ကလေး မကျန်အားလုံးကို မြန်မာစစ်တပ်က ဖမ်းဆီးနှိတ်စက် သတ်ဖြတ်မှုကြီးစတင်လေတော့သည်။

အောက်တိုဘာလ(၈)ရက်တွင် မော်ကျွန်းဘက်သို့ စက်လှေ (၄)စီး နှင့် တက်လာကြသည့် ပျောက်ကျားစစ်ကြောင်းကို ဘုရားစုရွာအနီးတွင် အစိုးရတပ်က စောင့်တိုက်သည်။ အစိုးရတပ်ဖွဲ့ မှာလေယဉ်နှင့်လာကြသဖြင့် ခုလိုအချိန်မီစောင့်တိုက်နိုင်ခြင်းဖြစ်သည်ဟု အရပ်သားတချို့ ကပြောသည်။ အမည်မသိပျောက်ကျား(၃)ဦးကျရန်ရစ်ခဲ့သည်။ အရပ်သားများက ကရင်ပျောက်ကျားလှုံ့ ဆော်ရေးခါင်းဆောင်တဦးဟု ထင်မြင်ခဲ့သော ဆရာအယ်ကြေးဆိုသူ အစိုးရလေယဉ်ပေါ်တက်လိုက်သွားခဲ့သည် ကို လူတချို့မြင်လိုက်သဖြင့် သို့ လော သို့ လောထင်မြင်ချက်ပေးကြသည်။ တိုက်ပွဲပြီးသွားသောအခါ ကျန်ပျောက်ကျားအဖွဲ့ ဝင်များ မြောင်းမြမြို့ နယ် ငပုတော ရွာတွင်စက်လှေငါးစီးဖြင်ရောက်နေသော တခြားပျောက်ကျားစစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းသည်။ အုန်းပင်စုရွာအနီးတွင် မြေပြင်မှအစိုးရခြေလျင်တပ်များနှင့် စစ်ရေယဉ်များကအပြင်းအထန်တိုက်ခိုက်ချိန်တွင် လေယဉ်ဖြင့်လည်း ဗုံးကျဲသဖြင့် ပျောက်ကျားဘက်က (၄၀)ခန့် သေဆုံးကျကျန်ခဲ့သည်။ အစိုးရတပ်ဘက်က ပျောက်ကျားများထက် ကျဆုံးမှုများပြားသည်ဟု မျင်မြင်သက်သေတချို့ကပြောသည်။

အရပ်သားများနှင့်လွတ်မြောက်လာသူများ၏ပြောကြားချက်အရ ပျောက်ကျားခေါင်းဆောင် အိုင်ဖူးသည် အ၀ိုင်းခံနေရစဉ် ကျန်လူများအားလုံးကိုထွက်ပြေးစေပြီး အစိုးရတပ်ထိုးတက်လာသည့်လမ်းတွင် တဦးတည်းပစ်ခတ်ခုခံရင်းကျဆုံးခဲ့သည်ဟုသိရသည်။ အိုင်ဖူးသည် ရပ်ရွာအတွင်းစည်းရုံးရေးလုပ်ခဲ့သဖြင့် အရပ်သားတချို့ ကမှတ်မိနေသည်။ ထိုတိုက်ပွဲအပြီးတွင် ကရင်အရပ်သားများကိုလှုံ့  ဆော်စည်းရုံးခဲ့သူတဦးဖြစ်သည့် ၀ါးဒိုဆိုသူလည်းကိုယ်ရောင်ပျောက်သွားသည်။ ၀ါးဒို သည် အစိုးရစစ်တပ်မှ သပ်လျှိုထောက်လှမ်းရေးတဦးဖြစ်ဖွယ်ရှိပြီး အရပ်သားများကို ထချရန်ပြောင်တလင်းလိုက်ဆွခဲ့ ခြင်းမှာလဲ ထောက်လှန်းရေးနည်းပရိယာယ်အရ ရန်သူ၏လှုပ်ရှားမှုကို မြင်ရအောင် ထောင်ခြောက်ဆင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အသက်ရှင်လွတ်မြောက်လာသူတချို့ က ယူဆသည်။
မြစ်ဝကျွန်းပေါ်ကရင်များသညှ်ဗမာစကားပြောကြသဖြင့်ဝါးဒိုကို ကရင်အမျိုးသားတဦးဟုတ်သည်မ မဟုတ်သည်ကိုလဲ ဘယ်သူမှ တပ်အပ်မသိကြပေ။
အောက်တိုဘာလ(၁၅)ရက် တွင် အထက်ပါကရင်ပျောက်ကျားတပ်ဖွဲ့  ကရင်ရွာကြီးတရွာဖြစ်သည့် တဲ့တဲ့တူးရွာချောင်းဝသို့ အရောက်တွင် အစိုးရတပ်မှဆီးကြိုတိုက်ခိုက်ပြန်သည်။ (၁၆)ရက်နေ့ တွင် တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကိုယ်တိုင် တဲ့တဲ့တူးရွာသို့ ရဟတ်ယဉ်နှင့်ရောက်လာသည်။ ရဟတ်ယဉ်ပေါ်မှ အသံချဲ့စက်ဖြင့် ရာဇသံပေးသည်ကိုရွာသားများကြားခဲ့ရသည်။ ရာဇသံတွင် လက်နက်ချပါက သတ်ပစ် မည်မဟုတ်ကြောင်း၊ ဒေသခံပြည်သူများကိုလဲ ထွက်ပြေးသူများကို လိုက်လံစည်းရုံး ပေးကြရန်ကြေညာသည်။

မပြေးဘဲကျန်သောရွာခံသားများကို ၀ါးချွန်များ တုတ်များကိုင်ဆောင်စေပြီးစစ်သားများနှင့်အတူ ထွက်ပြေးသူများကို လိုက်လံဖမ်းဆီးစေခဲ့သည်။ နောက်ဆုံးတွင်ဖမ်းမိသောသူအားလုံးနှင့်တကွ လိုက်ဖမ်းပေးသူရွာသားအများစုကို ၀ါးချွန်များဖြင့်ထိုး၍သော်၎င်း ၀ါးရင်းတုတ်များဖြင့်ရိုက်နှက် ၍သော်လည်းကောင်းသတ်ဖြတ်ပစ်ခဲ့သည်။ ပျောက်ကျားများနှင့်အဆက်အသွယ်ရှိသည်ဆိုသော ဦးဂျက်ဆင်ဆိုသူကိုလည်း မိသားစုရှေ့ တွင်ပင်လာရောက်ဖမ်းဆီးပြီးရိုက်သတ်ပစ်လိုက်သည်။

ဖေါ်ပြခဲ့သည့်အတိုင်း အစိုးရတပ်က မြစ်ဝကျွန်းပေါ်သို့ ပြန်လည်ခြေချနိုင်ရန် ၀င်ရောက်လာသည့်ကေအဲန်အဲလ်အေ မှ အသေခံပျောက်ကျား အားလုံးကိုကျုပင်ခုတ်ကျုငုတ်မကျန်ရှင်းလင်းလိုက်ပြီး နီးစပ်ရာအပြစ်မဲ့ သူတချို့ ကိုလဲသတ်ဖြတ်ပစ်ခဲ့သည်။ အမှန်တွင် ဤမျှနှင့်စစ်တပ်၏တာဝန်ပိုင်းပြီးဆုံးပြီဖြစ်သည်။ သို့ သော်ထိုသို့ မဟုတ်ဘဲ အစိုးရတပ်က ဒေသအတွင်းရှိကရင်လူထုများစွာကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကိုမယုံကြည်နိုင်လောက်အောင် လူစိတ်ကင်းမဲ့စွာ ဆက်လက်ကျူးလွန်သည်။ ကိုယ်တိုင်တွေ့ ကြုံခဲ့ရပြီး အသက်ရှင်လျှက်ရှိသေးသူတချို့ ၏ ဖွင့်ဆိုချက်တချို့ ကို အောက်တွင်ဆက်လက်ဖေါ်ပြထားပါသည်။

အောက်တိုဘာလ(၇)ရက်နေ့ တွင် ကသမျှင်ရွာမှ ခရစ်ယာန်သင်းအုပ်ဆရာ၊ ရွာလူကြီးများ၊ အစိုးရ၀န်ထမ်းဟောင်းများ လက်ကိုနောက်ပြန်ကြိုးတုတ်၍ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။ ပထမပိုင်းတွင် ကျား (၁၉)ယောက်နှင့် မ(၂)ယောက်ဖြစ်ပြီး မရှေးမနှောင်းမှာပင် နောက်ထပ်ဆက်တိုက်ဖမ်းဆီးလာသဖြင့် အချုပ်ခန်းတွင်ပြွတ်ကြတ်သွားသည်။
ကသမျှင်သင်းအုပ်ဆရာ၏ပြောပြချက်မှာ သူ့ကိုဖမ်းဆီးစစ်ဆေးရာတွင် မ၀ကဥက္ကဌနှင့်တပ်ဖွဲ့ ကို ထမင်းကျွေးခဲ့ပြီးသတ်ရန်ကြံစည်ခဲ့သည်ဟုစွတ်စွဲသည်။ ရင်ဝကိုဆောင့်ကန်ခံရသဖြင့် အသက်မရှူနိုင်ဘဲ သတိလစ်သွားသည်။ ညသန်းကောင်အချိန်တွင် အချုပ်ခန်းမှဆွဲထုတ်ပြီးအုတ်ခဲချွန်များပေါ် တွင်ဒူးထောက်နေခိုင်းသည်။ ပုဆိုးကိုလဲဆွဲချွတ်ပြီး မီးရှို့ သည်။ ထမင်းကိုမနက်တဆုတ် ညတဆုတ် ရေကိုမနက်တခွက်ညတခွက်တတိုက်သည်။(၂၈)ရက်လုံးလုံး လက်ပြန်ကြိုးတင်းကြပ်စွာတုတ်ခြည်ထားသည်။
ဖမ်းဆီးထားသူများစွာကိုကြိုးတချောင်းနှင့် တွဲခြည်ထားသည်။ အိပ်ပျော်ခါနီးတွင် စစ်သားတချို့ ကလာခေါ်ပြီး ညှင်းဆဲသည်။ နှိတ်စက်နည်းများတွင် လက်ပြန်ကြိုးတုတ်ပြီး ထုတ်တန်းဆွဲခြင်း၊ ဆေးလိပ်မီးနှင့်တို့ ခြင်း၊ ခေါင်းကိုပလပ်စတစ်ဖြင်ူစွတ်ပြီးရေလောင်းခြင်း၊ ထိုးကျိတ်ကန်ကျောက်ခြင်း၊ အခွန်နှင့်ထိုးခြင်း၊ နားထဲရေလောင်းထည့်ပြီးနရင်းအုပ်ခြင်း၊ ၀ါးဆစ်နှင့်ရိုက်ခြင်း၊ ညိုတန်ကျဉ်းကိုသံလုံးဖြင့်ဖိလှိမ့်ခြင်း၊မျက်နှာနှင့် ခြေဖ၀ါးကိုဓါးနှင့်လှီးခြင်းစသည်တို့ ဖြစ်သည်။ စစ်သားတဦးကသူ့ ခြေဖ၀ါးတွင်မှာခရစ်တော်၏ပုံကို ပြပြီး မင်းတို့ ရှိခိုးတဲ့ဘာရားက ငါ့ခြေဖ၀ါးအောက်မှာဘဲရှိတယ်ဟု ပြောဆိုစော်ကားသည်။

အောင်းကုန်းရွာတွင် (၃၄)ဦး အစိုးရတပ်၏သတ်ဖြတ်မှုကိုခံရသည်။ အောင်းကုန်းရွာတဘက်ကမ်းရှိ ကမာဟောက်တွင် ကိုယ့်တွင်းကိုယ်တူးခိုင်းသည်။ တွင်းဝတွင်ဒူးထောက်ထိုင်ခိုင်းပြီး ဘ
က်နက်နှင့်ထိုးခြင်း၊ ၀ါးတုတ်များဖြင့်ရိုက်ခြင်းအပြင် စပါးရိတ် တံစဉ်နှင့် လည်ပင်းလှီးခြင်းများဖြင့်
သတ်ဖြတ်ပြီး တွင်းထဲ ကန်ချလိုက်သည်။ တချို့ ကိုချောင်းထဲပစ်ချလိုက်သည်။အမျိုသမီးတဦး ကိုမှားယွင်းသတ်ဖြတ်မိသည်ဟုဆိုကာဗိုလ်မှူးအောင်မျိုးမင်းဆိုသူက
ယင်းအမျိုးသမီး၏ သမီး(၂)ဦးအားမွေးစားရန်ခေါ်ဆောင်သွားသည်။
ထိုဗိုလ်မှူးမှာ လူစိတ်ကင်းမဲ့သောစစ်တပ်အတွင်းတွင် မလွန်ဆန်နိုင်ဘဲပါဝင်နေရသူတဦးထဲကဖြစ်သည်။
အခြားအမျိုးသမီး (၂)ဦးကို သစ်ပင်တွင်ဇောက်ထိုးဆွဲ၍ အောက်မှ မီးခိုးတိုက်သတ်သည်။ အမျိုးသမီးတဦးမှ ရာသီသွေးများကျဆင်းလာပြီး သတိမေ့သွားသည်။ ထိုလူသတ်ပွဲတွင်အထက်အမိန့် အရပါဝင်ခဲ့
ရသော ရဲဘော်တချို့ ယနေ့ တိုင် (၂၀၀၆ခုနှစ်) အထိရှိနေသေးသည်။
ဤနေရာတွင် အစီရင်ခံစာ တ၀က်ရှိပြီဖြစ်သည်။ ရင်နင့်စရာကောင်းသောအဖြစ် အပျက်များ နှင့်ပြည့်နှက်နေသည့်နောက်တ၀က်ကို ယခုကဲ့သို့ ချုပ်နှုတ်ပြီးနောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြပါမည်။
စာရေးသူသည် အရင်ကကြားဖူးခဲ့သည့် ဂျပန်နှင့်ဘီအိုင်အေတပ်တို့ ၏ရက်စက်ကမ်းကြုတ်လူမဆန်မှုကို
မယုံတ၀က် ယုံတ၀က်ဖြစ်ခဲ့ဘူးသည်။ မျက်မှောက်ကာလတွင်ပင်ဤသို့ လုပ်နေကြလျှက်ရှိဆဲကို သိရသဖြင့်
ထိုခေတ်က ထိုသို့ လုပ်ခဲ့ကြမည်မှာ သံသယဖြစ်ဖွယ်မရှိဖြစ်ရလေသည်။

ဂျပန်နှင့်ဘီအိုင်အေတပ်များမြစ်ဝကျွန်းပေါ်ဒေသ ကရင်ရွာများကိုသတ်ဖြတ်ရာတွင် အပြောအများဆုံတခုမှာ ကလေးငယ်များကို မိုးပေါ်မြောက်တင်၍ အောက်မှ ဘက်နက်နှင့်ထိုးခြင်းဖြစ်သည်။ ဖက်ဆစ်ဂျပန်အမျိုးသားအစွန်းရောက်ဝါဒီတို့ ၏တဘက်သပ်ရက်စက်နည်းမျိုးကို ပုံတူကူးခြင်းဖြစ်သည်။
ဂျပန်စစ်သားများကိုဖမ်းမိသောအခါ ဂျပန်ကဲ့သို့ ရက်စက်မှုမျိုးကို အဂ်လိပ်များဘက်က ပြုကျင့်သည့်အလေ့များရှိသည်ကိုမတွေ့ ရပါ။ ဆရာစံထကြွစဉ်ကလည်း ဆရာစံနှင့် အဖွဲ့ ကိုသာ ဥပဒေအရအရေးယူ ရုံတင်စစ်ဆေးပြီး ကြိုးဒဏ်ပေးခဲ့ခြင်းဖြစ်ခါ ဆရာစံကျက်စားခဲ့ရာဒေသရှိကျေးရွာသူရွာသားအားလုံးကို အလိုတူအလိုပါအဖြစ် သော်၎င်း ဆိုင်ရာလူထုကိုချိမ်းခြောက် အညွန့် ချိုးရန်သော်လည်းကောင်း ရက်ရက်စက်စက်သတ်ဖြတ်ခြင်းမရှိယုံမက ဖမ်းဆီးစစ်ဆေးမှုများကိုပင်မပြုခဲ့ကြပါ။

စစ်တပ်ကဖမ်းဆီးနှိပ်စက်ရာတွင် လူ (၂၀၀)နီးပါး သေကြေခဲ့ပြီး အလောင်းများကိုလဲပြန်မရကြပါပေ။ တလအကြာတွင် အယောက်(၅၀၀)ခန့် ကို အင်းစိန်ထောင်နှင့်မအူပင်ထောင်များသို့ ပို့ သည်။ ထောင်သို့ ပို့ခံရသူများထဲတွင် အစိုးရကျောင်းမှ ကရင်ဆရာ ဆရာမ (၁၆)ဦးပါရှိသည်။ ဆရာမတဦးက သူ့ ကိုစစ်ဆေးမေးမြန်းခြင်းမရှိဘဲ ထောင်သို့ ပို့ ခဲ့သည်ဟုဆိုသည်။

စည်ကြီးရွာနေ စောချာဘေးကို မသင်္ကာမှုနှင့်ထမ်းခေါ်သွားခြင်းမျှသုဖြစ်သော်လည်း မျက်နှာကိုပိတ်စည်းကာ နှိတ်စက်ပြီးနောက် ဓါးနှင့်ထိုးသတ်လိုက်ပါသည်။ မြပဲခူးရွာသယးစောထူးရှီးမှာ နှိပ်စက်ခံရရင်းသေသွားသည်။
ဆိတ်ကြီးရွာသားဦးရှီးလှမှာမူကိုယ့်တွင်းကိုယ်တူးရပြီး ပေါက်တူးနှင့် ပေါက်သတ်ခြင်းခံရသည်။ အောင်ကုန်းရွာခရစ်ယန်သင်းအုပ်ဆရာ လေဟန်ကို သဲသောင်ပြင်ပေါ်တွင် ထိတ်တုံးခတ်ပြီး ရေမတိုက် အစားအစာမကြွေးဘဲ နေပူလှမ်းထားခဲ့ပြီး (၃)ရက်အကြာတွင် မချိမဆန့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူသည် အဖမ်းခံရချိန်တွင် ဖျားနာနေသည်။ ဒေါင့်ကြီးရွာနေ စောအောင်မြ မှာ ကသမျှင်ရွာတဘက်ကမ်းတွင် ကိုယ့်တွင်းကိုတူးရပြီးနောက် ပေါက်တူးဖြင့်ပေါက်သတ်ခြင်းခံရသည်။ သပြေကုန်းရွာနေ ဦးပန်းမြိုင် က ကရင်ပျောက်ကျားများကိုထမင်းကျွေးခဲ့ဘူးသူအဖြစ် နှိတ်စက်သတ်ဖြတ်ပြီးနောက် သူပိုင်ဆိုင်သည့် ပစ္စည်းများနှင့်လယ်ထွန်စက်အပြင် အိမ်ကိုပါဖျက်ပြီး စစ်တပ်ကသိမ်းယူသွားခဲ့သည်။ ဘာမှပတ်သက်ခြင်းမရှိသော ကျောင်းဆရာဦးဖိုးလှမှာနှိတ်စက်ပြီး ရေနှစ်သတ်ခြင်းခံရသည်။
ကွင်းကုန်းရွာနေ အတော်အသင့်ချမ်းသာသူနော်စေးဖေါမှာ မျိုးချစ်စိတ်မြင့်မားသူဖြစ်၍ ကရင်ပျောက်ကျားများစက်လှေများဝယ်ယူရာတွင် လိုက်လံပို့ ဆောင်ခဲ့သည့်ပြင် ငွေကြေးလဲထောက်ပံ့ပေးသူတဦးဖြစ်သည်။ တကိုယ်လုံးနာကျင်အောင်ရိုက်နှက်ပြီးမှ ရေနွေးပူနှင့်လောင်း
သတ်ခြင်းခံရသည်။ စည်လေးရွာနေ တာယိုးယိုးနှင့်အဖေါ်(၂)ဦး ၏ခေါင်းကျေမွနေသောအလောင်း၃ လောင်းကိုရွာသားများတူးဖေါ်တွေ့ ရှိသည်။ အောင်ကုန်းရွာမှ လူငယ်(၈)ဦးကိုကြိုးတချောင်းဖြင့်လည်ပင်း တွင်ချည်ပြီး တိရိစ္ဆာန်ကဲ့သို့ ဆွဲခေါ်သွားသည်။ တယောက်လဲကျသဖြင့်အားလုံးလိုက်လဲကျသည်။ သူတို့ အားလုံးကိုယ့်တွင်းကိုယ်တူးရပြီး ဘက်နက်နှင့်ထိုးသတ်ခြင်းခံရသည်။ လူငယ်လေးတဦးကိုဖမ်းဆီးပြီးဇောက်ထိုးတွဲလောင်းချခါရိုက်နှက်ခါ သေနပ်တွေဘယ်မှာဝှက်ထားသလဲဟုစစ်သည်။ လူငယ်လေးမှာ အဖြစ်အပျက်နှင့်ဘာမှမဆိုင်သူဖြစ်သဖြင့် ဘာမှမဖြေနိုင်သဖြင့် နေ့ညမပြတ်ညှင်းဆဲသည်။ အမေကိုတွေ့ ခွင့်တောင်းသည်ကိုတော့စစ်သား များခွင့်ပြုသည်။ ဘယ်သူမဆို ခုလို အညှင်းဆဲခံရနိုင်ကြောင်းကို အဖမ်းမခံရသော အရပ်သားများသိရှိစေချင်သောသဘောနှင့် တွေ့ ခွင့်ပြုခြင်းဖြစ်ဖွယ်ရှိသည်။ မိခင်နှင့်တွေ့ သောအခါ အမေ့မှာရှိတဲ့ ကျွဲနွား လယ်မြေတွေအိမ်င်္တေအကုန်ရောင်းပြီး သူ့ အားသေနပ်ဝယ်ပေးပါရန် ကျနောမခံနိုင်တော့ဘူးဟု အမေ့အားနာကျင် ကျေကွဲစွာပြောသည်။ ထိုသေနပ်ကိုစစ်သားများအားပေးလိုက်လျှင်သူ့ အားဆက်လက်ညှင်းပမ်းမှုမပြုတော့ဟုမျှော်လင့်ချက်ထားရှာသည်။ အမေ့မှာ သားငယ်မကြာမီ ညှင်းဆဲမှုဒဏ်နှင့်အသတ်ခံရတော့မည်ကို သိသဖြင့် ရင်ကွဲခဲ့သည်။

အသက်(၇၀)ကျော်ရှိ အသင်းအုပ်ဆရာတဦးကို ဖမ်းဆီးပြီး အသင်းသားဘယ်နှဦးရှိလဲဟုမေးသည်။ (၃၀၀)ရှိသည်ဟုဖြေသည်။ ကရင်ပျောက်ကျားမှားအကြောင်းကိုမေးမြန်းစစ်ဆေးသောအခါ သူမသိကြောင်းပြောသဖြင့် လူ(၃၀၀) မျက်လုံး(၆၀၀) တောင်ရှိပြီး ဘာမှမမြင်ရကောင်းလားဟုဆဲဆိုကြိမ်းမောင်းခါ ၀ိုင်းဝန်းကန်ကျောက်ပြီးခေါင်းကိုလဲသတိမေ့သွားသည် အထိရိုက်နှက်သည်။ မင်းတို့ ဘုရား ယေရှုကို ကုန်းအော်ခေါ်လိုက်အုန်းဟူ၍လဲ ဘာသာရေးစော်ကားသည်။
ထိုသင်းအုပ်ဆရာကိုမူ အသက်ကြီးပြီဖြစ်၍ မသတ်ဘဲထားသည်။

ကရင်ကျေးရွာတိုင်းလိုလို ရွာနှင့်မနီးမဝေးတွင် လူသေအလောင်းများမြှုပ်နှံထားသည်ကို ကျန်ရှိသောရွာသားများကနောက်ပိုင်းတွင်တွေ့ ရှိသည်။ ထိုကလအတွင်းတွင် အစိုးရစာသင်ကျောင်းအားလုံးကို ပိတ်ထားသည်။ ကရင်လူမျိုးဆရာ ဆရာမ အားလုံးကို စစ်ဆေးမှုမရှိဘဲ ထောင်ချခဲ့ပြီး ကရင်မဟုတ်သောတခြားလူမျိုးဆရာဆရာမများကိုမူ ရွှေ့ ပြောင်းခဲ့သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတချို့ ကိုဖျက်ဆီးဖြိုချပစ်ပြီး အတွင်းမှရှိသမျှပစ္စည်းများကိုယူသွားကြသည်။
တချို့ ဘုရားကျောင်းများကိုစစ်သားများတည်းခိုကြသည်။ ကသမျှင်ရွာမှ ယောကျာင်္းအားလုံးကို ဘုရားကျောင်းထဲတွင် (၂)လချုပ်ထားပြီး မိန်းမများက ထမင်းလာပို့ ပေးရသည်။ လုပ်လက်စလယ်ယာမြေများလဲ ကြည့်ရှုသူမရှိသဖြင့် ပျက်စီးကုန်သည်။

အထက်ဖေါ်ပြပါ မြန်မာစစ်တပ်လူမဆန်စွာကျင့်မှူများသည် မဟာလူမျုးကြီးဝါဒတည်မြဲရေးအတွက် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည်။ ယင်း ပဒေသရာဇ် ဖက်ဆစ် နယ်ချဲ့ ဝါဒီစစ်တပ်ကတိုင်းရင်းသားတို့ အပေါ် နားရွက်မခတ်ရဲအောင် ချိမ်းချောက် ဖိနင်းထားမှုကို အခွင့်ကောင်းယူလျှက်ပညာရေး၊ ယဉ်ကျေးမှု နယ်ပယ်များကလဲ အနုနည်းများဖြင့် တိုင်းရင်းသားတို့ အပေါ် အုပ်စီး မျိုးဖြုတ် စာပေဖျောက် သမိုင်းဖျောက် သေးသိမ် မှေးမှိန် စေရန် နည်းမျိုးစုံဖြင့်လုပ်နေကြသည်ကိုလည်း နေ့ စဉ်တွေ့ နေရသည်။ တိုင်းရင်းသားတို့ ကို သူတို့ ဆိုင်ရာစာပေဘာသာစကားကိုသင်ကြားကြရန် အားပေးကြရမည့်အစား မြန်မာစာတခုတည်းကို ဆထက်တန်ပိုးသင်ယူကြရန် အစီအစဉ်မျိုးစုံဖေါ်ထုတ်လျှက် မဟာလူမျိုးကြီးဝါဒကြီးထွားခိုင်မာရေးကိုသာ လုပ်နေကြသည်မှာ စိတ်ပျက်စရာကောင်းလှသည်။
အတုအရောင်ပြည်ထောင်စုစိတ်ဓါတ်ကိုသာ ၀ိုင်းဝန်းနေကြသဖြင့် တိုင်းရင်းသားတိုင်း မျိုးချစ်စိတ်မြင့်မားလျှင်မြင့်မားသလို အနေရအထိုင်ရကြပ်သော တိုင်းပြည်တခုဖြစ်လာရေး သို့ သာဦးတည်နေသည်။ တိုင်းရင်းသားတို့ ကိုကျဉ်းမျောင်းသောလူမျိုးရေးဝါဒီများအဖြစ်သမုတ်လျှက်က မိမိတို့ ကသာလျှင် ကမ်းကုန်အောင်ကျဉ်းမျောင်းနေကြသည်။ တိုင်းရင်းသားအားလုံးနှင့်တတိုင်းပြည်လုံးကိုဖျက်ဆီးနေသော ဤမဟာလူမျိုးကြီးဝါဒ ရှိနေသမျှ ကမ္ဘာတည်သရွေ့ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်ပေါ်လာရန် အကြောင်းမရှိသည်ကို စောင့်ကြည့်ကြပါကုန်။

လေးစားလျှက်ပါ
အဂ္ဂ


နောက်ဆက်တွဲ-

မြစ်ဝကျွန်းပေါ် သို့ ပြန်လည်ခြေချနိုင်ရန် ကေအဲန်အယ်အေတပ်မဟာလေးက အစီအစဉ်ချမှတ်ပြီး ဗဟိုစစ်ဦးစီးချုပ်က စီစစ်ခွင့်ပြုခဲ့သည်။လုံခြုံမှုရှိသော ခြေကုတ်တခုကို လျှို့ ဝှက်တိတ်ဆိတ်စွာ တည်
ဆောက်ရေးသည် လုပ်ငန်းစဉ်၏ပထမအဆင့်ဖြစ်သည်။ မည်သူမဆို ထိုသို့ ပင်စီစဉ်ကြမည်ဖြစ်သည်။
အောက်တိုဘာလ(၃)ရက်တွင် ကရင်ပျောက်ကျားများက မြန်မာရဲနှင့် စစ်တပ်ကို စတင်တိုက်ခိုက်ခြင်းမှာ
မူရင်းအစီအစဉ်တွင်မပါပေ။ ထိုလှုပ်ရှားမှုမျိုးကို မိမိတို့ ဘက်ကခြေကုတ်မရခင်တွင်လုံးဝ မလုပ်ရကြောင်းကို
ပျောက်ကျားစစ်ဆင်ရေးနားလည်သူတိုင်းသိကြသည်။ မြန်မာစစ်တပ်ကလည်းနားလည်သည်။ စစ်ပညာလေ့ကျင့်သင်ကြားဘူးသူတိုင်းသိကြသည်။ ဤလှုပ်ရှားမှုမှာ မိမိ သူလျှိုများက ရန်သူ့ လူထဲသို့ ဝင်ပူးပြီး ရန်သူမြင်ရအောင်လုပ်သည့်နည်းထဲတွင်ပါဝင်သည်။
စတိုက်သဖြင့် ပျောက်ကျားများဘက်က မှားသည်ဟု သတင်းကြားရသော အများပြည်သူကို အထင်မှားစေပြီး မသင်္ကသူမှန်သမျှကို ဖမ်းဆီး စစ်ဆေးခွင့်ရအောင်လုပ်သည့် စစ်ထောက်လှန်းရေးနည်းနာလဲဖြစ်သည်။ တချို့ မှာ ဤအချက်ကိုမတွေးမိသဖြင့် ကရင်ပျောက်ကျားများက စတိုက်ရန်အစီအစဉ်ဖြင့်တိုက်ခြင်းဖြစ်သည်ဟု ထင်ရောင်ထင်မှားဖြစ်ခြင်းများရှိနေနိုင်သည်။ မဖြစ်နိုင်သောအချက်ဖြစ်ကြောင်းသုံးသပ်နိုင်ရန် ရှင်းပြရခြင်းဖြစ်ပါသည်။

{[['']]}

td.&HR'lAvDwJpdphrf toD w>xk;xD.&R vDR

td.&HR'lAvDwJpdphrf toD w>xk;xD.&R vDR
uGJRuvk>
vg tDulmA4AoD <A 2014I
uD> y ,DR ylR w> p;xD. qg0J'. vD wJpd eD.*H> AphrfAu; Atd.&HR'l(Ooredoo) oh.wz.vX0h>'d.xDwz.'f M>yFH> 'D. <A rg wvh 'D; 0h>wul.vH M.vDRIA
vg ,lRvH A29 AoD t eHR w> p; xD.  qg vDwJpdeD.*H>(phrf) w bh. A1500AuF; zJ 0h> rg w vh 'D; M> yFH. wD. M. vDRI Atd. &HR'l phrf u;tHR w> wJ tDRA1ArHeH;A900AAuF; 'D; qSX  w> u  pD. AA900A uF; ph> uD; vDRIA rh rh> vX vD wJ pd t *R oh. w z. cD M.<w> wJ tDR M> A1ArHeH; A90A uF;'D; AqSX w> u pD. M. A90 uF;ph> uD; vDRI Atd.&HR'l phrf tHRvX A3A vvg twD> ylR w> rh> w uD; b. M . w>  uyH; uGHm vD wJ pd vX w>  ol tDR M. vDRI 
ySR ol w> zd oh. wz. pH; 0JvX t yOR'd.M>'H;uD>y ,DR w>qJ; usd ;vDwJpd phrf t*RM.vDRI
vX w> uxX Ekm vDR ph t *D> w> w [h. w> ysJ 'H;b. rh> vX w> rRuG> tDR t qX u wD> t Cd M. vDRIAAvg tD ulm A15 AoD rh>  wkR r; w> u [h. w>ysJ vXw> u xX Ek m ph h t*D>M.vDRIA
us; wz. vX tqg td.&h'l tphrf tHR weDR rR'd.xD.0JtyORM.vDRIA weDR rR 'd.xD.0J'. wbh.wkR vXA 5000 AuF;AwkRA8000AuF; M.vDRIA
td.&HR'l Aphrf Arh> 0J'. AxJ. vH.eD. (Telenor)cDyeH. tphrf vX trR M> w>ysJ vXuD>y'd.vX urR0J'. vD wJ pd w>qJ;u sd; vX uD>y,DR ylR M.vDRIA
tylRuGHmvD wJpdw>qJusd; wz. b.w> zD .tDR 'D;xk;xD.&R vDR vXuD>y'd.vX trh>uD>y,DR vHmwX; 'D; w > qJ; usdd; (Myanmar Post and Telecommunications-MPT) 0JRusd RM.vDRI At0Joh.xk;xD. &R vDR0Jphrf vXtrh>ApH>'H>tJrf th. 'D; (CDMA )'D;(GSM) M.vDRIA

{[['']]}

နော်အုန်းလှနှင့်အဖွဲ့ အာရှငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာဆု ရရှိ

နော်အုန်းလှနှင့်အဖွဲ့ အာရှငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာဆု ရရှိ

Democracy and Peace Women

သြဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

N Peace Network အဖွဲ့မှ ၂၀၁၄ခုနှစ်အတွက် အာရှနိုင်ငံရှိ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာ ဆုများထဲမှ N peace award Thinking outside the box ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆုကို နော်အုန်းလှ ဦးဆောင်သော ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး အမျိုးသမီးကွန်ရက်က ရရှိခဲ့သည်။
ဆုရွေးချယ်သည့် N Peace Network အဖွဲ့သည် အာရှနိုင်ငံအတွင်း အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သူ အမျိုးသမီးများကို ဆု အမျိုးအစားများခွဲ၍ ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် မြန်မာနိုင်ငံမှ အဆိုတင်သွင်းခံရသူ (၁၀)ဦးအနက် သုံးဦး ဆုပေးရွေး ချယ်ခံရသည့်အထဲတွင် နော်အုန်းလှတို့အဖွဲ့လည်း ရရှိခဲ့ခြင်းဖြစ်သည်။
ဆုရရှိမှုအပေါ် နော်အုန်းလှက “ဒီဆုက အန်တီတို့ ဒီမိုကရေစီအရေး အမျိုးသမီးကွန်ရက်ရှိတယ်။ ဒီဆုက ငြိမ်းချမ်းရေးတွေ လုပ်ဆောင်တာကို ပေးတယ်။ အခု အန်တီတို့နိုင်ငံမှာ လယ်ယာမြေ ငြိမ်းချမ်းရေးပြဿနာ မငြိမ်းချမ်းဘူး။ အဲဒါကို အန်တီတို့ အမျိုးသမီးကွန်ရက်တွေက လုပ်ပေးတယ်။ လုပ်ပေးတာက ၈နှစ်လောက်တော့ရှိပြီ။ အဲဒါကို အမျိုးသမီးကွန်ယက်ထဲက တစ် ယောက်ကို ရွေးချယ်တာလို့ ထင်တာ”ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
သူမသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတိုင်း ခံစားနေရသည့် လယ်ယာမြေ ပြဿနာအရေးတွင် လုပ်ဆောင်ပေးလျှက်ရှိပြီး ယခု အရေးကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းမှု ရနိုင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း နော်အုန်းလှက ဆက်လက် ပြောဆိုသည်။
ယခုနှစ် ဧပြီလမှစ၍ အွန်လိုင်းမဲပေးစနစ်ဖြင့် ၎င်းဆုကို ရွေးချယ်ခဲ့ကြရာ နော်အုန်းလှတို့အဖွဲ့အပြင် ဆုရွေးချယ်ခံရသည့် မြန်မာ နိုင်ငံမှ အခြားအမျိုးသမီးနှစ်ဦးမှာ မွန်အမျိုးသမီးအရေးဆောင်ရွက်နေသူ မိခင်ခင်ကြူနှင့် နိုင်ငံရေးလှုပ်ရှားသူ မဝေေ၀နုတို့ ဖြစ် ကြသည်။ ၎င်းတို့ကို ဇူလိုင်လ ၃၁ရက်နေ့က ဆုရွေးချယ်လိုက်ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့၌ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပမည်ဟု သိရသည်။
အဆိုပါဆုအတွက် အဆိုတင်သွင်းပေးသည့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာ နော်စူစဲန်နာလှလှစိုးက “ကျမက အရမ်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ သူ့ကိုလည်း လေးစားတယ်။ ဘာဖြစ်လဲဆိုတော့ ကိုယ်က သူ့လိုလည်း မလုပ်နိုင်ဘူးလေ။ သူက လယ်သမားတွေအတွက် ထောင်ကျခံရတယ်။ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ဒီဆုက သူတို့အဖွဲ့ နဲ့ အရမ်းပဲ ထိုက်တန်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
N-peace Network သည် UNDP ၏ စီမံမှု၊ Australian Aid အဖွဲ့၏ ထောက်ပံ့မှုဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ သီရိ လင်္ကာ၊ အာဖဂ္ဂနစ္စတန်နှင့် နီပေါနိုင်ငံများရှိ ပဋိပက္ခဖြစ်ပွားမှုကို တားဆီးနိုင်ရန်နှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများတွင် ခေါင်းဆောင်နိုင်ရန် အရည်အချင်း တိုးမြှင့်လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။
ယခုနှစ်အတွက် ဆု ၁၁ခုကို လူပုဂ္ဂိုလ် ဆယ်ဦးရရှိခဲ့ပြီး နော်အုန်းလှတို့၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်တဖွဲ့ သာ အဖွဲ့အနေဖြင့် ရရှိခြင်းဖြစ်သည်။ ယင်းဆုရွေးချယ်ပေးအပ်ခြင်းကို ၂၀၁၁ခုနှစ်ကတည်းက စတင်ခဲ့ရာ ယခုနှစ်တွင် လေး ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် http://n-peace. net/ တွင် ဖော်ပြထားသည်။
{[['']]}

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger