{[['
']]}
']]}
ဒီလိုခေါင်းဆောင်ကောင်းတစ်ဦး
ရှိခဲ့ဖူးပါသည်။
တကောင်ထဲ ဒါပေမဲ့ ခြင်္သေ့
added 2 new photos.
စောဘဦးကြီး၏ ချစ်ကြည်ရေးထမင်းစားပွဲ ပြောကြားချက်များ
၁၉၄၈ ခုနှစ် အောက်တိုဘာလ
စောဘဦးကြီးသည် ၁၉၄၈ ခုနှစ်
အောက်တိုဘာလ ၉ ရက်နေ့ တွင် ရန်ကုန်မြို.အလုံ မစ်ရှင်လမ်းရှိ ကရင်အမျိုးသားကလပ်တွင်
ထမင်းစားပွဲတရပ်ကျင်းပသည်။ ထမင်းစားပွဲသို. နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု နှင့်
ကချင်၊ ရှမ်း၊ မွန်၊ မြန်မာ၊ စသည့်
ခေါင်းဆောင်များကိုဖိတ်ကြားခဲ့သည်။ယင်းချစ်ကြည်ရေးထမင်းပွဲတွင် စောဘဦးကြီးကမိန်
့ခွန်းတရပ် ပြောကြားရာ ကောက်နှုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“သခင်နုနဲ့ ကျနော် ကျွေးမွေးတဲ
့ထမင်းရာဇ်ဝင်ကတော့ အတော်ရှုပ်သားပဲ။ စတာကတော့ ဟိုးအရင် ကရင်-ဗမာ အဓိဂရုဏ်းက
စခဲ့တာပဲ။ ဂျပန်ခေတ်ကလွဲလို့  သခင်နု နဲ့  ကျနော်ဟာ လူချင်းခပ်လှမ်းလှမ်းပဲ
နေခဲ့ကြ ပါတယ်။ လပွတ္တာမြို့ နယ် ကရင်-ဗမာ အဓိဂရုဏ်း ဖြစ်တော့မယ်လို့  သတင်းတွေ
ဖြစ်လာတဲ့အခါ သခင်နု က ကျနော့်ထံ စာပေးခေါ်ပြီး လပွတ္တာကို သွား ပြီး တရားဟောဖို့ 
အရေးကြီးကြောင်း ပြောတော့ ကျနော်သဘော တူလိုက်ပါတယ်။ ဘာကြောင့် သဘောတူလဲဆိုတော့
(အကြံတူရန်သူ၊ အကျိုးတူမိတ်ဆွေ) ဆိုတဲ့ စကားပုံ အတိုင်း အဓိဂရုဏ်းမလိုလားတဲ့
အကျိုးက တူနေတာကိုး။ ကရင်-ဗမာအဓိဂရုဏ်းတော့ ဘယ်တော့မှ မဖြစ်ရဘူးဆိုပြီး ကျနော်
တို.သွားခဲ့ကြတဲ့အခါမှာ စောသာဒင်၊ မန်းဂျိမ်းထွန်းအောင်၊ ဆမား ဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင် တို့ လဲ ပါကြပါတယ်။ (၇) ရက်လောက် အတူသွားမိတဲ့ အခါ သခင်နုနဲ့ ကျနော်ဟာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု၊ ယုံကြည်မှုရှိလာပြီး ပိုမို ရင်းနှီးပြီး တော့ မိတ်ဆွေရင်းကြီး ဖြစ်လာတာပါပဲ။
တို.သွားခဲ့ကြတဲ့အခါမှာ စောသာဒင်၊ မန်းဂျိမ်းထွန်းအောင်၊ ဆမား ဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင် တို့ လဲ ပါကြပါတယ်။ (၇) ရက်လောက် အတူသွားမိတဲ့ အခါ သခင်နုနဲ့ ကျနော်ဟာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု၊ ယုံကြည်မှုရှိလာပြီး ပိုမို ရင်းနှီးပြီး တော့ မိတ်ဆွေရင်းကြီး ဖြစ်လာတာပါပဲ။
စကော့တလန်ပြည် ဟိုင်းလင်းဒါး
လူမျိုးများဟာ ဧည့်သည်မိတ်ဆွေများကို ကျွေး မွေးတဲ့အခါ ဆားပါလေ့ရှိကြပါတယ်။ အဲဒီ
ဆားကို စားတဲ့သူဟာ ဘယ်တော့မှ မကောင်း မကြံအပ်ဘူးလို့  အယူရှိပါတယ်။ ဗမာ
ပြည်တောင်ပေါ်များမှာလဲ သူ၏ထမင်းကို စားပြီးရင် မ ကောင်းမကြံအပ်ဘူးဆိုတာ ရှိပါတယ်။
မြေညီမှာလဲပဲ (ခင်ဗျားကို ကျနော်မပြစ်မှားပါဘူး၊ ခင် ဗျားကြွေးတဲ့ထမင်းဟာ
ကျုပ်လည်ပင်းထဲမှာ ရှိပါသေးတယ်) ဆိုတဲ့ စကားနဲ့ (ကျေးဇူးရှင်
ကျေးမစွပ်ကောင်းဘူး)ဆိုတဲ့  စကားပုံများလဲ ရှိပါတယ်။ (၇) ရက်ကြာမျှ ခရီးထွက်ကြစဉ်
အခါက သခင်နု က ကျနော့်ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှိပါတယ်။ သခင်နုဟာ
ကျနော့်အိမ်ကို ကြွလာလိုသော်လဲ ဤက တဲကုပ်ကလေးဖြစ်လို့  မဖိတ်ကြားခဲ့ရဘူး။
ယခုအခါတော့ ကျနော် က ဖိတ်ထားလို့  ကျနော်တဲကုပ် ကို သခင်နုရောက်ခဲ့ပါပြီ၊
ယခုအခါမှာလဲ သခင်နုကို ကျနော် က ကျွေးရပြန်ပါပြီ၊ ဒါကြောင့် ယခုတော့(သူ့ ကျွေး၊
ကျနော်ကျွေး) ဖြစ်ရပါပြီ၊ ဒါဟာ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် ကျွေးမွေးကြတဲ့ရာဇ၀င်ပါပဲ။
ကျနော်ဟာ ကြွားမပြောလိုပါဘူး၊
ဗမာပြည်အတွင်းမှာ အတော်အနှံ့ အပြားရောက် ခဲ့ဖူးပါတယ်။ ပြည်ပ ဆိုရင်လဲ အရှေ့ ဘက်၊
အနောက်နဲ့ မြောက်ဘက်တိုင်းပြည်များကိုလဲ ရောက်ခဲ့ဖူးပါတယ်။ ဒီလိုရောက်ခဲ့ဖူးတဲ့အ
တွက် (ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူး)ဆိုတဲ့ ဗမာ စကားပုံတစ်ခုကို စဉ်းစားမိပါတယ်။
ကိုယ့်ဒူးတောင် ကိုယ် မယုံရင် အခြားသူကို ယုံရမှာလား။ တိုင်းရင်သားအချင်းချင်းဟာ
ကိုယ့်ဒူးဖြစ်ပါတယ်။ အခြားလူဆိုတာက အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့
နိုင်ငံများဖြစ်ပါတယ်။ သည်တော့ ကျနော်ပြောလိုတာက မယုံရသူကို အား မကိုးသင့်ဘူး။
ကျနော်လဲ အားမကိုးပါဘူး။ ခင်ဗျားတို့ လဲ အားမကိုးကြပါနဲ့ ။
နိုင်ငံခြားသားတစ်ယောက်က (ခင်ဗျားတို
့တိုင်းပြည်ကို မအုပ်ချုပ်ချင်ပါဘူး ကုန်ကူး လိုတာပါပဲ) ကျနော့်ကို ပြောဖူးပါတယ်။
အမှန်တော့ ပြည်ပမှ လူတွေဟာ ကုန်သည်ချည်းပါ ပဲ။ ကုန်သည် ဆိုပေမဲ့
ကုန်သည်ရိုးရိုးမဟုတ်ဘူး၊ (ကုန်သည်သာမက အကုန်သည်မှာ) အခု တစ်ခေါက် သူတို
့ပြန်လာရင်တော့ အကုန်ပဲ။ တချို့  အင်္ဂလိပ်လက်အောက်ပြန်ဝင်ချင်လို့  ထင်ကြသေးတယ်။
ကျနော်တို့  ဒီလောက်အထင်မသေးပါဘူး။ သူတို့ အကြောင်း ကျနော် ပိုသိ ပါတယ်။ ဒါကြောင့်
ကျနော် ခပ်ရှင်းရှင်းနေခဲ့ပါတယ်။ သူတို့ ကို အားမကိုးပါဘူး။ ဒါတင်မက သေးဘူး၊
“ကျနော်လိုလားတဲ့ သီးခြားပြည်နယ်အတွက် ဆောင်ရွက်တဲ့နေရာမှာ မတရားဘယ် တော့မှမ
လုပ်ပါဘူး”။ တရားလမ်းရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပဲ။
ကျနော်တို့  ကရင်အမျိုးသားများကို
သတိပေးလိုတဲ့ အချက်များလဲ ရှိပါတယ်။ မိမိတို့  လိုတဲ့ သီးခြားပြည်နယ်တော့
ရှိပါပြီးဆိုပါတော့။ မိမိတို့ ဟာ ဒီသီးခြားနယ်နဲ့  တန်ရဲ့ လား၊ မ တန်ရင်
ဒီသီးခြားနယ်တောင်းဖို့  ကောင်းမလားဆိုတဲ့ အချက်ကိုလဲ အထူးစဉ်းစားဖို့ လိုပါတယ်။
ခင်ဗျားတို့ ကရင်များဟာ သီးခြားနယ်နဲ့ တန်ရဲ့  လားလို့ မေးရင် တန်တယ်လို့ ပြောကြ
လိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဘယ်သူအုပ်ချုပ်မလဲ မေးရင် ကရင်ပဲ အုပ်ချုပ်မယ်။
ကရင်မှ မအုပ်ချုပ်ရင် ဘယ်ဖြစ်မလဲပြောကြလိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဓါးပြ
လူဆိုးတွေ အုပ်ချုပ်ရင် ကြိုက်မလားလို့  မေးရင် မကြိုက်ဘူးလို့  ဖြေကြလိမ့်မယ်။
ခင်ဗျားတို့ ကိုယ်တိုင်က သူခိုးဓါးပြ တွေဖြစ်နေရင် ဒီသီးခြားနယ်နဲ့ ခင်ဗျားတို့ နဲ
့တန်မလား။ မတန်ဘူးလို့  ဆိုရမယ်။ ဒါကြောင့် ကျနော် သတိပေးလိုတာက
သီးခြားနယ်နှင့်နေလိုကြရင် သီးခြားနယ်နဲ့ တန်အောင်နေကြပါ။
သူခိုးဓါးပြမျိုးဖြစ်နေကြရင်တော့ သီးခြားနယ်နဲ့  မတန်သေးဘူး။ ဒါခင်ဗျားတို့  အထူးစဉ်းစား ကြပါ။
သူခိုးဓါးပြမျိုးဖြစ်နေကြရင်တော့ သီးခြားနယ်နဲ့  မတန်သေးဘူး။ ဒါခင်ဗျားတို့  အထူးစဉ်းစား ကြပါ။
မအူပင်ငွေတိုက်ကို ဖေါက်သွားသူများဟာ
ကရင် (၁၉)ယောက် ဖြစ်တယ်။ ကြားရ တာ စိတ်မကောင်းပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး
ဥပမာလေးတစ်ခု ပြောပြလိုပါတယ်။ မြောင်းမြနယ် သိလ္လာ ဆိုတဲ့ ရွာတစ် ရွာမှာ အသက်
(၆၀)ကျော် ဦးလွန်းဘော် ဆိုတဲ့ အဘိုး ကြီးတစ်ယောက်ရှိတယ်။ သားသမီး (၁၂)ယောက်
မြေးမြစ်များလဲရှိတယ်။ သူ့ မှာ လယ်နည်း နည်းရှိတဲ့အပြင် အသီးအနှံ
စိုက်ပျိုးထားတဲ့ဥယျာဉ်လဲ ရှိတယ်။ ၀က် ဘဲ။ ကြက် တို့ လဲ မွေး ထားတယ်။ သူ့ ရွာက
လမ်းဆုံကြတဲ့အတွက် ခရီးသည်များဟာ များသောအားဖြင့် တည်း ခိုကြ တဲ့အခါ
ခရီးသည်တိုင်းလိုလိုပဲ ထမင်းချက်ကျွေးတယ်။ ထူးခြားချက်တစ်ခုက (အသီးအနှံများ မခူးရ)
ဆိုတဲ့ စာရေးထားတယ်။ ခိုးလဲမခိုးရဲကြဘူး၊ တကယ်လို့  သစ်သီးခိုးတဲ့လူကိုတွေ့ ရင်
တော့ ဒီခိုးတဲ့လူဟာ မသက်သာဘူး သွေးထွက်သံယိုဖြစ်အောင် ရိုက်တော့တာပဲ။ ကျနော်က
အဲဒီအဘိုးကြီးအိမ်ရောက်သွားလို့  အဘိုးကြီးရိုက် နှက်ပုံအကြောင်းတွေ ကြားတော့ ဒီအ
ကြောင်းသိချင်တာနဲ့  အဘိုးကြီးနားကပ်ပြီး (ဖထီး သစ်သီးလေးတစ်လုံး ခိုးတာနဲ
့ဘာ့ကြောင့် ဒါလောက် ပြင်းပြင်းထန်ထန်ရိုက်သလဲ) လို့  မေးကြည့်တော့ ဖထီးက
(ကျုပ်ဆန္ဒက ဘယ်သူဖြစ်ဖြစ် သူခိုးမဖြစ်စေလိုဘူး၊ သူခိုးတာ ကြည့်နေလိုက်ရင် သူ
့အိမ်သားတွေပါ သူခိုး မျိုးဖြစ်ကုန်လိမ့်မယ်။ သူခိုးမျိုးမဖြစ်ကြစေလိုတဲ့စေတနာနဲ့ 
ရိုက်တာပါပဲ)လို့  ပြန်ပြောတယ်။
အဲဒီအကြောင်းလေးတွေကို တွေးပြီးတော့
မအူပင်မှာဖြစ်တဲ့ ကိစ္စဟာ ကရင်ကလေး (၁၉)ယောက် ဆိုပေမယ့် တစ်ယောက်တည်းလဲကရင်ပဲ၊ ၁၉
ယောက်လဲကရင်ပဲ၊ ငွေကလည်း မနည်းဘူး၊ ဒီငွေတွေကို ဖြန့်  လိုက်တဲ့အခါမှာ
ကရင်တစ်မျိုးသားလုံးထံ ပြန့် သွားမယ်။ ပြန့်  သွားရင် ကရင်တစ်မျိုးသားလုံး
သူခိုးမျိုးတွေ ဖြစ် ကုန်မှာပဲ။ ဒါကြောင့် သူခိုးမျိုးတွေ မဖြစ်ရ လေအောင် ငွေအစား
ပြန်ဆပ်နိုင်အောင် ကျနော်ကိုယ်တိုင် ရှေ့  ဆောင်ပြုလုပ်ဆောင်ရွက်ဖို့ 
ပြဌာန်းလိုက်ပါပြီး။ တစ်မျိုးသားလုံးဓါးပြမဖြစ်ရလောင် ကျနော်နဲ့  အေအဲ(န်)ယူ တစ်မျိုးလုံး
က ဒီငွေကို ဆပ်ရမှာပဲ။ ဘယ်အထိ ဆပ်မလဲဆိုရင် ကျွန်လုပ်ပြီး ဆပ်ရမှာပဲ။ ဆပ်မယ်ဆိုတာ
က ပြောတော့လွယ်တယ်၊ ဘယ်လိုဆပ်မလဲ မေးစရာရှိတယ်။ အခြားသူများမဆပ်ခင် ကျနော် က
စတင်လုပ်ပြပြီး ဆပ်ရမှာပဲ။ မနေ့ ညက ဒီအရေးတွေးပြီး တစ်ညလုံး အိပ်လို့ မရပါဘူး။
ကျနော့်မှာ ဆပ်စရာပိုက်ဆံတော့မရှိ ဘူး။ လယ်ဧက ၁၀၀၀ လောက်ရှိတယ်။ လယ်ဧက ၁၀၀၀ ကို
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား အပ်နှင်းပေးဆပ်လိုက်ပါ့မယ်။ အခု လယ်ကို
ချက်ချင်းမယူသေးရင် လယ်မြေပြည်သူပိုင်သိမ်းပြီးတဲ့နောက် ထားတဲ့ တန်ဖိုးအတိုင်း
ဆုံးဖြတ်တာပေါ့။ ပိုက်ဆံမရှိလို့  ခါးသာမလှရှိမယ်။ ၀မ်းတော့ဝနိုင်ပါသေးတယ်။
ကျနော်မိန်းမ သဘောတူပြီး ဖြစ်တာကို ကျနော်သိပြီးဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး
တစ်ပြည်လုံးသ ဘောပေါက်အောင် လုပ်ပြရပါဦးမယ်။
ဒါအပြင် အခြားတစ်ခုရှိသေးတယ်။ ဒါက
တခြားမဟုတ်ဘူး နာမည်ကြီးနေတဲ့ အင်း စိန်ကိစ္စပါပဲ။ ကေအင်(န်)ဒီအိုကရင်တွေ လက်နက်များ
ဖေါက်ယူသွားတဲ့ကြတယ်တဲ့၊ ဒါက တော့ သတင်းစာတွေကလဲ ပါတယ်။ ကရင်တွေကိုကြီး
အားလုံးသိမ်းကျုံးရေးကြတာပဲ။ တခုပြောလိုတာက အင်းစိန်မှာဖြစ်တာကေ ကရင်ဆိုတာ
ဟုတ်ပါတယ်။ ဒါပေမဲ့ မကောင်း တဲ့ကရင်ရှိသလို ကောင်းတဲ့ကရင်လဲရှိလေတော့ အကောင်းနဲ
့မကောင်း ခွဲခြားပြီး ရေးကြ ရန်ကိုလဲ တောင်းပန်ပါတယ်။ ဒီကိစ္စမှာ ကေအင်(န်)ယူ
အပြစ်မဟုတ်သော်လည်း ဒီလက်နက် တွေ ပြန်ပေးအောင်တော့ တောင်းပန်ရီဦးမှာပဲ။
လူကောင်းများ
လက်တွင်ရှိတဲ့လက်နက်များကို ဒီနေ့ ကစပြီး နှစ်လအတွင်း ပြန်ထမ်း ပို့ ကြပါလို့ 
တောင်းပန်ပါတယ်။ ဒီတောင်းပန်တဲ့ကိစ္စနှင့်ပတ်သက်လို လဲ ထိထိရောက်ရောက်
ဆောင်ရွက်ကြပါမယ်။ အမျိုးသားစိတ်မရှိသူကရင်တွေလဲ ရှိပါသေးတယ်။ သူတို့ ကတော့
သေနတ်ကိုယူပြီး မသမာသူများလက်ကို ရောင်းစားရင် ရောင်းစားမှာပဲ။ ဒါတွေဟာလဲ မ
ဆိုင်ပေမယ့် အပ်အောင်လုပ်ရမှာပဲ။ မအပ်ရင်တော့ ဆုံးမရမှာပဲ။
ကျနော်ယခုပြောတဲ့အတိုင်း တောင်းပန်ဆောင်ရွကလို့ မှမရရင် ကေအင်(န်)ယူဥက္ကဌအဖြစ်မှ
နှုတ်ထွက်လိုက်ပါ မယ်။
ယခု ကြွရောက်လာတဲ့ လူကြီးမင်းများမှာ
ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စသဖြင့် စုပေါင်းရောက်လာကြသော ပရိသတ်ဖြစ်ပါတယ်။
ဇာစ်မြစ်ကို သေသေချာချာကြည့်ရင် အား လုံးဆွေမျိုးတွေချည်းပဲ ဖြစ်ပါတယ်။
ခင်ရာဆွေမျိုးဆိုတာလဲ ရှိပါသေးတယ်။ ဒီကျွန်ုပ်တို့ ပြည်
ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖန်တီးလုပ်ကိုင်နိုင်ကြတာဟာ ခင်မင်ရင်နှီးတဲ့
မိတ်ဆွေမျိုး များဖြစ်လို့  ဖြစ်ကြပါတယ်။
သည်နောက် အရေးတကြီး လုပ်စရာရှိတာကတော့
ရွာတွေမှာ ကြောက်လှန့် ပြီး တစ် ရွာမှတစ်ရွာသို့  ပြောင်းရွှေ့ နေထိုင်ကြရတဲ့ကိစ္စဖြစ်တယ်။
ကွန်မြစ်နစ်တွေကြောက်လို့  ပြေး ကြရတာလဲရှိတယ်။ တချို့ ကရင် ကိုကြောက်လို့ ဗမာက
ပြေးရတာလဲ ရှိတယ်။ ဗမာကို ကြောက်လို့  ကရင်က ပြေးရတာလဲရှိတယ်။ အမှန်တော့ ဒါတွေဟာ
လူမသမာတွေကြောင့် ဒီလိုဖြစ်တာပဲ။ ဒီလိုမဖြစ်ရအောင် လူကောင်းတွေစုပြီး
ဆောင်ရွက်ရလိမ့်မယ်။ ကျနော်တို့  ကေအင်(န်)ယူ က လက်လှမ်းမီသမျှ တာဝန်ယူ
ဆောင်ရွက်သွားမှာပဲ။ “မိမိတို့ ဆိုင်ရာနယ်မှ ပြောင်းရွှေ
့ထွက်ပြေးသွားတဲ့ဗမာများရှိရင် စိတ်ချလက်ချ ပြန်လာဖို့ ကို ကရင်ရော-ဗမာရော
ပေါင်းပြီး သွားရောက်ပြန်ခေါ်မယ်။ ထို့ အတူ ကရင်များကို ပြန်ခေါ်တဲ့အခါမှာလဲ ဗမာရော-ကရင်ရော
ပေါင်းပြီး သွားခေါ်ရမယ်။ စိတ်ချလက်ချ သင့်မြတ်နေရအောင် ကာကွယ်စောင့်
ရှောက်ပေးရမယ်။ အပြောနဲ့ မပြီးဘူး၊ ချက်ချင်း လုပ်ရမယ့် ကိစ္စဖြစ်တယ်။
ပုသိမ်မှာ ကျင်းပခဲ့ပြီးတဲ့ ကျနော်တို
့ကွန်ဂရက်အစည်းအဝေးပြီးမှာ ဗမာပြည်သူလူ ထုက အကူအညီ တောင်းပါက တိုင်းပြည်အေးချမ်းရေးအတွက်
ကူညီဆောင်ရွက်မယ်လို့  အ တိအလင်းဆုံးဖြတ်ချက် ချပြီးဖြစ်ပါတယ်။
အကူအညီတောင်းရင်ပေးဖို့  အသင့်ပါပဲ။ လုပ်ရန် စည်းမျဉ်းလဲ ဆွဲနေပါတယ်”၊
စောဘဦင်္းကြီးသည်
ချစ်ကြယ်ရေးထမင်းစားပွဲမိန့် ခွန်းဖြင့် ဦးနုနှင့် ဖဆပလခေါင်း ဆောင်များကို
ချွေးသိမ့်လိုက်နိုင်သည်။ ကရင်များ မအူပင်ငွေတိုက်ကို ဖေါက်၍ လုယက်မှု၊
အင်းစိန်တွင် လက်နက်သိမ်းမှုများကိုလည်း ကျေနပ်အောင် ဖြေရှင်းပြသွားသည်။ မအူပင်
ငွေတိုက်မှငွေများကို မိမိ၏ လယ်ဧက ၁၀၀၀ ရေင်းချ၍ လျော်ပါမည်။ သေနတ်များကိုလည်း
နှစ်လအတွင်း ပြန်အပ်ခိုင်းပါမည်။ မအောင်မြင်ပါက ကေအင်(န်)ယူဥက္ကဌ အဖြစ်မှ နှုတ်ထွက်
ပါမည်ဟူ၍ ပြောခဲ့သည်။
ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်မှန်း
သိတဲ့နေ့ မှာ ကရင်ပြည်ရတဲ့ နေ့ ဘဲ။
ကျွန်ဘ၀မှာ လူဖြစ်ပြီး
အသက်ရှင်နေတာထက် တိုက်ပွဲဝင်ပြီး သေတာက မြတ်တယ်။
ကရင်အမျိုးသားခေါင်းဆောင်ကြီး
စောဘဦးကြီး
ှဖားစည်သံဘလော့မှကူးယူဖော်ပြသည်။
စောဘဦးကြီး ၀န်ကြီးချုပ် သခင်နု
ှဖားစည်သံဘလော့မှကူးယူဖော်ပြသည်။
စောဘဦးကြီး ၀န်ကြီးချုပ် သခင်နု

Post a Comment