Latest Movie :
Home » » အပစ်ရပ်ကမ်းလှမ်းချက် အကောင်းဆုံးမျှော်လင့်သလို အဆိုးဆုံးအတွက် ပြင်ရန်လိုဟု ဆို

အပစ်ရပ်ကမ်းလှမ်းချက် အကောင်းဆုံးမျှော်လင့်သလို အဆိုးဆုံးအတွက် ပြင်ရန်လိုဟု ဆို

{[['']]}
အပစ်ရပ်ကမ်းလှမ်းချက် အကောင်းဆုံးမျှော်လင့်သလို အဆိုးဆုံးအတွက် ပြင်ရန်လိုဟု ဆို
28 July 2014
DVB
ဓာတ်ပုံ - ဒီကနေ့ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီ) ထိပ်သီးအစည်းအဝေး နေ့လယ်ပိုင်းဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီယားနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မစ္စတာ ၀န်ယင်ဖန်ရဲ့ လက်ထောက် တန်ယင်တို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အပစ်အခတ်ရပ် ကမ်းလှမ်းချက်အပေါ် အကောင်းဆုံး မျှော်လင့်ချက်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားဖို့ လိုတယ်လို့ အန်စီစီတီအဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဥက္ကဋ္ဌ ခွန်းအေဘယ်တွီဒ်က ပြောပါတယ်။
ကချင်ပြည်နယ် လိုင်ဇာမြို့ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ တတိယနေ့ ထိပ်သီးအစည်း အဝေးမှာ ကေအန်ပီပီ ဥက္ကဋ္ဌ ခွန်းအေဘယ်တွီဒ်က အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူစဉ် အခုလို ပြောကြားလိုက်တာပါ။
“ဒီကနေ့ သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်အပေါ် ကျနော်တို့ အကောင်းဆုံး မျှော်လင့်ချက်ထားပြီးတော့ အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကို မျှော်လင့်သည်ဖြစ်စေ အဆိုးဆုံးအတွက် ပြင်ဆင်သည်ဖြစ်စေ အဓိက အရေးကြီးတာက တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ဖို့ပဲ လိုပါတယ်။ ကျနော်တို့က ၁၉၉၀ ပြည့်နှစ်ကနေ ၂၅ နှစ်လောက်အတွင်း သင်ခန်းစာ အတွေ့အကြုံ ရပြီးပြီ၊ ယခင် ဗိုလ်ချုပ်ခင်ညွှန့် ကမ်းလှမ်းလာတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘာတခုမှ မအောင်မြင်ခဲ့ဘူး။ ဟိုတုန်းက ကျနော်တို့က တပ်ပေါင်းစုနဲ့ မသွားပဲ တဖွဲ့ချင်း သွားတဲ့အတွက်ကြောင့် ကျနော်တို့ မျှော်လင့်ထားတဲ့ လိုအင်ဆန္ဒ ဖြစ်တဲ့ တန်းတူရေးအတွက် ပြည်ထောင်စုအဆင့် မဆွေးနွေးနိုင်ခဲ့ဘူး။”
လိုင်ဇာမြို.မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ နဲ့ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ၂၇ ရက်နေ့မှာ နားပြီး တတိယနေ့ ဆွေးနွေးပွဲအဖြစ် ဒီနေ့ ကျင်းပနေတာပါ။
ပြီးခဲ့တဲ့ရက်က အစည်းအဝေးမှာတော့ အစိုးရနဲ့ အန်စီစီတီတို့ ရေးဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးခဲ့ပြီး
နိဒါန်းနဲ့ အခန်း ၁ အခြေခံမူဝါဒနဲ့ ဝေါဟာရအသုံးပြုမူ အပိုင်း၊ အခန်း ၂ အကြောင်းအရာ၊ အခန်း ၃နဲ့ ၄ မှာ တပ်ပိုင်းဆိုင်ရာ အချက်တွေကို ဆွေးနွေးပြီး ဖြစ်ပါတယ်။
ဒီနေ့ တတိယရက်အစည်းအဝေးမှာတော့ ကျန်ရှိတဲ့ အခန်း ၅ ကနေ အခန်း ၇ အထိ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပြီး အန်စီစီတီရဲ့ ထိပ်သီးအစည်းအဝေး ပြီးရင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စုံညီ ညီလာခံကို လိုင်ဇာမြို.မှာပဲ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger