Latest Movie :
Home » » သန္တိသုခကျောင်းတိုက် ပြဿနာ ဝင်ရောက် မပတ်သက်ရန် မဘသ ဆုံးဖြတ်

သန္တိသုခကျောင်းတိုက် ပြဿနာ ဝင်ရောက် မပတ်သက်ရန် မဘသ ဆုံးဖြတ်

{[['']]}

သန္တိသုခကျောင်းတိုက် ပြဿနာ ဝင်ရောက် မပတ်သက်ရန် မဘသ ဆုံးဖြတ်



 
 
ရန်ကုန်၊ ဇွန် ၁၆အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ထိခိုက်လာနိုင်သောကြောင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သော ပြဿနာများကို ဝင်ရောက် မပတ်သက်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့- မဘသ (ဗဟို) က ဆုံးဖြတ်ကြောင်း အဆိုပါအဖွဲ့ဝင် ဦးအောင်မြိုင်က The Voice သို့ ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကနှင့် မဟာသန္တိသုခကျောင်း၌ သီတင်းသုံး နေထိုင်သော သံဃာတော်များအကြား ဖြစ်ပွားနေသော ပြဿနာများကို မဘသအနေနှင့် ဝင်ရောက် ဖြေရှင်းမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ဇောင်းပေးပြီး လုပ်နေတဲ့အချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် သန္တိသုခကိစ္စကို ဝင်ရောက် မပတ်သက်ဖို့ မဘသ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောကာဘိဝံသက သြဝါဒ မိန့်ကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မဟာသန္တိသုခ အရေးကိစ္စသည် မဘသ (ဗဟို) ကို ထိခိုက်လာနိုင်သောကြောင့် အဖွဲ့ဝင်များ၏ ပုဂ္ဂလိက ဝင်ရောက် ပတ်သက်မှုများကို ထိန်းသိမ်းလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပြဿနာတွင် အမှန်တရား ပေါ်ပေါက်စေရေး လှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း မဘသ (ဗဟို) ကို ကိုယ်စားပြု ဆောင်ရွက်ခြင်း မဟုတ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကမိန့်ကြားသည်။

“သန္တိသုခအရေးမှာ မဘသနဲ့ ပတ်သက်ပြီးတော့ မဖြေပါရစေနဲ့။ ဒါပေမဲ့ ဘုန်းကြီးက မတရားတဲ့ကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

ထို့အပြင် မေလ ပထမပတ်အတွင်း ပြုလုပ်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင် တိုက်ခိုက်ခြင်း မရှိဘဲ သာသနာရေး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။



Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger