Latest Movie :
Home » » ဇနီးသည်ရဲ့ ဖေ့စ်ဘုတ်ကိစ္စ ဦးရဲထွဋ် တောင်းပန်ပြီ

ဇနီးသည်ရဲ့ ဖေ့စ်ဘုတ်ကိစ္စ ဦးရဲထွဋ် တောင်းပန်ပြီ

{[['']]}

ဇနီးသည်ရဲ့ ဖေ့စ်ဘုတ်ကိစ္စ ဦးရဲထွဋ် တောင်းပန်ပြီ

Friday, June 6, 2014 

      သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဇနီးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ပြန်ရှယ်မိတဲ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခု လို တောင်းပန် လိုက်ပါပြီ။ အဲဒီကိစ္စဟာ အွန်လိုင်းလောကမှာ လူပြောများနေတာလည်းဖြစ်ပါတယ်။ 




အခု ဦးရဲထွဋ်ရဲ့ တောင်းပန်စာကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 



Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေ တဲ့ေ
ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အမုန်းတရား ပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။

ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း 

ပြန် ဖျက်ခိုင်းခဲ့ပါတယ်။

ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိမိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။

အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။

ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။

လေးစားလျှက်
ရဲထွဋ်


Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger