Latest Movie :
Home » , » တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော ,သတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော ,သတင်း

{[['']]}

တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော

မအေးအေးမာ
28.04.2014

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပူးပေါင်းထားတဲ့ “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) ကနေ တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးရဖို့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့အခြေခံ ရပ်တည်ချက် ကွာခြားမှု များနေကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ NCCT ရဲ့ စည်း ၂ ရက်ကြာ စည်းဝေးပွဲ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီလ ဧပြီလအတွင်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ “တနိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” (NCCT) ရဲ့ ကိုယ်စားလှယ်တို့ ၂ ဘက် တွေ့ဆုံညှိနှိုင်းမှုတွေအပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းတစ်စောင်ဖြစ်မြောက်ရေး မူကြမ်းကို သဘောတူခဲ့ကြတာပါ။

နာက်ထပ်အစည်းအဝေးမကျင်းပနိုင်ခင် ကချင်၊ ရှမ်းနဲ့ ပလောင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်လာခဲ့တာကြောင့် ကန့်ကွက်မှုတွေရှိခဲ့ပြီး တနိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေအပေါ် လက်နက်နဲ့ ဖိအားပေးတဲ့ အနေအထားမျိုးကို လက်မခံနိုင်တဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလာခဲ့ကြပါတယ်။
အဲဒီလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ နောက်ထပ်ဆွေးနွေးပွဲဟာ ကြန့်ကြာနေအုံးမှာဖြစ်ပြီး လက်ရှိအနေအထားအရ NCCT အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စဲရေးအကောင်အထည်ဖော်နိုင်ရေးမှာ အချိန်ယူဖို့လိုလိမ့်အုံးမယ်လို့ NCCT အဖွဲ့ရဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

မေး။ ။ အခုလောလောဆယ်အခြေအနေမှာပေါ့နော်-တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်နိုင်တဲ့အခြေအနေ ရှိလား။

ဖြေ။ ။ လောလောဆယ်တော့ ဖြစ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ တော်တော်လေးကို အချိန်ယူဖို့ လိုအုံးမယ်။ ဘာကြောင့်လဲဆိုတော့ ကြည့်ရတာ အခြေခံရပ်တည်ချက်ခြင်းက ကွာခြားမှုများနေတယ်လို့ ပြောရမယ်။

မေး။ ။ အဓိကကွာခြားချက်တွေက ဘာတွေများလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ အစိုးရဘက်က အန်ကယ်လ်တို့ တင်ပြအပိုင်းမှာ ဖက်ဒရယ်မူကိုလည်း လက်မခံဘူး၊ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုလည်း လက်မခံဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း လက်မခံဘူး၊ နောက်ပြီးတော့မှ တဘက်က ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ ဥပဒေတွေကို ပြည့်ပြည့်ဝဝ လက်ခံရမယ်ဆိုတဲ့အပိုင်းရယ်၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်ခံပြီးတော့မှ အဲဒီဘောင်ထဲကပဲ ပြင်ဆင်သွားရမယ်ဆိုတဲ့အပိုင်းရယ်၊ ဒါတွေကို ပြောထားတော့ အန်ကယ်လ်တို့အနေနဲ့ ဒါကိုလက်ခံဖို့ဆိုတာတော့ မလွယ်ဘူးလေ။

မေး။ ။ အခုလိုအခြေအနေမျိုးမှာ နှစ်ဘက်က မူကြမ်းကိုဆွေးနွေးနေတယ်။ တော်တော်လေးတော့ အဆင်ပြေနေပြီလို့လည်း ပြောနေတယ်ဆိုတော့ တကယ်အဆင်ပြေတယ်ဆိုတဲ့အချက်တွေကရော ဘာအချက်တွေဖြစ်မလဲ။

ဖြေ။ ။ အပေါ်ယံကလေးတွေပါ။အမှန်ကတော့ အဆင်ပြေတယ်ဆိုတာကတော့ အများကြီးတော့-- ဒါပေမဲ့ အပေါ်ယံလေးအဆင်ပြေနေရုံနဲ့တော့ မပြီးလောက်ပါဘူး။

မေး။ ။ အဲဒီတော့ ကချင်ဒေသတို့၊ ရှမ်းတို့ဘက်မှာ တိုက်ပွဲတွေကကော ရပ်ပါပြီလား။

ဖြေ။ ။ တော်တော်လေးငြိမ်သွားတယ်လို့တော့ ပြောရမယ်။

မေး။ ။ ဒီဟာက NCCT ဘက်ကပြောဆိုချက်တွေ၊ ကြေညာချက်တွေထွက်တဲ့အပေါ်မှာ ဒါကို မူတည်လား။

ဖြေ။ ။ အဲဒါတော့ မပြောတတ်ဘူး၊ ဒါက အစိုးရပေါ်မှာမူတည်တယ်လေ။ အန်ကယ်လ်တို့ကတော့ ဒါကတဘက်က ကိုယ့်အဖွဲ့ဝင်တွေ အချင်းချင်းကြားမှာတော့ စာနာပြီးတော့ ပြောရမှာပေါ့။ တဘက်က သူတို့ (ကချင်၊ ရှမ်း) ကိုတိုက်တာလည်း ကျနော်တို့ကို အားလုံးကို တိုက်တာနဲ့ ဆက်စပ်မှု ရှိတယ်။

မေး။ ။ ..ဆိုတော့ ဒီအခြေအနေပေါ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ ဒီလိုအဖွဲ့အစည်းတွေက ဘယ်လိုများ ပြင်ဆင်ကြမလဲ။

ဖြေ။ ။ အန်ကယ်လ်တို့က တချို့အရေးကြီးတဲ့ဟာတွေကို အန်ကယ်လ်တို့ NCCT အနေနဲ့လည်း မဆုံးဖြတ်နိုင်ဘူး၊ မူပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတာပါ။ အဲဒီတော့ အန်ကယ်လ်တို့လည်း လိုအပ်ရင်လိုအပ်သလိုပေါ့ဗျာ- အဖွဲ့အစည်းပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်များနဲ့ ပြန်လည်ညှိနှိုင်းဖို့တော့ လိုမယ်။

ဧပြီလ ၅ ရက်နေ့ကနေ၊ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ပူးတွဲကြေညာချက်မှာ နှစ်ဘက် ကိုယ်စားလှယ်အားလုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCCT အဖွဲ့ဝင်တွေရဲ့ အခု အစည်းအဝေးကို မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားခြင်း မရှိကြောင်းလည်း နိုင်ဟံသာက ပြောပါတယ်။ အဖွဲ့ဝင်အချင်းချင်း ဆွေးနွေးပွဲသာဖြစ်ပြီး ဆွေးနွေးပွဲကာလ ၂ ရက်ခန့်ကြာမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger