Latest Movie :
Home » » ပဲခူးမြို့တွင် ကရင်ပညာရေးဆိုင်ရာ ကော်မတီ (၂)ခု ဖွဲ့စည်း

ပဲခူးမြို့တွင် ကရင်ပညာရေးဆိုင်ရာ ကော်မတီ (၂)ခု ဖွဲ့စည်း

{[['']]}

ပဲခူးမြို့တွင် ကရင်ပညာရေးဆိုင်ရာ ကော်မတီ (၂)ခု ဖွဲ့စည်း

Pegu 2

ဇူလိုင် ၂၆ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း

ပဲခူးတိုင်းဒေသကြီး၌ စဉ်ဆက်မပျက် ကရင်စာပေသင်ကြားရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကရင်ကျောင်းသုံး ဖတ် စာအုပ် ပြုစုရေးကော်မတီနှင့် ကရင်ဘာသာသင်ဆရာ၊ ဆရာမ လေ့ကျင့်ရေးကော်မတီ (၂)ခုတို့ကို ပဲခူးမြို့၊ ခရစ်ယန်လူငယ် ဓမ္မ ရိပ်သာ၌ ဇူလိုင် ၂၅ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီးကာ ဇူလိုင် ၂၄ရက်နေ့မှ ၂၆ရက်နေ့ထိ ကျင်းပ သည့် ငြိမ်းချမ်းရေးနှင့် စာပေသင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲအတွင်း ထိုသို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး စောဂျူဗလီစံလှက ကေအိုင်စီသို့ ပြောသည်။
“အခုတိုင်းဒေသကြီးအတွင်းမှာ ကရင်စာပေကို စာသင်ကျောင်းတွေမှာ အစိုးရက တရားဝင်သင်ခွင့်ပေးတယ်။ ဒါပေမယ့် ကျွမ်း ကျင်ဆရာ၊ ဆရာမတွေ လိုအပ်တယ်။ နောက်ပြီး ဒုတိယတန်းအထိပဲ ပုံနှိပ်စာအုပ်ရှိတယ်။ ဆက်သင်ဖို့ဆို ပုံနှိပ်စာအုပ်လိုတယ်။ ဒါကို စာပေယဉ်ကျေးမှုကော်မတီဝင်တွေက တဖက်တလမ်းကနေ လုပ်ဆောင်လို့ရအောင် အခု အလုပ်ရုံဆွေးနွေးပွဲကို လုပ်ပြီး ဒီကော်မတီတွေကို ဖွဲ့စည်းဖြစ်သွားတာဖြစ်တယ်”ဟု စောဂျူဗလီစံလှက ပြောဆိုသည်။
ယင်းကော်မတီဖွဲ့စည်းပုံအရ ကရင်ဖတ်စာအုပ် ပြုစုရေးကော်မတီ ဥက္ကဌအဖြစ် ကရင်စာပေပညာရှင် စောဟဲရေစီ(ဥက္ကဌ)၊ ဒု-ဥက္ကဌအဖြစ် ညောင်လေးပင်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စောလင်းအောင်တို့ပါဝင် ပြီး အဖွဲ့ဝင် ၁၂ဦးနှင့် ကရင်ဘာသာသင် ဆရာ၊ ဆရာမများ လေ့ကျင့်ရေးကော်မတီတွင် ဥက္ကဌအဖြစ် ပဲခူးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာစောကြည်စိုး အပါအဝင် အဖွဲ့ဝင် ၁၅ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
ထို့အပြင် အဆိုပါကော်မတီတွင် နာယကအဖြစ် ပဲခူးတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး စောဂျူဗလီစံလှနှင့် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ ပညာရေးဌာနတာဝန်ခံ ပဒိုစောလားစေးတို့လည်း ပါဝင်ခဲ့ကြသည်။ သုံးရက်ကြာကျင်းပခဲ့သည့် ၎င်း ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၁)ခုမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ခရစ်ယာန်ဘာသာ ရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၆၀ကျော် တက်ရောက်ခဲ့ကြသည်။
Pegu 1
ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ကေအဲန်ယူ ပညာရေးဌာနတာဝန်ခံ ပဒိုစောလားစေးက “ကျောင်းသင်ရိုး ညွန်းတမ်းတွေက ပုံသေထားလို့တော့ မရဘူး။ အကြံဉာဏ်လိုအပ်ရင် ပေးဖို့အသင့်ပါပဲ။ အရေးကြီးတာ ကရင်လူမျိုးတွေရဲ့ ရိုး ရာဓလေ့၊ ယဉ်ကျေးမှုတွေမပပျောက်ဖို့ သင်ရိုးက အထောက်အကူပြုဖို့ လိုတယ်။ အခုဆွေးနွေးပွဲကို အားရမှုတော့ ရှိတယ်။ ဒီလို တက်တက်ကြွကြွနဲ့ လာပြီးဆွေးနွေးတာ၊ တိုင်ပင်တာ တိုးတက်မှုရဲ့ လမ်းစတစ်ခုပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ဖတ်စာအုပ်ပြုစုရေးကော်မတီ၏ ဒုဥက္ကဌ ဖြစ်လာသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စောလင်းအောင်က လည်း ၎င်းကော်မတီအနေဖြင့် အစိုးရကျောင်းသုံးဖတ်စာအုပ် ပြုစုရေးကော်မတီ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ သင်ရိုး ညွှန်းတမ်းရေးဆွဲရေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများ လေ့ကျင့်ရေးကော်မတီကလည်း ကရင်ဆရာ၊ ဆရာ မများအား လေ့ကျင့်မွေးထုတ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး လိုအပ်သည့် ရန်ပုံငွေများကို အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs)များနှင့် ချိတ်ဆက်ရှာဖွေသွားရန်ရှိကြောင်း ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် စကောကရင်စာပေကို ပြီးခဲ့သည့် ပညာသင်နှစ်က စတင် သင်ကြားပေးခဲ့ပြီး ယခု ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း ၃၃၇ကျောင်းရှိ ကရင်တိုင်းရင်းသားကျောင်းသူကျောင်းသား ၄၆,၀၀၀ကျော်ကိုသင်ကြားပေးရန် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger