{[['
']]}
']]}
စစ်ရေးလေ့ကျင့်ရန်
ဌာနေပြည်သူ့စစ်တပ်ဖွဲ့များအား ရလခ စစ်တိုင်းဆင့်ခေါ်
သျှမ်းသံတော်ဆင့်
ဂျူလိုင် ၂၅ ရက် ၂၀၁၄
ဂျူလိုင် ၂၅ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း
နမ့်ဇန်မြို့နယ် ခိုလမ် အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှ
စစ်ရေးလေ့ကျင့်ပေးရန် ၎င်းတို့လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များအား တဖွဲ့လျှင်
လူသူ လက်နက်အင်အား ၆၀ ပေးပို့ရန် ဆင့်ခေါ်လိုက်သည်။
သျှမ်းပြည်တောင်ပိုင်း ရလခ
စစ်တိုင်းရုံးလက်အောက်တွင် SSS ခေါ် ဦးမဟာကြာ ခေါင်းဆောင်သော
ဟိုမိန်းဒေသပြည်သူ့စစ်အဖွဲ့၊ ဦးလောင်ကွန်း ခေါင်းဆောင်သော ကာလိပြည်သူ့စစ်အဖွဲ့၊
ဦးစိုင်းတ ဦးဆောင်သော နမ့်ဟူးဖရားထမ့်ပြည်သူ့စစ်အဖွဲ့၊ ဦးစိုင်းလူ ဦးဆောင်သော
မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့၊ ကျိုးဆန်း ဦးဆောင်သော နားရိုင်းပြည်သူ့စစ်အဖွဲ့
စသဖြင့် ရှိပါသည်။
“အခုက ကျနော်တို့ ကြားသိရတာ ကာလိ နဲ့
နမ့်ဟူးဖရားထမ့်ဆီ ရောက်တယ်စာက။ တခြားအဖွဲ့တော့ မသိသေးဘူး။ လူ ၆၀
လက်နက်အပြည့်အစုံနဲ့ ပို့ရမယ်။ စစ်သင်တန်းတလကြာမယ် ပြောတယ်။ အဲဒါ ပြီးရင်
ဝမ့်ဟိုင်းအဖွဲ့ကို တက်တိုက်ခိုင်းမယ်လို့ သတင်းထွက်နေတော့ ပို့ဖို့အတွက်
ဆုံးဖြတ်ရခက်နေ တာ။ တက်မတိုက်ခိုင်းရင်တော့တမျိုး တက်တိုက်ခိုင်းရင်
ဒုက္ခရောက်ကုန်မယ်။ တော်ကြာ ကိုယ့်လူတွေ ဟိုဘက်အကုန် ပြန်ဝင်ရင် ခက်ကုန်မယ်။
အဲဒါတအား စိုးရိမ်ရတယ်” - ဟု နမ့်ဇန်ရောက် ပြည်သူ့ စစ်ခေါင်း ဆောင်
အသိုင်းအဝိုင်းတဦးက ပြောသည်။
မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့တွင်မူ
လူသူလက်နက်အင်အား သုံးဆယ်အား ဂျွန်လပိုင်းက နမ့်ဇန်မြို့ အခြေစိုက် တပ်ရင်း၌ ပင်
တလကြာ စစ်သင်တန်းတက်ရကြောင်း၊ စစ်သင်တန်းဆင်းလက်မှတ်လည်း ရပြီး ဖြစ်ကြောင်း
နမ့်ဇန်မြို့နေ နီးစပ်သည့်ပုဂ္ဂိုလ်တဦးကပြောသည်။
မြန်မာအစိုးရ တပ်မတော်သည်
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ဖြုတ်
ပါတီထောင်ရန်ဖိအားပေးပြီး တဘက်တွင်လည်း တပ်မတော်အင်အားကြီးရန်
ပြည်သူ့စစ်တပ်ဖွဲ့များ မွေးထုတ်ထားသည်။ လက်ရှိတွင် အစိုးရ တပ်မတော်
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က လက်အောက်ခံတပ်များအပြင် အောက်ပြည်မှ
တပ်များအပါအဝင် တန့်ယန်းမြို့နယ် မန့်ကတ် ၌ စစ်သည်အင်အား တထောင်ခန့်
လက်နက်ကြီးပစ်ခတ် စခန်းတက်သိမ်းသည့် စစ်လေ့ကျင့်နည်း များလေ့ကျင့်နေကြောင်း၊
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ တိုင်းဗဟိုသုံး စစ်လေ့
ကျင့်ရေးကျောင်းတွင်လည်း ထို့နည်းတူ လေ့ကျင့်မှုမျိုးပြုလုပ်နေကြောင်း နီးစပ်သည့်
ပုဂ္ဂိုလ်များက ပြောသည်။
=========
ကျွန်းတန်ချိန် ၆
ထောင်ကျော်ခုတ်ဖြတ်ထုတ်ယူသည့်ကုမ္ပဏီ ရွာ ၅ ရွာအားလျှပ်စစ်မီးပေး
သျှမ်းသံတော်ဆင့်
ဂျူလိုင် ၂၅ ရက် ၂၀၁၄
ဂျူလိုင် ၂၅ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း
မိုင်းပန်မြို့နယ်အတွင်း တကြိမ်လျှင်တန် ၆၅၀၀ သစ်ထုတ်ခွင့်ရခဲ့သော တင်မြင့်ရီ
ကုမ္ပဏီက ကျေးလက် ရွာ ၅ ရွာအတွက် လျှပ်စစ်မီးလှူဒါန်းသည့်အခမ်းအနားဖွင့်ပွဲအား
မိုင်းပန်မြို့၌ ကျင်းပခဲ့ပါသည်။
မိုင်းပန်မြို့နယ်အတွင်း နှစ်ချီလများ
သစ်ထုတ်ယူနေသည့် တင်မြင့်ရီ ကုမ္ပဏီသည် သျှမ်းပြည်နယ် အစိုးရ
လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးထွန်းရင်အားဖိတ်ကြားကာ မိုင်းပန်မြို့
စဝ်ကောလီခန်းမ တွင် “တင်မြင့်ရီ ကုမ္ပဏီမှ လှူဒါန်းသည့် ကျေးရွာ ၅ ရွာ
လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား” ဖွင့်လှစ်စေခဲ့ ကြောင်း မိုင်းပန်မြို့ခံများက
ပြောပါသည်။
“ကျနော်တို့မြို့က
ကျိုင်းတောင်းရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နေရာ နဲ့ အရမ်းနီးတယ်။ မီးက အခု မှ ရ မှာ။
ကျေးဇူးတော့တင်ပါတယ်။ ဒါပေမယ့် သစ်ကားတွေကြောင့် ကျနော်တို့မြို့မှာ လမ်းတွေပျက်
တယ်။ မိုးမရွာရင် မရွာဘူး။ ရွာပြန်တော့လဲ ရေဘေး တအားကြောက်ရတယ်။ ဒါမျိုးက
သစ်တောသစ် ပင် ထူထပ်တုန်းက သိပ်မကြောက်ရဘူး။ အခု အခြေအနေကြုံရတာ က သစ်တောပြုန်းလို့
ဆိုဘဲ ” - ဟု မိုင်းပန်ရပ်မိရပ်ဖ စိုင်းန ကပြောပါသည်။
တင်မြင့်ရီ ကုမ္ပဏီမှ
လျှပ်စစ်မီးလှူဒါန်းပေးသည့် မိုင်းပန်မြို့နယ် ကျေးလက် ရွာ ၅ ရွာမှာ ဟိုဖိုင်ရွာ၊
ဝမ့်နေရွာ၊ ဆွပ်ဟွေ့ရွာ ၊ နားလောရွာ နှင့် မောင်းဟောင်းရွာတို့ဖြစ်သည်ဟု ဆိုသည်။
“ဟိုဘက်ရွာတော့ ဓါတ်တိုင်တွေကခိုင်ခန့်တယ်။
အုတ်တိုင်တွေ ။ ကျနော်တို့ရွာတော့ သစ်တိုင်ဘဲ။ ဒါပေ မယ့် ရွာခံတွေကတော့
ကိုယ့်အိမ်အရောက် မီးတိုင် မီးကြိုးဝယ်ရတာပေါ့။ ကျနော်တို့တော့ ပိုက်ဆံမရှိ လို့
မီးမရသေးဘူး” - အသက် ၄၀ အရွယ် အိုက်လူးလုံ ကပြောပါသည်။
မြန်မာနိုင်ငံတွင်
ရေအားလျှပ်စစ်ဓါတ်အား အများဆုံး ထွက်သည့် ကျိုင်းတောင်းရေတံခွန် တည်ရှိရာ
လင်းခေးခရိုင် မိုးနဲ၊ ကျိုင်းတောင်း၊ မိုင်းပန်၊ ဟိုမိဏ်း ဒေသအတွင်းတွင်
ကျွန်းနှင့် သစ်မာများ အပေါ များဆုံး နေရာဖြစ်သည်။ တင်မြင့်ရီကုမ္ပဏီကဲ့သို့
အခြားသော ကုမ္ပဏီများကလည်း အဆိုပါဒေသ အတွင်း သစ်တန်ချိန်ပေါင်း များစွာထုတ်ယူနေပါသည်။
အဆိုပါဒေသသည် တနှစ်လျှင် သစ်တန်ချိန် သိန်းဂဏန်းထွက်ရှိသည်ဟု သျှမ်းပြည်နယ်
သစ်နှင့်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းကပြောဖူးပါသည်။
=======
ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့
တောင်ကြီးရှိ တိုင်းရင်းသားပါတီ/အဖွဲ့များနှင့်တွေ့ဆုံ
သျှမ်းသံတော်ဆင့်/စိုင်းဖှ
ဂျူလိုင် ၂၅ ရက် ၂၀၁၄
ဂျူလိုင် ၂၅ ရက် ၂၀၁၄
ဂျူလိုင် ၂၄ ရက် နံနက် ၈ နာရီက
တောင်ကြီးရှိနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့ရုံး ကိုယ်စား လှယ်များအား
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဦးဆောင်သော MPC အဖွဲ့က ချယ်ရီကွင်းဟော်တယ် ၌တွေ့ဆုံကာ
ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား ရှင်းပြခဲ့သည်ဟုသိရပါသည်။
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ
ဒုတိယ ဥက္ကဌ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ဥက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း
တို့မှရှင်းပြသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ MPC လုပ်ငန်းစဉ်များ အကြောင်းအား
တက်ရောက်နားထောင်သည့် အဖွဲ့များမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့
ချုပ် SNLD ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၊
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စုကြံ့ခိုင်
ဖွံ့ဖြိုးရေးပါတီတို့ပါဝင်ပါသည်။
“ဝန်ကြီး ဦးအောင်မင်းက သူတို့ MPC
ရုံးက လုပ်နေတဲ့ဟာတွေ၊ နောက်ပြီးအပစ်ရပ်ရေးအခြေအနေ တွေ ဘယ်အဆင့်ရောက်နေပြီလဲ
ဆိုတာရှင်းပြတယ်။ အဓိက ကတော့ လိုင်ဇာ ဆွေးနွေးပွဲပြီးရင် ဒီနှစ် မကုန် ခင်
တတိုင်းပြည်လုံး အပစ်ရပ်နိုင်မယ်။ ပြီးရင်လာမယ့် ၂၀၁၅ မှာ အားလုံးမျှော်မှန်းတဲ့
နိုင်ငံ ရေးဆွေးနွေးပွဲလုပ်မယ် စတာတွေပြောပါတယ်” - ဟု တက်ရောက်သည့် လူငယ်
စိုင်းခွန်ပြောသည်။
“တဘက်က ငြိမ်းချမ်းရေးလုပ်နေတယ်။
တဘက်ကလဲ တိုက်ပွဲတွေ ထပ်ဖြစ်နေတာတော့မဖြစ်သင့်ဘူး။
ဦးအောင်မင်းတို့ကိုမေးကြည့်ပါတယ်။ အောက်ခြေတပ်တွေက ဘဲဖြစ်တာပေါ့။ လက်တွေ့ စစ်မြေ
ပြင်မှာ တော့ စစ်ဆင်ရေးကြီး ပြင်ဆင်နေတာတော့ မဟုတ်သေးဘူး။ ဒါက တည်ဆောက်နေတဲ့
ငြိမ်းချမ်းရေးမှာ အရမ်းထိခိုက်စေတယ်” - ဟု ချယ်ရီကွင်းဟော်တယ်တွင်
ပါဝင်တက်ရောက်သည့် တောင်ကြီးမြို့ SNLD ပါတီ ဥက္ကဌ စဝ်ခမ်းပိုင်ဖှ ကပြောသည်။
ဂျူလိုင် ၂၀ ရက်နေ့ နေပြည်တော်
လွတ်တော်ရုံးတက် တိုင်းရင်းသားအမတ်များ နှင့် ပါတီကြီးများမှ
အချို့အမတ်မင်းများအားဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်အားဝန်ကြီး
ဦးအောင်မင်းတို့အဖွဲ့မှရှင်းပြ ခဲ့ပါသေးသည်။ ထိုစဉ် ဦးအောင်မင်းက
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များသည်
နိုင်ငံရေးအမှန်တကယ်ဆွေးနွေးလိုလျှင် လက်နက်စွန့် ပါတီထောင်ကာ လွှတ်တော်အတွင်း
နိုင်ငံရေး လိုလားချက်များ တောင်းဆိုရမည်ဟု ပြောကြောင်း တက်ရောက်နားထောင်သည့်
အမတ်မင်းတဦးက ပြောသည်။

Post a Comment