Latest Movie :
Home » » အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၏သဘောထား

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၏သဘောထား

{[['']]}

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၏သဘောထား


တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ






 
“KNU တပ်မဟာနှင့် ခရိုင်များအားလုံး ဤကဲ့သို့ ခိုင်မာပြတ်သားသော အမျိုးသားရပ်တည်ချက် ရှိပါက ကရင်ပြည်သူများ၏ အားကိုးယုံကြည်မှုနှင့် အားပေးထောက်ခံမှုကိုအမြဲရရှိနေမည်ဖြစ်ပါသည်”


ယခုလက်ရှိအချိန်သည် KNU ခေါင်းဆောင်များနှင့် ဗမာအစိုးရ တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးကိစ္စဆွေးနွေးပြောဆိုနေဆဲကာလဖြစ်ပါသည်။ သို့သော် တိကျသေချာသောသဘောတူညီမှု တစုံတရာမရ ရှိနိုင်သေး ပါ။ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်နေဆဲ ကာလဖြစ်ပြီး စစ်မှန်သောငြိမ်းချမ်းရေး တခုမရရှိနိုင်သေးသောကြောင့် -

၁။ ကျွန်ုပ်တို့နယ်မြေဒေသအတွင်း ကရင်အမျိုးသားများ၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေး ရည်မှန်းချက်များအား ၀ါးမြို လွှမ်းမိုးသွားမည့် ဗမာစစ်အစိုးရ၏ ပညာရေးအစီအစဉ်များအား လာရောက်တိုးချဲ့လုပ်ကိုင်ခွင့်မပေးနိုင်ပါ။ ကျွန်ုပ်တို့၌ မိခင်ပညာရေးအစီအစဉ်ရှိနှင့်ပြီးသားဖြစ်ပါသည်။
၂။ ကျွန်ုပ်တို့ဒေသခံလူထုများ၏ မူလမြေယာပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးသွားစေမည့်၊ ဒေသခံလူမျိုးတို့၏ မူလဘ၀နေထိုင်မှုနှင့် သဘာဝအသက်မွေးဝမ်းကျောင်းများအားပျက်စီးသွားစေမည့် စစ်အစိုးရ၏ စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များကို ကျွန်ုတို့နယ်မြေအတွင်း ခွင့်ပြု လက်မခံနိုင်ပါ။

၃။ ကျွန်ုပ်တို့နယ်မြေဒေသအားလုံးသည် မူလဒေသခံလူမျိုးများ၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာသော မြေများဖြစ်သောကြောင့် ဗမာစစ်အစိုးရမှ လယ်ယာ၊ ဥယာဉ်ခြံမြေများအား လာရောက်တိုင်းထွာ၊ စာရင်းယူရန်မလိုအပ်ပါ။ ကျွန်ုပ်တို့၌ မြေဂရမ်ပိုင်ဆိုင်မှုစာရင်း၊ ဇယားရှိနှင့်ပြီးဖြစ်ပါသည်။
၎။ လက်ရှိဗမာအစိုးရမှ ကျွန်ုပ်တို့နယ်မြေအတွင်းရုံးခန်းလာရောက်ဖွင့်လှစ်ပြီး မှတ်ပုံတင်ပြုလုပ်ရန် ကိစ္စကိုကျွန်ုပ်တို့လက်မခံနိုင်ပါ။ ပြည်ထောင်စုအစိုးရတရပ် ပေါ်ပေါက်လာသောအခါ ၄င်းအစိုးရမှပြုလုပ်ပေးသော မှတ်ပုံတင်ကိုသာ ကျွန်ုပ်တို့လက်ခံအသိအမှတ်ပြုပါမည်။

၅။ ကျွန်ုပ်တို့တပ်မဟာ နှင့်ခရိုင်နယ်မြေများတွင် ပြည်သူကျန်းမာရေးအတွက် နယ်မြေခံဆေးပေးခန်းများ ရှိပြီး နယ်လှည့်ကျောပိုးအိပ်ကျန်းမာရေးအစီအစဉ်များလည်းရှိနေပြီးဖြစ်၍ ဗမာစစ်အစိုးရမှ ကျွန်ုပ်တို့နယ်မြေအတွင်း ကျန်းမာရေးအစီအစဉ်များလာရောက်လုပ်ကိုင်ခြင်းကို ကျွန်ုပ်တို့ခွင့်မပြု၊ လက်မခံနိုင်ပါ။
၆။ ကျွန်ုပ်တို့နယ်မြေအတွင်း ဗမာစစ်အစိုးရ၏ ရှိနှင့်ပြီးပညာရေးနှင့် ကျန်းမာရေး အစီအစဉ်များအား လက်ရှိအတိုင်း ယာယီယှဉ်တွဲလုပ်ကိုင်ခွင့်ပြုပါသည်။
၇။ နိုင်ငံရေးအရဆွေးနွေး၊ ညှိနှိုင်းအဖြေရှာပြီး နှစ်ဦးနှစ်ဖက်လုံးမှ အမှန်တကယ်ယုံကြည်မှု တည်ဆောက်နိုင်သောအချိန်ကာလတွင်မူ အထက်ပါအကြောင်းအရာ အားလုံးကို ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်ပါသည်။
မူတြော်ခရိုင်

လူသောဖောဒေး blog မှ ရဲရဲတွေး ဘာသာပြန်ဆိုတင်ပြပါသည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger