Latest Movie :
Home » , » ဒေသဖွံ့ဖြိုးရေး လုပ်ရန် ကေအင်န်ယူနှင့် ဂျပန်အဖွဲ့ အစည်းများ ဆွေးနွေး ,သတင်း

ဒေသဖွံ့ဖြိုးရေး လုပ်ရန် ကေအင်န်ယူနှင့် ဂျပန်အဖွဲ့ အစည်းများ ဆွေးနွေး ,သတင်း

{[['']]}


ဒေသဖွံ့ဖြိုးရေး လုပ်ရန် ကေအင်န်ယူနှင့် ဂျပန်အဖွဲ့ အစည်းများ ဆွေးနွေး



ကရင်အမျိုးသား အစည်းအရုံး(KNU) မှ တပ်မဟာ (၁)၊ (၄)၊ (၆)၊ (၇)အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဂျပန်သံရုံးနှင့် ဂျပန်ပလက်ဖောင်း (Japan- Plattform)၊JICA နှင့် နိပွန်ဖောင်ဒေးရှင်း (The Nippon Foundation)တို့နှင့် တပ်မဟာအုပ်ချုပ် ရေးတာဝန်ခံများ သြဂုတ်လ ၅ ရက် MPC (မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဗဟိုဌာန)တွင် တွေ့ဆုံဆွေး နွေးခဲ့သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက အတည်ပြု ပြောကြားလိုက်သည်။

“တပ်မဟာ တစ်ခုစီက ခရိုင်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ကိုယ်စားလှယ် တွေလာတာပါ။ သူတို့လုပ်ချင်တဲ့ ဒေသဖွံ့ ဖြိုးရေးတွေကို အဖွဲ့အစည်းတွေ နဲ့တွေ့ပြီး ရှင်းပြတာပါ”ဟု ဦးလှမောင်ရွှေ ကပြောကြားသည်။

ဆွေးနွေးပွဲ ကို KNU တပ်မဟာ ၁၊ ၄၊ ၆၊ ၇ မှ ခရိုင်ဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များ ၊ MPC အတွင်းရေးမှူး ပြည်ထောင်စုဒု-၀န်ကြီး ဦးအောင်သိမ်း ဦး ဆောင်တဲ့ MPC တာဝန်ရှိသူများ၊ ဂျပန်သံရုံးနှင့် ဂျပန်အဖွဲ့အစည်း များဖြစ်သည့် ဂျပန်ပလက်ဖောင်း (Japan-Platform)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် နိပွန်ဖောင်ဒေးရှင်း(The Nippon Foundation)မှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်အ စိုးရကိုယ်စား နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ဘလွင် နှင့် ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။

KNU တပ်မဟာ(၅) ၏ စီးပွားရေးတာဝန်ခံ စောမိုးစက်က “သူတို့က ကျွန်တော်တို့ကို တိုက်ရိုက်ကူညီမှုလုပ် လို့ မရပါဘူး။ မြန်မာ့စီးပွားရေး ဘဏ်ကနေ တစ်ဆင့် ကူညီတာ မျိုးတွေတော့ ရှိပါတယ်”ဟု ပြောသည်။

KNU မှတာဝန်ရှိသူများက ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ပေးရန် ၀န်ကြီး ဦးအောင်မင်း အား ပြောသည့် အတွက် ယင်းကဲ့သို့ ချိတ်ဆက်ဆောင် ရွက်ပေးရ ခြင်းဖြစ်သည်ဟု ဦးလှမောင်ရွှေက ပြောသည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger