Latest Movie :
Home » » ပြည်သူ့ ဘ၀ လုံခြုံရေးကို ကာကွယ်ပေးသည် ဆိုသည့် မြန်မာ့တပ်မတော်

ပြည်သူ့ ဘ၀ လုံခြုံရေးကို ကာကွယ်ပေးသည် ဆိုသည့် မြန်မာ့တပ်မတော်

{[['']]}

Description: ပြည်သူ့ ဘ၀ လုံခြုံရေးကို ကာကွယ်ပေးသည် ဆိုသည့် မြန်မာ့တပ်မတော်မှ လက်နက်တပ်ဆင် ပေးသည့် ပြည်သူ့စစ် အဖွဲ့မှ နမ့်ခမ်းမြို့တွင် အပြစ်မဲ့ ပြည်သူ တစ်ဦးအား ပစ်သတ်

၂၄ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်စန့်ရပ်ကွက်၌ ဇူလိုင်လ ၂၃ ရက်နေ့ ည ၂၀း၂၅ နာရီ အချိန်ခန့်တွင် နမ့်ခမ်းမြို့၊ ပေါက်လုံရပ်ကွက်နေ၊ စိုင်းနွမ်ခေး(ခ)စိုင်းပေါင်းပေါင်း နှင့် စိုင်းဆိုင်မိန်း တို့နှစ်ဦးသည် နမ့်ခမ်းဆေးရုံတွင် ဆေးရုံတက်နေသော ၄င်းတို့၏ သူငယ်ချင်းအား သွားရောက်ကြည့်ရှုရန် နေအိမ်မှ ဆေရုံသို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့သည်။ 

မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်၊ နမ့်ခမ်း ပြည်သူ့ဆေးရုံကုန်းအတက်၊ နှင်းပုလဲဘော်ဒါဆောင်ရှေ့ အရောက်တွင် နမ့်ခမ်းမြို့၊ မြို့မပြည်သူ့စစ်နှင့် ပန်းဆေးပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးနေစဉ် ပန်ဆေးပြည်သူ့စစ် အဖွဲ့မှ သျင့်ကြည် ဆိုသူသည် စိုင်းနွမ်ခေး(ခ)စိုင်းပေါင်းပေါင်း (ဘ)စိုင်းစိုးဝင်း အသက်(၂၄)နှစ်၊ ရှမ်းလူမျိုး အားသေနတ်ဖြင့် ပစ်ခတ်ရာ ၄င်း ၏ နဖူးတည့်တည့်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ 

သတင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာ့စစ်တပ်မှ သေဆုံးသူမှာ သေနတ်ပါသဖြင့် ထိုနေရာတွင် ၄င်းတို့၏ သေနတ် ပြုတ်ကျ၍ ထွက်ပြေးသောကြောင့် မြန်မာစစ်တပ်မှပစ်ခတ်သည်ဟု ပြောကြားရန် လုပ်ကြံ သတင်းဖန်တီးခဲ့သည်။ အမှန်မှာ ၄င်တို့နှစ်ဦးမှာ နမ့်ခမ်းမြို့၌ နေထိုင်သော အရပ်သားသာ ဖြစ်သည်ကို နမ့်ခမ်းမြို့နေသူ အားလုံး အသိပင်ဖြစ်ပါသည်။
၎င်းတို့၏ သေနတ် ပြုတ်ကျ၍ ထွက်ပြေးသည် ဆိုခြင်းလည်း မဟုတ်မှန်ကြောင်း မျက်မြင် ပြည်သူများထံမှ သိရှိရပါသည်။

သေဆုံးသူ စိုင်းနွမ်းခေး(ခ) စိုင်းပေါင်းပေါင်း နမ့်ခမ်းဆေးရုံ ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေး နေပုံ

==========

နမ့်ခမ်းမြို့နယ်၊ နမ့်ကတ်အခြေစိုက် မြန်မြန်မာ့တပ်မတော် ခလရ(၁၄၄) ရွာသား (၃)ဦးအား ဖမ်းဆီး ခေါ်ဆောင် သွား

၂၄ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မန်ကတ် အခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၄၄) တပ်ရင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် လယ်ယာထွန်ယက် လုပ်ကိုင်နေသော မန်ပူးရွာသား ဦးအညမ်းမွမ်း (၅၅)နှစ်၊ စယ်ကင်းရွာသား ဦးငိုကော (၅၂)နှစ်၊ အညမ်းကွီး (၂၀) နှစ် (၃)ဦးတို့အား ၄င်းတို့ လယ်တောသို့ သွားရောက်စဉ် လမ်းခရီး၌ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

အဆိုပါဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား(၃)ဦးအား ယနေ့အထိ ပြန်မလွတ်သေးဘဲ နေအိမ်မိသားစုနှင့် လည်း အဆက်အသွယ် ပြတ်တောက်လျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

==========

PSLF/TNLA တပ်မတော်မှ ချိတ်ဆွဲထားသော မူးယစ်ဆေးဝါး တားဆီး ပညာပေး ဆိုင်းဘုတ်အား ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ ဖြုတ်ချ ဖျက်ဆီး

၂၄ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ရွာ ရွာလယ် ဇရပ်တွင် PSLF/TNLA တပ်မတော်မှ ချိတ်ဆွဲထားသော မူးယစ်ဆေးဝါး တားဆီး ပညာပေး ဆိုင်းဘုတ်အား ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ်ခင်းတွင် ၀င်ရောက် ဖြုတ်ချဖျက်ဆီး ခဲ့သည်။

အဆိုပါ ပန်းဆေးပြည်သူ့စစ် အဖွဲ့သည် ယခုလက်ရှိ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် ခေါင်းဆောင် သော အဖွဲ့ဖြစ်သည်။ တအာင်းဒေသနှင့် မြန်မာနိုင်ငံ တစ်လွှား သို့ ဖြန့်ဖြူးရောင်းချနေသော မူးယစ်ဆေးဝါး ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာမဆေးပြား များသည် ၄င်းပြည်သူ့စစ်အဖွဲ့မှ အများဆုံး ထုတ်လုပ်ဖြန့်ဖြူးသည်။

ပြည်သူ့ ဘ၀ လုံခြုံရေးကို ကာကွယ်ပေးသည် ဆိုသည့် မြန်မာ့တပ်မတော်မှ လက်နက်တပ်ဆင် ပေးသည့် ပြည်သူ့စစ် အဖွဲ့မှ နမ့်ခမ်းမြို့တွင် အပြစ်မဲ့ ပြည်သူ တစ်ဦးအား ပစ်သတ်

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger