Latest Movie :
Home » » နယ်မြေ စိုးမိုးရေး စီမံကိန်း နေပြည်တော် အစိုးရထံ SSPP/SSA မေးခွန်းထုတ်

နယ်မြေ စိုးမိုးရေး စီမံကိန်း နေပြည်တော် အစိုးရထံ SSPP/SSA မေးခွန်းထုတ်

{[['']]}


နယ်မြေ စိုးမိုးရေး စီမံကိန်း နေပြည်တော် အစိုးရထံ SSPP/SSA မေးခွန်းထုတ်
သျှမ်းသံတော်ဆင့်
ဂျူလိုင် ၁၉ ရက် ၂၀၁၄

သဘောတူညီချက်များအား သျှမ်းပြည်တပ်မတော် SSPP/SSA ဖေါက်ဖျက်သည်ဟု အစိုးရ၏ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်စွပ်စွဲပြီးနောက်ပိုင်း - ‘ မြန်မာ့တပ်မတော်၏ နယ်မြေစိုးမိုး ရေး ဆောင်ရွက်နေခြင်းသည် လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချနိုင်ပါမည်လော’ ဆိုသည့်မေးခွန်း အား သျှမ်းပြည်တပ်မတော် SSPP/SSA က နေပြည်တော်အစိုးရထံ မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်မှထိုးစစ်ဆင်ကာ နယ်မြေစိုးမိုးရေးဆောင်ရွက်နေခြင်းသည် လက်နက်ကိုင် ပဋိပက္ခ များကို လျှော့ချနိုင်ပါမည်လော။နှစ်ပေါင်း ၆၀ ကျော်တဘက်နှင့်တဘက် ယုံကြည်မှု ပျက်ပြားလာနေ သည် ကို ယုံကြည်မှုရရှိလာအောင် တည်ဆောက်နိုင်ပါမည်လော ဆိုသည်ကို လေးလေးနက်နက် စဉ်း စားဖြေ ကြား ပေးစေလိုပါသည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ၂ နှစ်ကျော် ကာလ အတွင်းတပ်မတော်၏ နယ်မြေစိုးမိုးရေးအကြောင်းပြသော စစ်ဆင်ရေးများသည် ပြည်သူလူထု များ အကျိုးအတွက်လော သို့မဟုတ် လူတဦးတယောက်၏ အကျိုးအတွက်လော ။လူတစု၏အကျိုး အတွက် လော- ဟူသည့် နေပြည်တော် အစိုးရ ကိုမေးထားသည့် မေးခွန်းများပါဝင်သော သဘောထား ထုတ်ပြန်ကြေငြာချက်တစောင်ကို SSPP/SSA မှ ဂျူလိုင် ၁၈ ရက် စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဂျူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က - “တပ်မတော်အနေဖြင့် ငြိမ်းချမ်ရေးဆောင်ရွက်ရာတွင် မူ ၆ ချက်ချမှတ်ဆောင်ရာ - တပ်မတော် စစ် ကြောင်း နယ်မြေစိုးမိုးရေးဆောင်ရွက်သည့် နယ်မြေတွင် SSA (ဝမ့်ဟိုင်း) အဖွဲ့က အဆိုပါနယ်မြေ အတွင်း ဝင်ရာက်လာခြင်း၊ တပ်မတော် စစ်ကြောင်းများအား အလစ်ငိုက်တိုက်ခိုက်ခြင်း၊ သဘောတူ ညီသည့် ကတိကဝတ်များ အကြိမ်ကြိမ်ဖေါက်ဖျက်နေခြင်း ” --- စသဖြင့် ပြောဆိုစွပ်စွဲခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေကြောင့် ယနေ့တိုင် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ စစ်ရေးအထူးတင်းမာနေဆဲဖြစ်သည်။
ထို့ကြောင့် သျှမ်းပြည်တပ်တော် SSPP/SSA အနေဖြင့် - ပင်လုံကတိဖေါက်ဖျက်မှုကြောင့် နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားပြည်သူအတိဒုက္ခရောက်နေရေး၊ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် သဘောတူ ညီချက်များ တိကျစွာလိုက်နာဆောင်ရွက်ရေး --- စသည့်အချက်အများအပြင် ဒု-ကာကွယ် ရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် မှ လွှတ်တော်အတွင်း ဖြေရှင်းချက်များသည် ဒေသအတွင်းဖြစ်ရပ် နှင့် ပြဒါးတလမ်း သံတလမ်းဖြစ်နေကြောင်း - ဖြေရှင်းချက် ၇ ချက် နှင့်အတူ သဘောထား ၅ ချက် ထုတ်ပြန်ကြေငြာခဲ့သည်။
သဘောထား ၅ ချက်မှာ - အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရမည်၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု ရရှိစေရန် - နှစ်ဘက်နေထိုင်ရသည့်နေရာများ သတ်မှတ်ရမည်၊ လိုက်နာရမည့်ကျင့် ဝတ်များရေး ဆွဲရမည်၊ သဘောတူညှိနှိုင်းရန် ရက်သတ်မှတ်ရမည် ၊ ငြိမ်းရေးဆိုင်ရာဆွေးညှိနှိုင်းရေး မူဘောင် ရေးဆွဲရမည်၊ နှစ်ဘက်သဘောတူလက်ခံမည့်အခြေအနေအောက်တွင် နိုင်ငံရေး စေ့စပ်ညှိနှိုင်းရမည်၊ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ခေါင်းဆောင်မှုပေးနိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဆုံးဖြတ်သွားရန် စသည်တို့ ဖြစ်သည်။
===========
ကြုံတွေ့ရ ပြဿနာများ SSPP/ SSA မှ ငြိမ်းချမ်းစွာ ဖြေရှင်း လိုမှု မရှိဟု ဒု- ကက ဝန်ကြီး ပြော
ဂျူလိုင်လ 19 ရက် 2014 ခုနှစ်
သျှမ်းသံတော်ဆင့်

နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား SSA (ဝမ်ဟိုင်း) အဖွဲ့က အလစ်ငိုက် တိုက်ခိုက်မှုမှာ SSA (ဝမ်ဟိုင်း) မှ ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှု မရှိဟု နေပြည်တော် အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လွှတ်တော် အတွင်း ပြောကြား လိုက်သည်။
၂၀၁၄ ဂျူလိုင် ၁၅ ရက်က ဝမ့်ဝပ်ကျေးရွာအုပ်စု စစ်ဘေးရှောင်သူများ အေးချမ်းစွာပြန်လည်နေထိုင်ရေး လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးကူညီဖြေရှင်း ဆောင် ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား လွှတ်တော်အတွင်းအရေးကြီးအဆိုတရပ်ကို ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းအွမ်ဆိုင်မှိုင်းက တင်သွင်းရာ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က - SSA (ဝမ်ဟိုင်း)အဖွဲ့သည် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှု မရှိဘဲ ဒေသခံတိုင်းရင်းသားအရေးကို ခုတုံးလုပ် အကာအကွယ်ရယူပြီး တစ်ဖက်လှည့် ဆောင်ရွက် လာခြင်း သာဖြစ်သည် ဟု စွပ်စွဲ ပြောဆိုလိုက်သည်။
“အပစ်ရပ်ပြီး ယုံကြည်မှုတည်ဆောက်နေတဲ့ကာလ၊ နိုင်ငံရေးဆွေးနွေးပွဲဆီကို သွားနေတဲ့ကာလမှာ အစိုးရတပ်မတော်က ကျနော်တို့တွေအပေါ် ဆီယိုပေါက်ရှာနေသလို အကြောင်းမရှိ အကြောင်းရှာပြီး ကျနော်တို့ တပ်ဖွဲ့ကို တိုက်ခိုက်တဲ့ အကြိမ်ပေါင်းမနည်းတော့ဘူး။ ကျနော်တို့ဘက်ကနေ စ တိုက်တာ ဘယ်တော့မှ မရှိခဲ့ဖူးဘူး။ ကျနော်တို့ နယ်ကျွံတယ်ပြောတယ်။ အပစ်မရပ်ခင်ကတည်းက တာ့ဖါဆောင်မှာ ကျနော်တို့နေတယ်။ လူထုအတွက် တံတားဆောက်ပေးတယ်။ အစိုးရတပ်က ရေနံဆီလောင်းမီးရှို့ ဖျက်ဆီးလိုက်တယ်။ အပစ်ရပ်ပြီးတော့ အဲဒီတံတား ကျနော်တို့ ပြန်ဆောက်ပေးတယ်လူထုအတွက်။ တံတားလုံခြုံရေးအတွက် ကျနော်တို့တပ်စခန်းချထားတယ်။ အဲဒါကို ဖယ်ပေးဖို့ ထပ်လာပြောတယ်။ ဒါကျတော်တို့ မွေးရပ်မြေဗျာ။ စဉ်းစားကြည့်ပေါ့။”ဟု SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။
၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးစဉ် UPWC ဒုဥက္ကဌ (၂) ဦးသိန်းဇော် မှ ‘ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး တပ်နှုတ်ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်သို့ နှုတ်ကတိပေးခဲ့ဖူးသည်ဟုလည်း စဝ်ခွန်ဆိုင် က ပြောသည်။
=======
NCCT အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ CNF တက်ရောက်မည်
Saturday, July 19th, 2014
ခိုနူမ်းထုန် သတင်းဌာန

ယခုလ ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကျင်းပမည့် Nation Wide Cease fire Coordination Team (NCCT) အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ ချင်း အမျိုးသားတပ်ဦး ( CNF) မှ ထိပ်သီးခေါင်းဆောင် (၅) ဦး တက်ရောက် ကြမည်ဟု သိရသည်။
ကေအိုင်အို ( KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး အလှည့် ကျ ဥက္ကဌ ဒေါက်တာဇလှေထန်း အပါအ၀င် အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး၊ အဓိပတိကောင်စီဝင်များ ဖြစ် သည့် ပူး ထန်ယဲန် နှင့် ပူး ထန်းနိန်ကီး၊ နိုင်ငံခြားရေးအတွင်းရေးမှူး ဆလိုင်း တလာဟဲတို့ တက်ရောက်ကြမည် ဖြစ် သည်။
” အစည်းအဝေးကို နှစ်ကြိမ်နဲ့ ကျင်းပသွားမှာပါ၊ NCCT အဖွဲ့ဝင် ထိပ်သီးအစည်းအဝေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေးထိပ်သီးအစည်းအဝေး ဆိုပြီး ရှေ့ ဆင့်နောက်ဆင့် နဲ့ ကျင်းပဖို့ဖြစ်ပါတယ်” ဟု CNF ဆိုင်ရာ ယူ အဲန်အက်ဖ်စီ ကောင်စီဝင် ဆလိုင်းတလာဟဲ က ပြောသည်။
ဆက်လက်ပြီး UPWC နဲ့ NCCT သဘောတူညီချက်မူကြမ်းကို NCCT အဖွဲ့ဝင်တဖွဲ့ချင်းစီမှာ ပြန်လည်သုံးသပ်ကြပြီး အဆိုပါ တဖွဲ့ ချင်းစီက သုံးသပ်ပြင်ဆင်ချက်တွေ ကို ယခု အစည်းအဝေးမှာ အသေးစိပ်ပြန်လည်ဆွေး နွေးကြမှာဖြစ် ကြောင်း ဆက်ဆိုသည်။
ယခု ကျင်းပမည့်အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မီတီ ( UPWC) နှင့် NCCT တို့ ရေးဆွဲထား သည့် နိုင် ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခပ်ရပ်စဲရေးဆိုင်ရာ ဒုတိယ မူကြမ်း ကို ပြန်လည် သုံးသပ်ရေးဆွဲကြမည်ဟု သိရသည်။
NCCT အဖွဲ့ဝင် ထိပ်သီးအစည်းအဝေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးထိပ်သီးအစည်းအဝေးသို့ တက် ရောက်မည့် ယခုလ ဇူလိုင်လ ၁၆- ၁၉ အကြား ကျင်းပသည့် အဓိပတိ ကောင်စီ နှင့် ဗဟိုအလုပ်အမှုဆောင်ကော် မီတီအစည်းအဝေး က ရွေးချယ် ခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မီတီ ( UPWC) နှင့် NCCT တို့ ရေးဆွဲထား သည့် နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခပ်ရပ်စဲရေးဆိုင်ရာ ဒုတိယ မူကြမ်းတွင် အချက် ၃၃ ချက်ပါ ၀င်သည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger