Latest Movie :
Home » , » ၆ လအတွင်း တိုက်ပွဲများတွင် အစိုးရတပ်မှ ၁၇၀ ကျော်သေ T.N.L.A ထုတ်ပြန် ,တိုက်ပွဲသတင်း

၆ လအတွင်း တိုက်ပွဲများတွင် အစိုးရတပ်မှ ၁၇၀ ကျော်သေ T.N.L.A ထုတ်ပြန် ,တိုက်ပွဲသတင်း

{[['']]}

၆ လအတွင်း တိုက်ပွဲများတွင် အစိုးရတပ်မှ ၁၇၀ ကျော်သေ T.N.L.A ထုတ်ပြန်

 (rating: 0 | 0 votes | 0 views)


၆ လအတွင်း တိုက်ပွဲများတွင် အစိုးရတပ်မှ ၁၇၀ ကျော်သေ T.N.L.A ထုတ်ပြန်
သျှမ်းသံတော်ဆင့်
ဂျူလိုင်လ ၁၈ ရက် ၂၀၁၄

၂၀၁၄ ၏ ၆ လတာကာလအတွင်း တအာန်း (ပလောင်) တပ်မတော် T.N.L.A နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အစိုးရဘက်မှ စစ်ကြောင်းမှူး အရာရှိများ အပါအဝင် ၁၇၀ ကျော် သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု T.N.L.A ဗဟိုကော်မတီ ၆ လပတ်အစည်းအဝေးမှ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပါသည်။
အဆိုပါကြေငြာချက်တွင် အချက် ၅ ချက် ပါရှိပါသည်။
တအာန်းတပ်မတော်အခြေစိုက်လှုပ်ရှားရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွါးခဲ့မှုများတွင် မြန်မာ့တပ်မတော်ဘက်မှ ၁၇၈ ဦးသေဆုံးပြီး တအာန်း တပ်မတော်မှ ကျဆုံးဒဏ်ရာရ ၂၀ ကျော်ရှိကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။
အဆိုပါဒေသတွင် အားဖြည့်လှုပ်ရှားကာ တအာန်းတပ်မတော်နှင့်တိုက်ပွဲဖြစ်ပွါးသော အစိုးရ တပ်မ တော်မှာ စကခ (၁)၊ စကခ(၁၆)၊ ကွတ်ခိုင်- ဒစက၊ လောက်ကိုင်- ဒစက လက်အောက်ခံ တပ်ရင်းများ အပြင် (၁၁)၊ (၅၅)၊ (၇၇)၊ (၈၈)၊ (၉၉) အစရှိ တပ်မများ၏လက်အောက်ခံတပ်ရင်းများ စုစုပေါင်း တပ်ရင်း (၆၀) ကျော် ရှိသည်ဟု လည်းဆိုပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A ၏ ၆ လပတ်အစည်းအဝေးကို တပ်ဦး၏ ဗဟိုဌာနချုပ်ရုံးတွင် ဂျူလိုင်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပါသည်။ ဗဟိုကော်မတီဝင်များ အရာရှိကေဒါတပ်သားနှင့်ဖိတ်ကြားထားသူများ ၄၀ နီးပါးတက်ရောက်ပြီး နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်း ဌာနများ၊ စစ်ဦးစီးတပ်ရင်းတပ်ဖွဲ့များ ပြင်ဆင်တိုးချဲ့ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ဆွေးနွေး နိုင်ခဲ့သည်ဟုသိရပါသည်။
တအာန်းအမျိုးသားတပ်မတော်သည် အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အစိုးရနှင့်အလွတ်သဘော အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက်တစုံတရာ မရရှိသေးပေ။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger