Latest Movie :
Home » » လက်ပံတောင်းတွင် ရဲနှင့် ဒေသခံ အပြန်အလှန်ပစ်ခတ်ကာ နှစ်ဖက်ဒဏ်ရာများရရှိ

လက်ပံတောင်းတွင် ရဲနှင့် ဒေသခံ အပြန်အလှန်ပစ်ခတ်ကာ နှစ်ဖက်ဒဏ်ရာများရရှိ

{[['']]}

Description: လက်ပံတောင်းတွင် ရဲနှင့် ဒေသခံ အပြန်အလှန်ပစ်ခတ်ကာ နှစ်ဖက်ဒဏ်ရာများရရှိ
 
Saturday, 26 July 2014
မဇ္ဈိမ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်တွင် ဒေသခံတောင်သူများက စီမံကိန်းဧရိယာအတွင်း နွားဝင်ကျောင်းရာမှ ဇူလိုင် ၂၆ရက် ညနေက လုံခြုံရေးရဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိခဲ့သည်ဟု နှစ်ဖက်လုံးက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုကြောင့် ရဲ ၁၁ဦးကို ညနေ ၅နာရီ မိနစ် ၂၀ခန့်တွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရန် ပို့ဆောင်ထားပြီး ဒေသခံများမှာလည်း သေနတ်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်ပွားပုံမှာ မိုးကြိုးပြင်ကျေးရွာမှ တောင်သူများက နွားကျောင်းရန် နေရာ အခက်အခဲရှိ၍ စီမံကိန်း ဧရိယာအတွင်း သံဆူးကြိုးများကို ဖောက်ဖျက်ကာ ဇူလိုင်လ ၂၆ရက် နေ့လည် ၁နာရီက နွားကျောင်းခဲ့၍ ရဲများက တားရာမှ ညနေ ၃နာရီကျော်မှစကာ နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့သည်။ ဒေသခံများက လောက်လေးဂွများဖြင့် ပစ်ပြီး ရဲများက
သေနတ် နှစ်ချက် ဖောက်ခဲ့သည်ဟုလည်း ဆိုသည်။

=========

တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော်နှင့် တအာင်း တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

၂၆ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့် ပန်းခါးကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၁၇း၀၀ နာရီ အချိန်မှ ယခုသတင်းရေးချိန် အထိ မြန်မာ့တပ်မတော် နှင့် တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၀၁) နှင့် တပ်ရင်း (၁၁၂) တို့ နှစ်ဘက် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွါးလျှက်ရှိသည်။

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။
တအာင်းဒေသတွင် ဇူလိုင်လ(၁၉/၂၀) ရက်နေ့ နောက်ပိုင်း တအာင်းဒေသတို့ တပ်အင်အား လက်နက် ခဲယမ်းရိက္ခာ ဆက်တိုက်ဖြည့်တင်း လျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger