Latest Movie :
Home » » ဘန်ကောက်မှာ လက်နက်ခဲယမ်းတွေနဲ့ လူသေ တလောင်းတွေ့

ဘန်ကောက်မှာ လက်နက်ခဲယမ်းတွေနဲ့ လူသေ တလောင်းတွေ့

{[['']]}

ဘန်ကောက်မှာ လက်နက်ခဲယမ်းတွေနဲ့ လူသေ တလောင်းတွေ့

Thursday, June 5, 2014 

    ထိုင်း နိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသမားတွေ စုဝေးရာ အရပ်တခုဖြစ်တဲ့ အစိုးရ အိမ်တော် အနီး က 
ရေ မြောင်းထဲမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ လူသေအလောင်းတခုပါ ထိုင်းစစ်တပ်က ဇွန်လ ၄ ရက်
နေ့ နေ့လယ်ပိုင်းက သိမ်းဆည်းရမိပါတယ်။ 


အဲဒီနေရာဟာ အရင်က အစိုးရဆန့်ကျင်ရေး PDRC တွေ သိမ်းပိုက်ဖို့ လုပ်ခဲ့ကြတဲ့နေရာလည်းဖြစ်တယ်လို့ဘန်ကောက်ပို့စ်သတင်းတခုက ဆိုပါတယ်။ 

ထိုင်း နိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသား ပြည်သူ ကွန်ရက် NSPRT အဖွဲ့က ဆန္ဒပြ စင်မြင့် လုပ်ခဲ့ဖူးတဲ့ တံတားတခု အောက် ကနေ အခုလို ကျည်ဆံတွေ၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ တာ
ဲဖြစ် ပြီး မြေသြဇာ အိတ်တွေ၊ မိုးကာဖျင်စတွေ ပတ်ထုတ်ထားပြီး သဲအိပ်နဲ့ ဆွဲထားတဲ့ လူသေအလောင်း တခုကိုပါ တွေ့ခဲ့တာပါ။ 



လူသေလောင်းကတော့ အစိုးရဆန့်ကျင်ရေးဆန္ဒပြအဖွဲ့က ဖြစ်ပုံမရဘူးလို့တော့ ရဲအရာရှိက ပြော ထားပါတယ်။ စုံစမ်း စစ်ဆေးမှုတွေလည်း ဆက်လုပ်နေတယ်လို့ သိရပါတယ်။ 

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger