Latest Movie :
Home » » နမ်းခမ်းမြို့နယ် မန်ပူးရွာ တအန်းတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပြွဲ

နမ်းခမ်းမြို့နယ် မန်ပူးရွာ တအန်းတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပြွဲ

{[['']]}

Description: နမ်းခမ်းမြို့နယ် မန်ပူးရွာ တအန်းတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်စဉ်အကျဉ်း

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

လွန်ခဲ့သည် ၁၇ ရက်နေ့ကတည်းကပင် တအန်းတပ်မတော် တပ်မဟာ (၁)သည် နမ်းခမ်းမန်ပူးရွာသို့ ရောက်ရှိပြီးလူထုစည်းရုံးရေး၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ကျေးရွာလူထုများနှင့်တွေ့ဆုံရန်စီစဉ်ထား သည်။

သို့သော် ရွာသားအများစုမှာ တောင်ယာ လယ်ယာ မီးသွေးဖုတ်စသည့် လုပ်ငန်းဂွင်တွင် ရောက်ရှိ နေကြ သည့်အတွက် ရွာသားများစုံလင်အောင် စုစည်းလှုံ့ဆော်စောင့်ရင်း ရွာတွင် ယာယီအခြေချထားနေခိုက် ယမန်နေ့ညတွင် မြန်မာစစ်တပ်သည် မိုင်းဝီးလမ်းကြောင်းမှ တက်လာပြီး ပစ်ခတ်တိုက်ခဲ့သည်။

မန်ပူးရွာတွင် (၁၆) နာရီအတွင်း တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး တအန်းတပ်မတော်မှ ရွာသားများ မထိခိုက်စေလိုသည့်အတွက် တိုက်ပွဲဖြစ်ရာနေမှ ညနေနှောင်းပိုင်းတွင် ထွက်ခွာခဲ့ကြသည်။

မြန်မာစစ်တပ်များမှာ မန်းပူးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိ တည်းခိုကြပြီး တစ်ရွာလုံးမှာ လူမရှိတော့ သလောက် တိတ်ဆိတ်လျက်ရှိသည့် အတွက် မြန်မာစစ်တပ်များသည် လူနေအိမ်တံခါးများကို ရိုက်ချိုးပြီး အိမ်ထဲသို့ ၀င်ရောက်မွှေနှောက်နေကြသည်။

ရွာသားအများစုမှာ တောထဲတွင် ပုန်းအောင်းရှောင်နေကြပြီး လူဦးရေ ၁၀၀ ကျော်ခန့်နှင့် ရွာရှိ ဘုန်းတော်ကြီးများမှာ မန်စပ်ကျေးရွာသို့ သွားရောက်ခိုလှုံကြသည်။

တိုက်ပွဲအတွင်း လူနေအိမ် ၅ လုံး ပျက်စီးပြီး အိမ်ရှင်မိသားစုဝင် ၁ ဦးသေဆုံးကာ ကျန် ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိကာ အခြားကလေးငယ် ၅ ဦးကျော်လည်း လက်နက်ကြီးကျည်စများ မှန်ပြီး ဒဏ်ရာအသီးသီးရကြသည်။ လက်နက်ကြီးကြောင့် လူ ၁ ဦးအပြင် ကျွဲ ၂ ကောင်လည်း သေဆုံးသွားသည်ဟု သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

နမ်းခမ်းမြို့နယ် မန်ပူးရွာ တအန်းတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်စဉ်အကျဉ်း

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger