{[['
']]}
']]}
ချစ်သမီးသို့  (ပဒိုမန်းရှာလန်းဖန်း အမှတ်တရ)
ဖေဖေါ်ဝါရိ ၁၄ ရက်နေ့ မှာ လုပ်ကြံခံလိုက်ရတဲ့ ကျနော်တို့  အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ ကို ဂုဏ်ပြုသောအားဖြင့် သူရေးသားခဲ့သော သူ၏ ဂန္တ္လ၀င်မြောက် ကဗျာ တပုဒ်ကို တင်ပေးလိုက်ပါတယ်။
ချစ်သမီးသို့
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။
ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊
သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး-----။
ရေဆန်(ဗဒိုမန်းရှာလာဖန်း)
Post a Comment