Latest Movie :
Home » , » အစိုးရတပ်က လိုင်ဇာမြို့ကို သိမ်းပိုက်ရင် KIO က ခုခံမယ်,သတင်း - RFA

အစိုးရတပ်က လိုင်ဇာမြို့ကို သိမ်းပိုက်ရင် KIO က ခုခံမယ်,သတင်း - RFA

{[['']]}

အစိုးရတပ်က လိုင်ဇာမြို့ကို သိမ်းပိုက်ရင် KIO က ခုခံမယ်

လိုင်ဇာကို တကယ်တိုက်ရင်တော့ ဒီတိုင်းပြည်ကို ဗမာလူမိုက်ကြီးတွေ ကြီးစိုးနေဆဲပဲလို့ ပြောရပါမည်။ အင်အားအဆမတန်သုံးလျှင် ခင်ဗျားတို့ မြေကြီးကို ရချင်ရမည်။ တာပေမယ့် ခင်ဗျားတို့ ပေးဆပ်ရမယ့် အသက်ပေါင်းများစွာတွေ ထက်တန်ဖိုးကြီးတဲ့အရာက ကချင်အမျိုးသားတို့ ၏ ထ၀ရ အမုန်းတရားကို ကမ္ဘာမကြေပြန်လည်ရရှိမည်ဆိုတာ ဗမာအမျိုးသားတို့ ကို စေတနာနဲ့ သတိပေးလိုပါတယ်။ ဒီနေရာမှာ စစ်တပ်လုပ်တာ ငါတို့ တခြားဗမာတွေနဲ့ မဆိုင်ဘူးလို့ ပြော၍ မရပါ။ ယနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အဓိက ပြသနာဟာ တိုင်းရင်းသား လူမျိုးစု ပြသနာဆိုတာ မကြာမည်ပိုပြီးပေါ်လွင်လာပါမည်။

ဓါတ်ပုံဖိုင်-Peacerunning
သတင်း - RFA

ကချင်မြေကို ကာကွယ်မယ့် ကချင်မျိုးချစ်သူရဲကောင်းများပုံ

မြန်မာအစိုးရတပ်ဖွဲ့တွေက လာမယ့်ပွင့်လင်းရာသီမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို သိမ်းပိုက်ဖို့ လျှို့ဝှက်စီမံချက် ရှိတယ်ဆိုတဲ့ သတင်း ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ကေအိုင်အေဘက်က အတည်မပြုပေမယ့် ခုခံစစ်အနေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်က အပစ်အခတ်ရပ်ဖို့ တပ်တွင်းညွှန်ကြားချက် ထုတ်ပြန်ထားပေမယ့် လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေအရ မြန်မာစစပ်တပ်က ကေအိုင်အေကို ချေမှုန်းဖို့ ရည်မှန်းထားတာ ထင်ရှားတယ်လို့ ဦးလနန်က ပြောပါတယ်။

တစ်ဘက်မှာလည်း အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ကေအိုင်အေအနေနဲ့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ကေအိုင်အေတပ်စခန်းတွေရှိတဲ့ လွဲဂျာရမ်းမှာ နှစ်ဘက်တိုက်ပွဲအခြေအနေတွေ ပြင်းထန်နေပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ပိုမိုများပြားလာတယ်လို့ ဦးလနန်က ပြောသွားပါတယ်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger