Latest Movie :
Home » » မငိုပါနဲ့ ဧရာဝတီ
မငိုပါနဲ့ ဧရာဝတီ
{[['']]}
မငိုပါနဲ့ ဧရာဝတီ
၁။ မေလရောက်လျှင် အံ့လောက်ဖွယ်ပင်
    ကချင်တောင်တန်း လျှိုမြောင်စမ်းသို့
    ဖြတ်သန်းတိုက်လာ ရှေ့“ပြုဗ္ဗာ” မှ
    လေလာမိုးရွာ သိမ့်သိမ့်ခါ၍
    ရာသီအစ မိုးဦးလ။   ။
၂။ မိုးရာသီတွင် ကချင်နယ်တွင်း
    လေ့လာရင်းဖြင့် “မြစ်ဆုံ” ရောက်ခိုက်
    လမ်းကြုံခိုက်တွင် ရေ၌ဆင်းခါ
    သန့်စင်ပါသည် - ယာမှာ “မေခ”
    စိတ်လက်ကြည်သည် မြန်ပြည်ဌာန
    ချမ်းမြေ့စွ။   ။
၃။ ယခုအခါ သိရပါသည်
    မြစ်ဆုံဝန်းကျင် နယ်တခွင်၌
    “တရုတ်တရက်” လက်ချင်းဆက်လျက်
    ပေါင်းဖက်ကျိုးတူ ဓာတ်အားယူရန်
    မိုးယံထိရောက် ဆည်ကိုဆောက်မတဲ့။    ။
၎။ အကယ်၍သာ
    မိုးယံအရောက် ဆည်တည်ဆောက်လျှင်
    ကချင်ပြည်နယ် အသွယ်သွယ်တွင်
    ပါဝင် “မြစ်ဆုံ” အဖုံဖုံ၌
    မိုးကုန်ရေရှား သတ္တ၀ါများပင်
    ကြက်စားရာမရှိ အတိဒုက္ခါ
    အဖြာဖြာတွင် “ဧရာ” လည်းသိ
    “မြစ်ကျဉ်း” ရှိရာ ၀ဲရာနှစ်ဘက်
    ပတ်ကြားအက်နှင့် ထိုးနှက်တူးဆွ
    ရွှေစရှာသူ သစ်ခုတ်သူနှင့်
    ဖုတ်ယူအုတ်များ ရှာဖွေစားစဉ်
    ကမ်းပါးပျက်ပြို နဂိုမရှိ
    ခန်းခြောက်ဘိကို သင်သိငါသိ
    အားလုံးသိကြ မငိုပါနဲ့ ဧရာဝတီ။    ။
Share this article :
Post a Comment
Contact online
တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger