Latest Movie :
Home » » ရိုဟင်ဂျာ ဒုက္ခသည် များ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အကူအညီ ကို တောင်းခံ

ရိုဟင်ဂျာ ဒုက္ခသည် များ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အကူအညီ ကို တောင်းခံ

{[['']]}

ရိုဟင်ဂျာ ဒုက္ခသည် များ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အကူအညီ ကို တောင်းခံ

“ကျွန်တော့်မိဘများအပါအ၀င် ရိုဟင်ဂျာများဟာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲမဲအနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက်မဲဆွယ်စည်းရုံးပေးခဲ့ကြပေမဲ့ အခုတော့ သူမက ကျွန်တော်တို့အတွက်ဘာမှလုပ်မပေးခဲ့သလို၊ ဘာမှလည်းမပြောဘဲနေ နေပါတယ်”



ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းမှာနေထိုင်ကြသောရိုဟင်ဂျာမွတ်ဆလင်များမှ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့မတရားဖိနှိပ် အနိုင်ကျင့်ခံရမှုများအဆုံးသတ်နိုင်ရေးအတွက် တစုံတရာ ပြောဆိုဆောင်ရွက်ပေးရန် ဗုဒ္ဓဟူးနေ့ကတောင်းဆိုလိုက်ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ထိစပ်လျက်ရှိပြီး ခန့်မှန်းခြေ ရိုဟင်ဂျာဒုက္ခသည်များ ၃ သိန်းခန့်နေထိုင်လျက်ရှိပါသည်။


ထိုအရေအတွက်မှာ UN မှကူညီထောက်ပံ့ထားသော စခန်းအတွင်းနေထိုင်သူများ၏ ဆယ်ဆခန့်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း ၅ ရက်ကြာဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့်ရိုဟင်ဂျာမွတ်ဆလင် အဓိကရုဏ်းတွင် လူ ၂၅ ဦးခန့်သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြန်မာအာဏာပိုင်များက AFP သတင်းဌာနကို အင်္ဂါနေ့ကပြောကြားခဲ့ပါသည်။
“ကုလသမဂ၊ နိုင်ငံတကာအစိုးရများနဲ့ မြန်မာအစိုးရအပြင် အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုတောင်းဆိုချင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်စပ် တာက်နာ့မြို့နာယာပါရာစခန်းမှာနေထိုင်တဲ့ ဒုက္ခသည်ခေါင်းဆောင် မိုဟာမက်အစ္စလာမ် က AFP သတင်းဌာနကိုပြောခဲ့ပါတယ်။ “ကျွန်တော့်မိဘများအပါအ၀င် ရိုဟင်ဂျာများဟာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲမဲအနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက်မဲဆွယ်စည်းရုံးပေးခဲ့ကြပေမဲ့ အခုတော့ သူမက ကျွန်တော်တို့အတွက်ဘာမှလုပ်မပေးခဲ့သလို၊ ဘာမှလည်းမပြောဘဲနေ နေပါတယ်။ အခြားသော ဗမာတွေလိုဘဲ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သူမနှုတ်ပိတ်တိတ်ဆိတ်နေပါတယ်” ဟုထပ်ပြောခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း သူမ၏ပထမဆုံးပြည်ပခရီးစဉ်အတွင်း ထိုင်း မြန်မာနယ်စပ်ရှိမြန်မာဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ပါသည်။ သူမအနေဖြင့် ဒုက္ခသည်များပြည်တော်ပြန်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကျိုးပမ်းသွားမည်ဖြစ်ပြီး၊ ၄င်းတို့အားမေ့ထားမည်မဟုတ်ကြောင်းကတိပြုပြောဆိုခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြားသောမြန်မာဒုက္ခသည်များအရေးကို မီးမောင်းထိုးပြောဆိုနေသော်လည်း ရိုဟင်ဂျာများအတွက်မူ မျှော်လင့်ချက်စကားလေးတခွန်းမျှပင်ပြောဖော်မရကြောင်း ကိုအစ္စလာမ်က ပြောကြားခဲ့ပါသည်။ “အစိုးရနဲ့ဒေါ်အောင်စုကြည်အကြားဆက်ဆံရေးကောင်းမွန် တိုးတက်လာပြီး နိုင်ငံမှာပြောင်းလဲမှုတွေဖြစ်လာတယ်လို့ ကြားနေရပေမဲ့ ကျနော်တို့ရိုဟင်ဂျာများအတွက်တော့ဘာမှ မပြောင်းလဲလာပါဘူး” ဟု ကိုအစ္စလာမ်ကပြောဆိုပါသည်။ 
မြန်မာအစိုးရနှင့် များစွာသောမြန်မာတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ တိုင်းရင်းသားဘာသာစကားတခုနှင့်ဆင်တူသော ဘင်္ဂါလီစကားပြော ရိုဟင်ဂျာများအား နိုင်ငံခြားသားများအဖြစ် နှစ်ကာလကြာရှည်စွာကတည်းက သဘောထားဆက်ဆံနေခဲ့ပါသည်။ ယင်းသို့ခွဲခြားဆက်ဆံမှုကြောင့် ရခိုင်ဗုဒ္ဓဘာသာနှင့်ရိုဟင်ဂျာမွတ်ဆလင်များအကြား စိတ်ဝမ်းကွဲပြားစေခဲ့ပါသည်။ ကိုအစ္စလာမ်မှ ရခိုင်ပြည်နယ်အတွင်း ရိုဟင်များအားပစ်မှတ်ထား ဖြစ်ပွားနေသော အဓိကရုဏ်းသတင်းများကို စခန်းတွင်းတွင်ပိတ်ပင်အမှောင်ချထားနေသည် ဟုဆိုပါသည်။



၎င်းမှ ဗုဒ္ဓဘာသာနှင့် မြန်မာအာဏာပိုင်များက မောင်းတောမြို့တောင်ပိုင်းရှိ မေဒါပါရာကျေးရွာ ပလီကျောင်းအားစီးနင်းခဲ့ရာ လူအမြောက်အမြားသေဆုံးခဲ့ရသည် ဟုဆိုပါသည်။ စစ်တွေတွင် လူများစွာအား ရုပ်ရှင်ရုံထဲလှောင်ပိတ်ပြီး မီးရှို့ခဲ့သည်ဟုလည်း ၄င်းမှဆက်လက် ပြောဆိုသွားပါသည်။ ဤလုပ်ရပ်များအားလုံးသည် မြန်မာပြည်မှ ရိုဟင်ဂျာများ ဆိတ်သုဉ်းသွားစေရန်အတွက် အစီအစဉ်ရှိရှိ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လုံခြုံရေးတပ်သားများက ရခိုင်များနှင့်အတူသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည် ဟု၎င်းကပြောဆိုခဲ့ပါသည်။
၎င်းစွပ်စွဲပြောဆိုချက်များကို AFP သတင်းဌာနမှသီးခြားအတည်ပြုချက် မရယူနိုင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှစ၍ နိုင်ငံတကာမှ သူမအား အာရုံစိုက်စေခဲ့သော နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့သည့် လွန်ခဲ့သောရာစုနှစ် နှစ်ခုအတွင်း သူမ၏ပထမဦးဆုံးသော ဥရောပခရီးစဉ်အတွက် ဗုဒ္ဓဟူးနေ့က ခရီးထွက်ခွါသွားပြီဖြစ်သည်။ သူမ၏လေယာဉ် ရန်ကုန်လေဆိပ်မှ မထွက်ခွါမှီတွင် သတင်းထောက်များအား “သူမအနေဖြင့်ပြည်သူများအတွက်အကောင်းဆုံးလုပ်ဆောင်သွားလိုသောဆန္ဒရှိကြောင်း” ပြောကြားသွားခဲ့ပါသည်။

င်္Freedom News Group ၏ June 14, 2012 နေ့မှ အင်္ဂလိပ်ဘာသာသတင်းအား ရဲရဲတွေး မှ မြန်မာလိုဆီလျော်အောင်ပြန်ဆိုထားပါသည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger