Latest Movie :
Home » » သို့ ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပုသိမ်မြို့

သို့ ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပုသိမ်မြို့

{[['']]}

Description: သို့ 

ဝန်ကြီးချုပ် 
ဧရာဝတီတိုင်းဒေသကြီး 
အစိုးရအဖွဲ့ ပုသိမ်မြို့ 

နေ့စွဲ 28.7 2014 

အကြောင်းအရာ ။    ။ ကျေးရွာ အုပ်ချုပ်ရေးမှုးမှ စာကျက် လယ်မြေ၁၅ဧကကို သိမ်းယူပြီး တိုင်းအစိုးရ အဖွဲ့မှ ဆုံးဖြတ်သည့်အတိုင်း အမက ကျောင်းသို့ မပေး ။ လယ်သမားကိုလည်း မပေးပဲ ၎င်း၏ မယား ညီအကိုတော်သူကို ပေးသည့်ကိစ္စ ။ 

ကန်ကြီးထောင့်မြို့နယ် ဘုရားချောင်းအုပ်စု ကျွဲတလင်းကွင်းရှိ ကျွဲ နွားများ စားသောက်သည့် စာကျက်မြေများကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း သက်သာ လယ်မြေ အဖြစ် ဖေါ်ထုတ်ပြီး ထိုလယ်တွင် လုပ်ကိုင်လိုသူများကို သီးစားခဖြင့် ငှါးထား ပါသည် ။ ဘုရာချောင်း အုပ်စုတွင် ရယက ဥက္ကဌ ဦးစိုးမြင့် တက်သောအခါ မြို့နယ်စိုက်ပျိုးရေးသို့ စာကျက် လယ်လုပ်သူများမှ သီးစားခ ပေးရန် မလိုဟု ပြောသဖြင့် သီးစားခ မပေးရတော့ ပါ ။ 

ထိုကြောင့် ဦးစိုးမြင့်သည်လည်း ရယက ဥက္ကဌ တာဝန်မှ ထုတ်ပယ် ခံရပါသည်။ ထို စာကျက်မြေတွင် လုပ်ကိုင်သော ဦး ဝင်းနိုင် ၊ ဦးစိန်ဝင်း ၊ ဦး မြင့်စန်း ၊ ဦး တင်မြင့် တို့အား တိုင်း စုံစမ်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ဖြစ်သော စိုက်ပျိုးရေးဌာန ဝန်ထမ်း သက်သာ ချောင်ချိရေး လယ် ဖြစ်ကြောင်း ။ 

ထို စာကျက် လယ်မြေကို လယ်လုပ်သူများ မှ ဆက်လက် မလုပ်ရန် ၁၆ ၊ ၂ ၊ ၂၀၁၂ နေ့တွင် ပုသိမ်ခရိုင် ရုံးတွင် လက်မှတ် ထိုးရ ပါသည် ။ စိုက်ပျိုးရေးဌာနမှလည်း ထို စာကျက် လယ်ဧက ၃၀ကို ဘုရားချောင်း အုပ်စု ရေကျော်ကုန်း အမကကျောင်း ၁၅သို့ ၁၅ ၊ ၆ ၊ ၁၂ နေ့တွင် ပြန်လည် လှူဒါန်း ပါသည် ။ ထို စာကျက်လယ်ကို လုပ်ကိုင်ရန် ကျောင်း ကော်မတီများမှ စီစဉ် ဆောင်ရွက် သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့် တားသဖြင့် မလုပ် ရပါ ။ 

ထို အချိန်တွင် ဦးစိုးမြင့်မှာ အုပ်ချုပ်ရေးမှုး အဖြစ် အရွေးခံ ရသောအခါ ထို စာကျက် လယ်မြေများကို လယ်လုပ်သူ လယ်သမားကိုလည်း မပေး ။ အမကကျောင်းသို့လည်း မပေးပဲ ၎င်း၏ မယား ညီအကို တော်သူ ဦး တင်မြင့်အား လယ်လုပ် စေပါသည် ။ ထိုကြောင့် အထက် လူကြီးများက ဥပဒေနှင့် အညီ ဖြစ်အောင် ဆောင်ရွက် ပေးပါရန် တင်ပြ အပ်ပါသည် ။ 

အမည် ဦးဝင်းနိုင် ( ၁၄/ပသရနိုင် ၀၀၃၃၄၆ )

မြဝတီ လမ်းဆုံ ။ ဒါးကမြို့ ။ 
ကန်ကြီးထောင့် မြို့နယ် 
ဖုန်း - ၀၉၂၅၀၄၄၃၃၅၇

BY - Chit Ko Gyi

သို့

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger