{[['
']]}
']]}
အန်စီစီတီ အစည်းအဝေး ၂ ရက်အတွင်း
တပ်ပိုင်း ဆိုင်ရာနှင့် အပစ်ရပ် ခိုင်မာစေမည့် ဆွေးနွေးမှု ပြီးစီး
27 July 2014
DVB
DVB
တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့
(အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ်
လိုင်ဇာမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဒုတိယရက်အဖြစ် ကျင်းပခဲ့ပြီး အခန်း ၄ အထိ
ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က ပထမနေ့
အစည်းအဝေးမှာတော့ နိဒါန်းနဲ့ အခန်း ၁ အခြေခံမူဝါဒ ဝေါဟာရအသုံးပြုမူ အပိုင်းကို
အပြီးသတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့မှာတော့ အခန်း ၂၊ ၃၊ ၄ မှာ ပါဝင်တဲ့ အချက်တွေကို
ဆက်လက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေးကြီးမှာတော့ တနိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးနေတာလည်း
ဖြစ်ပါတယ်။
အန်စီစီတီ အကြံပေး
ဒေါက်တာဆလိုင်းလျာမူန်းဆာခေါင်းကတော့ ဒီဆွေးနွေးပွဲမှာ တပ်ပိုင်း
ဆိုင်ရာအခန်းဖြစ်တဲ့ အခန်း ၃ အပါအ၀င် အပတ်အခတ်ရပ်ရေးခိုင်မာစေတဲ့ အခန်း ၄ ပါ
ပြီးစီး ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
“အခန်း ၄ အထိ ပြီးသွားတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဇူလိုင်လ ၂၅ ရက်နေ့က အခြေခံမူတွေ ပြီးပါးသွားတယ်။ ဒါက
အင်မတန် အရေးကြီးတဲ့ အခန်းဖြစ်တယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရည်ရွယ်ချက်တွေလည်း
ပြီးသွားတယ်။ တပ်ဘက်ဆိုင်ရာ ကိစ္စ အခန်း ၃ လည်း ပြီးသွားတယ်။ အပစ်အခတ်ရပ်စဲရေး
ဆိုင်ရာ ကိစ္စအားလုံးက အခန်း ၃ မှာ ပါတယ်လေ။ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့်
အခန်း ၄ ကိုလည်း ပြီးသွားတယ်။ အခန်း ၃ ရော အခန်း ၄ ရော ပြီးသွားတော့
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ အားလုံးပြီးသွားသလောက်
ဖြစ်တယ်။”
အန်စီစီတီ အဖွဲ့ဝင် ခွန်ဥက္ကာကတော့
အခန်း၃၊ အခန်း ၄ မှာပါတဲ့ စစ်ဖက်ဆိုင်ရာအပိုင်းတွေနဲ့ တပ်ပိုင်းဆိုင်ရာအချက်တွေကို
တာဝန်ရှိသူတွေက ကြီးကြီးကျယ်ကျယ် အငြင်းမပွားခဲ့ပဲ ဆွေးနွေး နိုင်ခဲ့တယ်လို့
အခုလိုပြောပါတယ်။
“ဒီနေ့ အခန်း ၃ နဲ့ အခန်း ၄ ကတော့
စစ်ဘက်ဆိုင်ရာအပိုင်းဖြစ်သွားတော့ စစ်ဘက်ဆိုင်ရာ တာဝန်ကျတဲ့ အဖွဲ့ဝင်တွေကို
ခေါ်ပြီးတော့ ရှင်းလင်းတာပေါ့။ အများအားဖြင့်တော့ တပ်ပိုင်းဆိုင်ရာ ပုဒ်မတွေ၊
တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်တွေကတော့ ကြီးကြီးကျယ်ကျယ် အငြင်းပွားတာတော့
မရှိဘူး။ ဒီစာချုပ်ပါတဲ့တိုင်းလည်း လိုက်နာမယ် ဒီထက်ပိုပြီး ထူးခြားမှု ရှိရင် ၂
ဖွဲ့ချင်းလည်း လုပ်နိုင်တယ်။ ဒီကနေ့တော့ အခန်း ၄ အထိ ပြီးတယ်လို့
ပြောနိုင်တာပေါ့။”
အခုကျင်းပနေတဲ့တဲ့ အစည်းအဝေးကို
အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀
လောက် တက်ရောက်ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့
(အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို မနက်ဖြန်တစ်ရက်နားပြီး လာမယ့် ဇူလိုင် ၂၈
ရက်နေ့မှာ ကျန်နေတဲ့ အခန်း ၃ ခန်းကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
မနှစ်နှစ်ကုန်ပိုင်းက
လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီး ကနေ
တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို
ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း
ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။
========
လက်ပန်းတောင်းအရေး မငြိမ်းချမ်း သေး
27.07.2014
VOA
VOA
စစ်ကို်င်းတိုင်း ယင်းမာပင်ခရိုင်
ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းကို
စောင့်ကြပ်နေတဲ့ရဲတွေနဲ့ သူတို့ပိုင် လယ်ယာတွေမှာ ထွန်ယက်စိုက်ပျိုးဖို့
ကြိုးစားကြတဲ့ တောင်သူတွေကြား စနေနေ့က ထိပ်တိုက်ရင်ဆိုင်မူဖြစ်ခဲ့ရသလို
ဒီကနေ့တော့ ဒေသခံတွေဘက်က သူတို့ရဲ့ လယ်မြေတွေမှာ လုပ်ကိုင် စားသောက်ခွင့်ပြုဖို့
ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်
ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်
ဆားလင်းကြီး မြို့နယ်မှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက်
သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေကြားမှာ
တင်းမာမှုတွေက အကြိမ်ကြိမ်ဖြစ်လာခဲ့တာပါ။ ဇူလိုင်လ ၂၆ ရက်နေ့ကတော့ စီမံကိန်းအတွက်
ခြံစည်းရိုးခတ်ပြီး သိမ်းထားတဲ့ နေရာတွေမှာ တောင်သူတွေဘက်က ထွန်ယက်စိုက်ပျိုးဖို့
ကြိုးစားတာ၊ နွားကျောင်းတာတွေ လုပ်ခဲ့တဲ့အတွက် စီမံကိန်းတာဝန်ယူထားတဲ့ ရဲတွေနဲ့
ဒေသခံ တောင်သူတွေကြား ပစ်ခတ်မှုဖြစ်ရတဲ့အထိ အခြေအနေ တင်းမာခဲ့ကြောင်း ဇီးတောရွာ၊
စမ်းမြဝတီကျောင်းတိုက်က ဆရာတော ဦးအာလောက က မိန့်ပါတယ်။
“ဒီနေ့ နေ့လည်ပိုင်း ဖြစ်တဲ့ဟာကတော့
လိပ်ခွံတောင်မြောက်ဘက်ပေါ့၊ အရှေ့မြောက်ဘက်မှာ ဖြစ်ပါတယ်။ ရဲတွေနဲ့
ထိပ်တိုက်တွေ့ပြီး--- ရဲတွေက ဘတ်ဂွ နဲ့ ပစ်တယ်၊ ရွာသားတွေ ပိတ်မှန်တယ်။ လူထုကလည်း
ဘတ်ဂွနဲ့ ပစ်တယ်ပေါ့ဗျာ။ နောက်သူတို့က သေနတ်အစစ်၊ ကျည်ဆံအစစ်နဲ့ လေးချက်ဖောက်ပြီး
ပစ်တယ်ပေါ့ဗျာ။ ရွာသားနှစ်ယောက်တော့ မှန်တယ်ဗျ။ နှာခေါင်းနားပေါ့နော်၊
နှုတ်ခမ်းနားလည်း တယောက်မှန်တယ်။ မျက်လုံးနားလည်း တစ်ယောက်မှန်တယ်။
မိုးကြိုးပြင်ကပေါ့။ ဘတ်ဂွနဲ့ပစ်တာ၊ လေးဂွပေါ့၊ အဲဒါ မှန်တယ်။ ရဲအင်အားကတော့
အများကြီးပေါ့ဗျာ။ ကားတွေနဲ့ လှည့်ပတ်ပြီးတော့ ချတယ်ပေါ့။ လေးငါး ဆယ်စီးလောက်တော့
ရှိမယ်ထင်တယ်နော်။”
နှစ်ဘက်ပစ်ခတ်မှုတွေကြောင့်
ရဲတပ်ဖွဲ့ဝင်တွေဘက်ကလည်း ဒဏ်ရာရသူတွေ ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့်
မုံရွာရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။
မေး။ ။ မနေ့က လက်ပန်းတောင်မှာ ရဲတွေ
ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ကြားလို့ပါရှင်။ ရဲ ဘယ်နှစ်ဦးလောက်များ ထိခိုက်ဒဏ်ရာ
ရပါသလဲ။
ဖြေ။ ။ အဲဒါတွေကျ ကျနော်တို့က
မသိဘူးဗျ။
မေး။ ။ မုံရွာဆေးရုံကြီးကိုရော
ရောက်တာ ရှိသလားရှင့်။
ဖြေ။ ။ အဲဒါတော့ မသိဘူး အမရဲ့၊
ဇူလိုင်လ ၂၇ ရက်နေ့မှာတော့
ဒေသခံတွေဘက်ကရော ရဲတပ်ဖွဲ့ဝင်တွေဘက်ကပါ အဲဒီ စိုက်ခင်းတွေမှာ
ထိပ်တိုက်ရင်ဆိုင်မှုတွေ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ဒေသခံတွေက သူတို့လယ်တွေကို
ပြန်ပေးဖို့ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။ အခုလို အကြိမ်ကြိမ်
တောင်းဆိုနေပေမယ့် မရခဲ့တဲ့အကြောင်းကိုလည်း ဆရာတော် ဦးအာလောက- က အခုလို
မိန့်ပါတယ်။
“ဒီနေရာမှာ သူတို့က
စိုက်ပျိုးလုပ်ကိုင် စားသောက်၊ စိုက်ပျိုးကျဲချတဲ့နေရာဖြစ်ပါတယ်။ သူတို့က
အတင်းအဓမ္မပေါ့ဗျာ၊ လျော်ကြေး လုံးဝ မယူတဲ့ဟာတွေလည်း ပါတယ်။ အဲဒါတွေကို
ခြံစည်းရိုးခတ်တယ်၊ နွားကျောင်းစားကျက်တို့၊ အခုဟာက မိုးရာသီလည်း ရောက်လာတယ်။
မိုးလေးကလည်း ဒီ လက်ပန်းတောင်းဒေသမှာ ကျနေတယ်။ အဲဒါကြောင့်မို့လို့
ထွန်ယက်ဖို့အတွက် ဆက်ဆံရေးရုံးကို တရားဝင်စာတင်တယ်။ တကြိမ်လည်းမကတော့ဘူး။ လေး ငါး
ခြောက်ကြိမ်ရှိသွားပြီ။ အဲဒါလည်း ဘာမှ သူက ဖြေရှင်းချက် မပေးဘူး။ အဓိက က သူတို့က
ငွေလျော်ကြေးကိုပဲ အတင်းအဓမ္မ ထုတ်ယူခိုင်းနေတယ်။ လူထုက အခုလို ဖျက်ပြီးတော့
နွားကျောင်းကြတယ်ပေါ့။ ဝင်တယ်ပေါ့။ အဲဒါကို အခုလို ရဲနဲ့ ထိပ်တိုက်တွေ့ပြီးတော့
ပြဿနာဖြစ်ပြီးတော့ လူထုမှာ အခုဆိုရင် ကျည်ဆံအစစ်နဲ့တောင် ပစ်ပြီးတော့
ဖြိုခွင်းတယ်။ ဘတ်ဂွနဲ့လည်း မှန်တယ်ပေါ့၊ ရွာသားတွေ။”
ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး
ဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေပြီး
ဒေသခံတွေရဲ့ လယ်မြေတွေကို ဧကပေါင်း ထောင်နဲ့ချီပြီး သိမ်းယူထားတဲ့အတွက် ၂၀၁၂
ခုနှစ်လောက်ကစပြီး ဒေသခံတောင်သူတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့ရာကနေ
မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲရတဲ့အထိ အခြေအနေ တင်းမာခဲ့တာပါ။
ပြီးခဲ့တဲ့ မေလတုန်းကလည်း
ညှိနှိုင်းမှုမပြေမလည်ဖြစ်ခဲ့ပြီး ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီက ကံထရိုက်တာနှစ်ဦးကို
ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံ
ကျေးရွာတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့သလို ဒေသခံတွေကလည်း
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ လက်ပန်းတောင်တောင်
ကြေးနီစီမံကိန်းကိုမြန်မာအစိုးရက ၅၁ %၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီနဲ့
မြန်မာ့ဦးပိုင်လိမိတက်တို့က ၄၉ % အကျိုးခံစားခွင့်စာချုပ် ချုပ်ဆိုထားတာ
ဖြစ်ပါတယ်။
========
ကြေးနီစီမံကိန်းနယ်မြေ ပဋိပက္ခ
ရွာသားများကို အရေးယူမည်
2014-07-27
RFA
RFA
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ
မနေ့က ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး
ဒေသခံ ရွာသားတွေကို အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး
စစ်ကိုင်းတိုင်းနယ်စပ်လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က RFA ကို
ပြောပါတယ်။
"ရွာသားတွေက လေးခွနဲ့
ကျောက်ဒိုးနဲ့ ပစ်တဲ့ အခါကျတော့ ကျောက်ခဲဆိုတော့ နာတာပေါ့နော် ၊ လက်သီးဆုပ်အရွယ်
ကျောက်ခဲတွေက အဲ့ဒီ မှာပေါတဲ့အခါကျတော့ တချို့ဆို ရင် လျှော်ကျောက် လို
ကျောက်ခဲတွေနဲ့ ပစ်တဲ့ အခါကျတော့ခေါင်းတွေဘာတွေကွဲပြီးတော့
သွေးထွက်သံယိုတွေဖြစ်ပြီးတော့ ၂ ချက်ချုပ်ရတဲ့သူတွေနဲ့ နဖူးတည့်တည်
မှန်တဲ့သူတွေနဲ့ လက်နက်တွေဘာတွေပါပြီးတော့ လုပ်တယ်ဆိုတော့ ဒါတရားဥပဒေနဲ့ မညီဘူးလေ၊
ကျနော်တို့ မှတ်တမ်းတင်ထားတယ်၊ အမှုဖွင့်ရမှာပေါ့"
စစ်ကိုင်းတိုင်းဒေသကြီး၊
ဆားလင်းကြီးခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း
မိုးကြိုးပြင်ရွာ နဲ့ ဆည်တဲဇီးတောရွာဟောင်းက ခြံစည်းရိုးခတ်ထားတဲ့အနားမှာ မနေ့က
ဒေသခံ တစ်ရာလောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ရှစ်ဆယ်လောက် စီမံကိန်းနယ်မြေမှာ
ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အဲ့ဒီပဋိပက္ခကြောင့် ဒဏ်ရာရခဲ့တဲ့
လုံခြုံရေးအဖွဲ့ဝင် ဆယ်ဦးလောက်ရှိမယ်လို့လည်း သိရပါတယ်။
နယ်စပ်လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီး ကြည်နိုင်ကို မရတနာဦးက မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီး ကြည်နိုင်နဲ့ ဆက်သွယ်မေးမြန်းချက်
နားထောင်ရန် - http://www.rfa.org/burmese/news/lpt-mountain-village-peoples-lawsuit-07272014085837.html/1017102d102f101c10391019103d1034103810801000102e1038-107e1000100a1039108f102d102f10041039101410321094-100610001039101e103c101a1039103110191038103b10191014103910381001103a10001039/inline.html
========
စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်
ပြန်လာနိုင်ရန် ကျေးရွာ အချို့တွင် မိုင်းရှင်းလင်းရေး စတင် လုပ်ဆောင်
Sunday, 27 July 2014
မဇ္ဈိမ
မဇ္ဈိမ
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ
နေရပ် ပြန်လာနိုင်ရန် အတွက် ကျေးရွာ အချို့တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ
စတင် လုပ်ဆောင် တော့မည် ဖြစ်သည်ဟု ကချင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဒေါ်ဘောက်ဂျာက
ဇူလိုင်လ ၂၇ တွင် မဇ္ဈိမကို ပြောသည်။
"စစ်ဘေးရှောင် ဒုက္ခသည်တွေ
အားလုံးကို နေရာ ပြန်ချထား ပေးမယ် ဆိုရင်တော့ ပြည်ထောင်စု အဆင့်
မိုင်းရှင်းလင်းရေး အဖွဲ့တွေ၊ နိုင်ငံတကာ မိုင်းရှင်းတဲ့ အဖွဲ့အစည်း တွေနဲ့
ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ အခုအဆင့် ကတော့ ကချင် ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့
လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်။ အကုန်လုံး နေရပ် ပြန်နိုင် ဖို့က ငြိမ်းချမ်းရေး အပေါ်
မူတည်နေ လို့ပါပဲ။ လက်ရှိ ကချင်ပြည်နယ်မှာ အခြေနေက အေးချမ်းတယ် ပြောလို့ရ
ပါတယ်" ဟု ၎င်းက ဆိုသည်။
မိုင်းရှင်းလင်းရေး ပထမ အဆင့်
အနေဖြင့် မိုးမောက်မြို့နယ် အတွင်းရှိ စိန်လုံး ကျေးရွာတွင် သြဂုတ်လ ပထမ ပတ်တွင်
လုပ်ဆောင် သွားမည်ဟု သိရသည်။ ထိုကျေးရွာမှ စစ်ဘေး တိမ်းရှောင်ရင်း တရုတ်ပြည်
နယ်စပ်၊ လွယ်ဂျယ်ရှိ KBC ဒုက္ခသည် စခန်းသို့ ရောက်ရှိ နေကြသော ဒုက္ခသည် ၁၅ဝ ကို
နေရပ် ပြန်ပို့ရန် အတွက် နေအိမ်များ ပြန်လည် ဆောက်ပေးရေး လုပ်ငန်းများ ကိုလည်း
ကွင်းဆင်း လုပ်ဆောင် သွားမည်ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။ ဆက်လက်ပြီး ယင်းလုပ်ငန်း
များကို အခြားရွာများ တွင်လည်း လုပ်ဆောင် သွားမည် ဟုဆိုသည်။
စိန်လုံး ဒေသသည် ကချင် ပြည်နယ်ရှိ
နှစ်ခြင်းခရိုင် အသင်းတော် ပထမဆုံး တည်ဆောက်ရာ နေရာ ဖြစ်၍ ဒေသခံ များအား ပြန်လည်
နေရာချထား ပေးမည် ဆိုပါက မိုင်းရှင်းလင်းရေး လုပ်ငန်း များကို စနစ်တကျ
လုပ်ဆောင်သွား သင့်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာ ကပြောသည်။
"နေရပ်ပြန်ပို့ဖို့
မိုင်းရှင်းတယ်ဆိုရင် ရွာအနီးနားတင် မကပဲ ဒေသခံတွေရဲ့ ခြံတွေ၊ စိုက်ခင်းတွေ အထိ
သေသေချာချာ ရှင်းလင်း ဆောင်ရွက်ပေးဖို့ လိုတယ်။ စစ်ပွဲတွေ ဖြစ်တဲ့ ကာလတွေက
ရွာတွေမှာ မိုင်းထောင်တာတွေ ရှိတယ်။ မိုင်းရှင်း ပြီးပြီ ဆိုရင်လည်း အစိုးရက
မြေကွက်တွေကို သိမ်းတာတွေ ရှိတယ် မိုင်းရှင်းထားတဲ့ နေရာတွေကို သိမ်းပြီး ပြန်မပေး
တာတွေ ဖြစ်လာ နိုင်တယ် ဒါတွေ မဖြစ်လာ ဖို့လည်း အစိုးရ အနေနဲ့ လုပ်ဆောင်
ပေးရမယ်" ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်ရှိ စစ်ပွဲများကြောင့်
မြစ်ကြီးနား- ဗန်းမော် ကားလမ်း တစ်လျှောက်ရှိ ကျေးရွာပေါင်း ၂ဝ ကျော်မှာ နေရပ်သို့
မပြန်နိုင် သေးပဲ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ခိုလှုံ နေရသည်။ ၎င်းတို့ကို
လက်ရှိ အချိန်တွင် နေရပ်သို့ ပြန်ပို့ပေး နိုင်မည် မဟုတ်ပဲ အစိုးရနှင့် ကေအိုင်အေ
ငြိမ်းချမ်းရေး ရရှိပြီး၊ ပြည်ထောင်စု အဆင့် အနေဖြင့် မိုင်းရှင်း လင်းရေးနှင့်
ပြန်လည် နေရာချထား ပေးရေးကို လုပ်ဆောင် သွားပြီး မှသာ နေရပ် ပြန်ပို့နိုင်မည်
ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ နယ်စပ်ဒေသနှင့်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိသော နေရာများတွင် မြေမြုပ်မိုင်း
အသုံးပြုမှု ရှိနေပြီး မြေမြုပ်မိုင်း အသုံးပြုမှု အများဆုံး နိုင်ငံများ စာရင်းတွင်
မြန်မာနိုင်ငံ ပါဝင်နေသည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း တားဆီးရေး အဖွဲ့
(International To Campaign Band & Landmines )က ၂ဝ၁၃ ခုနှစ် အတွင်းက ထုတ်ပြန်
ကြေငြာခဲ့သည်။
=======
မြေပြိုမူကြောင့် ကချင်ပြည်နယ်
ဂျာယန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့
27 July 2014
DVB
DVB
မိုးရွာသွန်းမူများပြီး
မြေပြိုမူကြောင့် ကချင်ပြည်နယ် ဂျေရန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို
ပြောင်းရွှေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က
မိုးရွာသွန်းမှုဖြစ်ပြီး မြေပြိုမူကြောင့် ဂျာယန်းဒုက္ခသည်စခန်းက တောင်ခြေနဲ့နီးတဲ့
အိမ်ခြေ ၁၂၃ လုံးကို လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားရတာပါ။
ဂျာယန်း ဒုက္ခသည် စခန်းအတွင်း မြင်တွေ့ရစဉ်
ဂျာယန်း ဒုက္ခသည် စခန်းအတွင်း မြင်တွေ့ရစဉ်
ဂျာယန်း ဒုက္ခသည် စခန်းအတွင်း
မြင်တွေ့ရစဉ်
ဒီမြေပြိုမှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။
ဒီမြေပြိုမှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။
ဂျာယန်းဒုက္ခသည်စခန်း
တာဝန်ခံဦးဇော်ဒွဲက အိမ်ခြေ ၁၀၀ ကျော်ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီးအခုလို
ပြောပြပါတယ်။
“လောလောဆယ် အခက်အခဲဖြစ်တော့
လွန်ခဲ့တဲ့ ၂၂ ရက်နေ့မှာ မိုးရွာ၊ ရေကြီး၊ မြေပြို လူတွေ အသက်ဆုံး လောလောဆယ်တော့
တောင်ခြေနဲ့နီးတဲ့ မိသားစုတွေကို လုံခြုံတဲ့ နေရာမှာ ပြန်ရွှေ့ထားတယ်။
အိမ်ခြေပေါင်း အားလုံး ၁၂၃ လုံး ရှိတယ်။”
ဂျေရန်း ဒုက္ခသည်စခန်းက ကချင်ပြည်နယ်၊
လိုင်ဇာမြို့အနီးမှာ တည်ရှိပြီး၂၀၁၁ ခုနှစ် ဇွန်လ ၂၇
ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နမ့်လုံ၊ နန့်ဆန်ရန်၊ လွယ်မောက်၊ ဒေါ့ဖုန်းရန်၊ စတဲ့ ကျေးရွာပေါင်း ၈၁ ရွာက ဒုက္ခသည်တွေ ခုံလှုံနေတာပါ။ လက်ရှိမှာတော့ အိမ်ခြေ ၁၆၇၀ နဲ့ လူဦးရေ ၈၀၀၀ ကျော်ရှိ နေပါတယ်။
ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နမ့်လုံ၊ နန့်ဆန်ရန်၊ လွယ်မောက်၊ ဒေါ့ဖုန်းရန်၊ စတဲ့ ကျေးရွာပေါင်း ၈၁ ရွာက ဒုက္ခသည်တွေ ခုံလှုံနေတာပါ။ လက်ရှိမှာတော့ အိမ်ခြေ ၁၆၇၀ နဲ့ လူဦးရေ ၈၀၀၀ ကျော်ရှိ နေပါတယ်။
ဂျာယန်း ဒုက္ခသည်စခန်းကို လက်တလောမှာ
အိမ်ခြေ ၁၀၀ ခန်.ပြောင်းရွှေ့လာပြီး စခန်းမှာရှိတဲ့ အိမ်ခြေ ၇၀၀ ခန့်ကိုလည်း
ဆောက်လုပ်ဖို့ လိုနေတယ်လို့ ဦးဇော်ဒွဲက ပြောပါတယ်။
၂၀၁၁ ခု ဇွန်လ ၉ ရက်နေ့ကစပြီး
မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လွပ်ရေးတပ်မတော် အကြား
တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့မူကြောင့် ကချင်လူထု ၁ သိန်း ၂ သောင်း ကျော်
မိမိနေရပ်စွန်ခွာ ထွက်ပြေးနေကြရပြီး အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ
နေထိုင်နေကြတာဖြစ်ပါတယ်။

Post a Comment