Latest Movie :
Home » » ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကုလာဘင်္ဂါလီများ ရခိုင်းရွာနင့် အိမ်များကို မီးရှိုး ဖျက်ဆီးခြင်း အခြေအနေ နင့် နောက်ဆုံးရ သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကုလာဘင်္ဂါလီများ ရခိုင်းရွာနင့် အိမ်များကို မီးရှိုး ဖျက်ဆီးခြင်း အခြေအနေ နင့် နောက်ဆုံးရ သတင်းများ

{[['']]}

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကုလာဘင်္ဂါလီများ ရခိုင်းရွာနင့် အိမ်များကို မီးရှိုး ဖျက်ဆီးခြင်း အခြေအနေ နင့် နောက်ဆုံးရ သတင်းများ

Eleven Media Group Friday, 08 June 2012 14:39
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်း ရရှိပါသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။

ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။


ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။
ညနေ ၆ နာရီ ၃၀ မိနစ်
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။

 ညနေ ၆ နာရီ ၃၅ မိနစ်
ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်နေကြောင်း  နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။

ည ၇ နာရီ ၄၀ မိနစ်
မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က  ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။

ည ၇ နာရီ ၅၂ မိနစ်
လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။

ည ၇ နာရီ ၅၈ မိနစ်
မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။

ည ၈ နာရီ ၁၆ မိနစ်
ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးထံမှ သိရှိရသော သတင်းအရ မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ထုတ်ပြန်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။

ည ၈ နာရီ ၄၀ မိနစ်
ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။ 
၎င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။

ည ၈ နာရီ ၅၄ မိနစ်
မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။

ည ၈ နာရီ ၅၉ မိနစ်
မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။
နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင်
''ယနေ့ မောင်တောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ။သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ။လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံး။
ဒဏ်ရာရရှိသူများကို မောင်းတောဆေးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့။'' ဟု ယနေ့ ည ၈ နာရီ ၃၅ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။  
ည ၉ နာရီ
ယနေ့ည ရှစ်နာရီ အချိန်က ထုတ်လွှင့်ခဲ့သော နိုင်ငံပိုင်မီဒီယာများ၏ သတင်းအစီအစဉ်တွင် ယနေ့ဖြစ်ပွားသော မောင်တောအရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက် ကျူးလွန်သူ တရားခံ ၃ ဦးအား တရားရုံးထုတ် စစ်ဆေးသည့် သတင်းကိုသာ ထုတ်ပြန်သွားခဲ့ကြောင်း သိရသည်။

ည ၉ နာရီ ၁၂ မိနစ်
မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် Breaking News အနေဖြင့် ည ၉ နာရီ ၅ မိနစ် အချိန်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger