Latest Movie :
Home » » တာနင်းလာသည့် အစိုးရတပ်မတော်စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

တာနင်းလာသည့် အစိုးရတပ်မတော်စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

{[['']]}

တောနင်းလာသည့် အစိုးရတပ်မတော်စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

23 August 2014 21:30(+0630)

ဩဂတ်စ် ၂၂ ရက် ၂၀၁၄

၂၀၁၄ ဩဂတ်စ် ၂၂ ရက် နံနက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် တောနင်းလှုပ် ရှား သည့် အစိုးရတပ်မတော် စစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် အကြားတိုက်ပွဲ တနာရီခန့်ဖြစ်ပွားခဲ့သည်ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ၁၅ ခန့် အကွာရှိ ဝမ့်ဝပ်၊ ပန်စယ်ကျေးရွာအုပ်စုဘက် အခြေချ လှုပ်ရှားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ကြောင်း တစ်ကြောင်း က သျှမ်းပြည်တပ်တပ်မတော် SSPP SSA ၏ အမှတ် ၁ ဌာနချုပ်လုံခြုံရေးတပ်ရင်းမှ လက်အောက်ခံတပ် စစ်ကြောင်းများအားတောနင်း၍ ပိုက်စိပ်တိုက်ရှာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တပ်မတော် တပ်မှူး တဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဖြစ်အောင်လုပ်နေတာ။ ကျနော်တို့ဒေသ၊ ကျနော်တို့ရွာ၊ ရွာပျက်မှာစိုးလို့ ရွာနားတောင် ကျနော်တို့ မကပ်ဘူး။ ဒါကို လူထုကိုရိုက်နှက်စစ်ဆေးပြီး ကျနော်တို့သတင်းတွေကိုမေးတယ်။ ပန်စယ် ဘက်ကနေ လွယ်ယွဲ ဘက်တောနင်းလာတာ။ မနေ့က တိုက်ပွဲက ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေ၊ စက်သေ နတ်တွေနဲ့ ရမ်းထုနေတဲ့ အချိန်နဲ့ပေါင်းရင် တနာရီကျော်ကြာမယ်ထင်တယ်” - ဟု အဆိုပါ အမည် မဖေါ်လို သည့် ရှေ့တန်းရောက်တပ်မှူးကပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဘက် သေကြေကျဆုံးမှု မရှိကြောင်း၊ အစိုးရ တပ်မ တော် ဘက်ကသေကြေဒဏ်ရာရမှုသတင်းမသိရသေးကြောင်း၊ သို့သော် ၎င်းတို့၏ ကျောပိုးအိပ် ၄ လုံး ကျနေခဲ့ကြောင်း SSPP ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစိုင်းဆေတိုင်းက ပြောသည်။

အစိုးရ တပ်မတော်ကာကွယ်ရေး ဒု ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့် က - ဝမ့်ဟိုင်း SSA အနေဖြင့် အဆိုပါ ဒေသ အတွင်းမှ တပ်ဆုပ်ပေးရန် လုံလောက်သော ချိန်ပေးထား သည် - ဟု ဂျူလိုင်လလယ်ပိုင်းက လွှတ် တော်အတွင်း ပြောကြားသည်။

သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့် ဒုဗိုလ်မှူးကြီးစိုင်းလှ က - သျှမ်းပြည်တပ်မတော်အနေဖြင့် ဇာတိချက် ကြွေမွေးရပ်မြေ ဖြစ်သောကြောင့် အဆိုပါ ဒေသအတွင်းမှ တပ်ဆုတ်၍မရဟု သျှမ်းသံတော် ဆင့် သို့ပြောဖူး သည်။ အဆိုပါတိုက်ပွဲဖြစ်ပွါးနေသောဒေသသည် SSPP ဗဟိုဌာနချုပ်နှင့် ၁၀ မိုင်ကျော်သာ ကွာဝေးပါသည်။

တဖက်ကလည်း အစိုးရတပ်မတော်သည် ကျေးသီးမြို့နယ် တာ့ဖာဆောင်ရွာအတွင်း (ဝမ့်ဝပ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်နေသော) ဒေသခံများ၏ နေအိမ်များသို့တက်နေကာ ၎င်းတို့၏ ခံတပ်တခုအဖြစ်အသုံးပြုနေသဖြင့် စစ်ဘေးရှောင် များ နေရပ်သို့ မပြန်နိုင်သေးကြကြောင်း မြို့ခံများကပြောသည်။

ဦးသိန်းစိန်အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပြည်လုံးအပစ်ခတ်ရပ်စဲရေး ကြိုးပမ်း နေသော်လည်း အစိုးရတပ်မတော်ကမူ သျှမ်းပြည်မြောက်ပိုင်းအတွင်း အင်အားဖြည့် လှုပ်ရှားနေသောကြောင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် သျှမ်းပြည်တိုးတက်ရေးပါတီ နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ် ရေးထိုးစဉ် UPWC ဒုဥက္ကဌ(၂) ဦးသိန်းဇော် မှ‘ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး တပ်နှုတ်ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည် တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်ထံသို့ နှုတ်ကတိပေးခဲ့ဖူးသော်လည်း တပ်မဆုပ်ပေး သည့် အပြင် အင်အားတိုးချလှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု SSPP အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese?fref=nf

ဓါတ်ပုံ - SSPP/SSA ထိန်းချုပ်နယ်မြေဘက်သို့ အင်အားဖြည့်တင်းလာသော မြန်မာ့တပ်မတော်

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger