Latest Movie :
Home » » တကယ့် အဖြစ် ဆိုတာ

တကယ့် အဖြစ် ဆိုတာ

{[['']]}


တကယ့် အဖြစ် ဆိုတာ
အစ်ကို အောင်ဦး ခင်ဗျာ ။ အစ်ကိုနှင့် အဖွဲ့ လာစဉ်က ကျနော်တို့ ဆင်းရဲသား နေရာတွေကို အစ်ကိုတို့ ကိုယ်တိုင် လာရောက်ခဲ့တာ ကျနော်နှင့် တကွ နယ်မြေခံများက အစ်ကိုတို့ မိသားစုနှင့် အစ်ကိုတို့ တတ်နိုင်သမျှ ကူညီခဲ့တာကို ကျေးဇူးတင် ပါတယ် ။ အစ်ကို တခြား နယ်မြေတွေ သွားပြီး ကူညီတာတွေကို တွေ့ရ ကြားသိ ရပါတယ် ။
အစ်ကိုတို့ ဂိုရှယ်လေး အဖွဲ့နှင့် ကျန် လူများ အစ်ကိုတို့တွင် ဘယ်လောက် အင်အား ရှိတယ်ဆိုတာ မသိပါ ။ လူတွေ အတော်များများက မိမိတို့ မြို့ရွာ နီးစပ်ရာ ကူညီခဲ့ကြတာကို သိရပြီး တကယ် ဆင်းရဲသားတွေ အခက်ခဲရှိတာတွေ လက်တွေ့မှာ အစ်ကိုတို့လို ကူညီ သူတွေ နည်းပါး ပါတယ် ။
ကျနော်တို့ ဆင်းရဲသားတွေရဲ့ ဘဝကို ကျနော် ရင်ဖွင့် ပါရစေ ။ အစ်ကို ကျွန်တော် ရေးတဲ့ စာကို ပြင်ဆင် တင်ပေးပါ ။ ကျနော်တို့ရဲ့ ဘဝက တယ်လီဖုန်း ဆိုတာ အသာထား ၊ စားဖို့တောင် အနိုင်နိုင် ပါ ။ ဖေ့ဘုတ် ဆိုတာ ဘာမှန်း မသိ ၊ အချိန်ပေး ကြည့်ဖို့ အတွက် ငွေ မရှိ ပါ ။ ရည်းစား ဆိုတာ အနီး အနားမှာ ရှာဖို့ ဆိုတာထက် ကိုယ့် ဘဝရဲ့ မိသားစု ဘဝကို အသက် ဆက်ဖို့ အတွက် ရုန်းကန် နေရတာမို့ အနားရှိတဲ့ ဘဝတူ တွေတောင် လှည့်ကြည့် မခံရဘူး ။ ကျနော်တို့လို မရှိတဲ့ ဆင်းရဲ နုံချားတဲ့ ဘဝသမားတွေ အတွက် အချိန်ရ ၊ အလှဆင် ၊ ငွေသုံး ၊ အချိန်ဖြုန်းသူတွေကို ပျော်တော်ဆက် မယားသာသာ ပေးဆက်ခံ ဖြစ်တယ် ။
ဘဝ အတွက် အချစ်ငတ် မေတ္တာငတ် ကြင်ဖော် အားကိုး ရိုးသားစွာ ရှာခဲ့တဲ့ ရုန်းကန်တဲ့ ဆင်းရဲသား မိန်းကလေးများ ကြိုးစားရင် ဘဝ မလှ ခဲ့ကြဘူး ။ အစ်ကို ကျနော်တို့က ပန်းတော်ကျတောင် ကံပေါ်မှ ရကြ ရတာပါ ။ မျှော်ကြည့်စရာ အပျော် မရှိတဲ့ ကမ္ဘာထဲမှာ ခြင်ကိုက် ဝဲစွဲ ၊ ရုပ်ဆိုး ၊ ပုတ်သိုးတဲ့ ရေအိုင်ကြားမှာ နေထိုင် သွားနေ ရတာ ပါ ။
ရရာ အလုပ် ပေးသမျှနဲ့ လုပ်ရပြီ နေနေ ရလဲ အခြေမလှတဲ့ အခါ ထုတ်ပစ်တာ ခံရ ၊ ဖြုတ်ပစ်တာ ခံရ ၊ လုပ်ချင်တာ လုပ်သလို ခံရတဲ့ ဘဝတွေ ပါ အစ်ကို ။ အစ်ကိုတို့ ပြန်လာ ကြမှာ လား ။ တိုင်းရင်းသား ပြည်သူတွေ အတွက် ဘယ်သူ ၊ ဘယ်ဝါတွေက အစ်ကိုတို့လို ကြည့်နေမှာ လဲ ။ ကျနော်က အားကိုး အချောင် စားဖို့ မေးတာ မဟုတ်ဘူး အစ်ကို ။ အစ်ကို မြေဝယ်ပြီး ၊ တခြား ရင်းနှီး စားလို့ ရတဲ့ အစ်ကိုရဲ့ အမေ ပေးခဲ့တဲ့ ငွေကို ကျွန်တော်တို့ အတွက် လုပ်ငန်းလေးတွေ အရင်း ထောင်ပေး ခဲ့တယ် ။ ကျနော်က အစ်ကို အရမ်း ချမ်းသာလို့ ဖင်ခေါင်ကျယ် ဆရာကြီး လုပ်ဟန် ထုတ်သွားတယ် ထင်ခဲ့ ပါတယ် ။
နောက်မှ အစ်ကို ပြန်သွားတဲ့ အချိန်မှ အလုပ်လေး ၂လ ကျော်တဲ့ အခါ အဆင် နည်းနည်း ပြေလာတော့ စားဖို့ကို မပူရတော့ ဘူး ။ အစ်ကိုရဲ့ အမေ အိမ်ကို သွားစုံစမ်း ကန်တော့ မိတော့မှ အကြောင်းစုံ သိရလို့ ဝမ်းနည်း မိပါတယ် ။ အစ်ကို့ကို တောင်းပန်ရင်း ဒီစာကို ရေးလိုက် ရတာ ပါ ။ ဖြန့်ဝေ ပေးပါ အစ်ကို ။
အစ်ကို အမေလည်း အချမ်းသာကြီး မဟုတ် ပေးမယ့်လည်း ရသမျှ စုပြီး လှုဒါန်း လုပ်ကိုင်တာကို တွေ့ရတော့ ကျနော် အစ်ကိုတို့ မိသားစုကို ပိုပြီး လေးစား မိတယ် အစ်ကို ။ အမေ့ဆီ အစ်ကို လာနေရင် နေဖို့ စားဖို့ အတွက် အစ်ကို့ အမေက အစ်ကို အတွက် စုထားတာလေးတွေကို ကျနော်တို့နဲ့ အခြား နေရာမှာ ကူသွား ခဲ့တာသိရလို့ ကြည်နူး ဝမ်းသာ စိတ်မကောင်း ဖြစ်ရ ပါတယ် ။
အစ်ကိုရဲ့ လူမှုရေး အဆင်မပြေတာ ကြာလိုက် ရတယ် ။ နေမကောင်းတာ ကြားရတယ် ။
အစ်ကို့ရဲ့ ဘဝကို သနားတယ် ။ အစ်ကို ၊ ကျနော်တို့ ကြိုးစားပြီး အစ်ကို့ရဲ့ ခြေရာ အတိုင်း တစ်ခြားနေရာတွေမှာ အစ်ကို့လို လုပ်ပေးနိုင်အောင် လုပ်ပေးဖို့ ကြိုးစား နေပါတယ် ။ ဝါကျွတ်ရင် အလှု တစ်ခု လုပ်ပေးခဲ့ရင် အစ်ကိုနဲ့ အစ်ကို့ အမေ အတွက် တွဲပြီး လုပ်နိုင်အောင် ကြိုးစားမယ် ။
အစ်ကိုတို့ သူငယ်ချင်တွေ ပြန်လာမှာ မျှော်နေတယ် ။ တိုင်းရင်းသား ပြည်သူ့ အတွက် ကျောသားရင်သား မခွဲခြား ဘဲ ၊ အစ်ကိုက မကျန်းမာတဲ့ ကြားထဲကနေ လုပ်ပေး သွားတယ် ။ ဆက်ပြီး ဘာတွေ လုပ်ပေး အုံးမလဲ ။ ဆက်လက်ပြီး လက်တွဲဖို့ စောင့်နေတယ် ။ တကယ် လက်တွေ့ ဘဝမှာ ကျွန်တော်တို့လို ဆင်းရဲသား ဘဝတွေက ကွန်ပျူ တာဆိုင် ထိုင်ဖို့ အတွက်ကို ငွေ မရှိတာ ၊ အချိန် မပေးနိုင်တာ ၊ ဘဝ အတွက် ထမင်း တစ်လုတ်ကို ဦးစား ရှာဖွေ ၊ စားသောက် နေရတာတွေကို သိအောင် ပြောပေး ပါ အစ်ကို ။ ပြောပြချင်လွန်းလို့ ဆိုင်က အစ်ကို တစ်ယောက်ကို အကူအညီ တောင်းပြီး ဒီစာကို ပို့လိုက် ရတာ ပါ ။ မနက်စာ ၃၀၀ ကျပ်ကို အငတ် ခံပြီး အစ်ကိုတို့ဆီ ဒီစာကို ပို့လိုက် ရပါတယ် ။
ပျော်ရွှင် စိတ်ချမ်း သာပါစေ...

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger