Latest Movie :
Home » » သူနဲ့ကျနော်

သူနဲ့ကျနော်

{[['']]}

သူနဲ့ကျနော်

သူနဲ့ကျနော်နဲ့
မယ်လ FSP ကျောင်းမှာ
စတင်တွေ့ကြ ပေါင်းသင်းကြရင်း
ရင်းနှီးခင်မင်ခဲ့ကြတယ်။
လကုန်ရင်သူကခေါ်လို့
ဘီယာဆိုင်သို့သွားဘို့
အကြောင်းဖန်လာတယ်။
လကုန်ရင်သူကမခေါ်လို့
ကျနော်ကလက်တို့
ဘီယာဆိုင်သို့သွားဘို့
အကြောင်းဖန်လာပြန်တယ်။
ရင်းနှီးပေါင်းဖော်၊ ခင်မင်သော်လည်း
သူနဲ့ကျနော်ကြား
ကွာခြားချက်ကအများသား။
ဥပမာ
သူကသွားခေါခေါ
ကျွန်နော်ကခန့်ချော (မယုံမရှိနဲ့)
သူကအသားမဲမဲနှုတ်ခမ်းမွှေးကားကား
ကျနော်ကဗိုက်ရွှဲရွှဲ သနားကမား (ဟဲဟဲ)
သူကအိန္ဒိယမှဘီအေ
ကျွန်တော်ကရွာဦးကျောင်းမှာ အသုံးလုံးမကြေ
သူက တလ လေးထောင်စား
ကျနော်ကတနှစ်မှသုံးထောင်သမား
သူကကျောင်းသွားရင်ဆိုင်ကယ်နဲ့
ကျနော်ကညှပ်ဖိနပ် ကျွဲတဖက်နွားတဖက်။
သူနဲ့ကျနော်ကြား
ကွာခြားချက်ကအများသား
ဒါပေမဲ့ သူနဲ့ကျနော်နဲ့
တူညီတဲ့အချက်၊ တခုတော့ရှိလေရဲ့....
အဲဒါကဘာလဲဆိုတော့
ကျနော့်ခမျာ
မူးမူးနဲ့ပြန်လာ၊ အိမ်အရောက်မှာ
ကျနော့်မိန်းမက၊ အသံပြတ်ပြတ်နဲ့
“အနားလာမကပ်နဲ့၊ အိမ်ရှေ့မှာသွားအိပ်” တဲ့။
သူ့ခမျာ
မူးမူးနဲ့ပြန်လာ၊ အိမ်အရောက်မှာ
သူ့ဆရာမက၊ အသံပြတ်ပြတ်နဲ့
“အနားလာမကပ်နဲ့၊ ဖိနပ်ချွတ်မှာသွားအိပ်” တဲ့.. ကဲ။
ဒီလိုနဲ့
သူနဲ့ကျနော်နဲ့၊ ပေါင်းဖက်
လကုန်ရက်မျှော်လျက်၊ တရက်ပြီးတရက်…..။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger